ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်များအား သက်တမ်းယာယီတိုးမြှင့်ပေးမည့် အစီအစဉ် နှင့် ပတ်သက်သော သတင်းလွှာ (၄/၂၀၂၀)

ကမ္ဘာနှင့်အဝှမ်းဖြစ်ပေါ်လျက်ရှိသော Coronavirus Disease 2019 (COVID – 19) ကြောင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်မှုလျော့နည်း သက်သာစေရန်နှင့် ရုံးလုပ်ငန်းများတွင် လူအချင်းချင်း ထိတွေ့ဆောင်ရွက်မှုများအား လျှော့ချနိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် (၂၇-၄-၂၀၂၀) ရက်နေ့မှ  (၃၀-၇-၂၀၂၀) ရက်နေ့ အတွင်း သက်တမ်းကုန်ဆုံးမည့် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်များအား ကုမ္ပဏီလုပ်ငန်းရှင်များ၊ ကိုယ်စားလှယ်များအနေဖြင့် ရုံးသို့ကိုယ်တိုင် လာရောက်လျှောက်ထားရန်မလိုအပ်ဘဲ Registration စနစ်မှ (၃၁-၇-၂၀၂၀) ရက်နေ့အထိ သက်တမ်းယာယီတိုးမြှင့်ပေးမည့် အစီအစဉ် နှင့် စပ်လျဉ်း၍ သတင်းလွှာ (၄/၂၀၂၀) ထုတ်ပြန်ခြင်းအပေါ် သိရှိဆောင်ရွက်နိုင်ပါရန် ပူးတွဲပါအတိုင်း ထုတ်ပြန်ကြေညာအပ်ပါသည်။

  • အဖွဲ့အစည်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
  • ကဏ္ဍ Import/Export

file_downloadဒေါင်းလုပ်