ပို့ကုန်သွင်းကုန်သတင်းလွှာအမှတ် ၁၇/၂၀၂၀ (Myanmar Tradenet 2.0 စနစ် စတင် အသုံးပြုမည့် အခြေအနေအား အသိပေးထုတ်ပြန်ခြင်း)

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနသည် ကုန်သွယ်မှုလုပ်ငန်းများ လွယ်ကူလျင်မြန်ချောမွေ့စေရန် ရည်ရွယ်၍ ကုန်သွယ်မှုလုပ်ငန်းများအတွက် ထောက်ခံချက်ပေးသည့်လုပ်ငန်းများအပါအဝင် လိုင်စင်စနစ်နှင့်ဆက်စပ်လုပ်ငန်းများအား Online စနစ်ဖြင့် ဆောင်ရွက်နိုင်ရန် Myanmar Tradenet 2.0 စနစ်အား ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ (၁) ရက်နေ့မှစ၍ အဆင့်အလိုက် အသုံးပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းလွှာ အမှတ် ၁၇/၂၀၂၀ ကို ၂၈-၁၀-၂၀၂၀ ရက်နေ့တွင် ထုတ်ပြန်ကြေငြာလိုက်သည်။
ကုန်သွယ်မှုလုပ်ငန်းများအနေဖြင့် Tradenet Member အဖြစ် ၁-၁၁-၂၀၂၀ ရက်နေ့၌ Tradenet 2.0 (https://www.myanmartradenet.com/?locale=en ) တွင် စတင်လျှောက်ထားရမည်ဖြစ်သည်။
ပြီးနောက် Tradenet Member များအနေဖြင့် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်နှင့် ဆက်စပ်မှတ်ပုံတင်လျှောက်ထားခြင်းကို ၁၆-၁၁-၂၀၂၀ ရက်နေ့မှစ၍ လျှောက်ထားရမည်ဖြစ်သည်။

  • အဖွဲ့အစည်း ကုန်သွယ်ရေးဦးစီးဌာန
  • ကဏ္ဍ Import/Export

file_downloadဒေါင်းလုပ်

Related Documents

ဖိုင်အမည် ဘာသာစကား ဖိုင်အရွယ်အစား ဒေါင်းလုပ်
ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သောသတင်းလွှာ ၁၈/၂၀၂၀ (Myanmar Tradenet 2.0 စနစ် စတင်မည့် (၁-၁၁-၂၀၂၀) ရက်နေ့မှစ၍ ကုန်သွယ်မှုဆိုင်ရာ ဝန်ဆောင်ခနှုန်းထားများ ပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ခြင်း) Myanmar 1.08MB file_downloadဒေါင်းလုပ်