ပို့ကုန်သွင်းကုန်နှင့် ပတ်သက်သောသတင်းလွှာ ၂/၂၀၂၀

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းအရည်အသွေးမြင့်ထုတ် ကုန်များကို ပြည်ပဈေးကွက်သို့ ချဲ့ထွင်တင်ပို့ခြင်းအားဖြင့် ထုတ်လုပ်နိုင်စွမ်းကိုမြှင့်တင်ရန် အတွက်လည်းကောင်း၊ ပြည်ပဈေးကွက်ပိုမိုရရှိရန်အတွက်လည်းကောင်း၊ ထုတ်လုပ်သူများ၏ ရောင်းဈေးပိုမိုရရှိရန်အတွက်လည်းကောင်း ရည်ရွယ်၍ နိုင်ငံခြားကုမ္ပဏီများနှင့် နိုင်ငံခြား ဖက်စပ်ကုမ္ပဏီများအား ကုန်ပစ္စည်းအုပ်စု (၇) မျိုးကို လုပ်ထုံးလုပ်နည်းသတ်မှတ်ချက်များ ဖြင့် ထုတ်လုပ်သူများထံမှ တစ်ဆင့်ဝယ်ယူ၍ ပြည်ပသို့တင်ပို့ခွင့်ပြုကြောင်းကို အမိန့်ကြော်ငြာစာ  အမှတ် ၂၄/၂၀၁၉ ဖြင့် အသိပေးထုတ်ပြန်ခဲ့ပါသည်။ (www.myanmartradeportal.gov.mm/en/legal/257)
ထိုသို့ ပြည်ပသို့တင်ပို့ခွင့်ပြုခဲ့သည့် ကုန်ပစ္စည်းအုပ်စု (၇) မျိုးတွင် တစ်ဆင့်မြင့်ပြုပြင် ထုတ်လုပ် ထားသော ကောက်ပဲသီးနှံများ ပါဝင်ပြီး အဆိုပါ ကုန်စည်များကို ပြည်ပသို့ တင်ပို့မည့် နိုင်ငံခြား ကုမ္ပဏီများနှင့် နိုင်ငံခြားဖက်စပ်ကုမ္ပဏီများအနေဖြင့် ရှင်းလင်းစွာသိရှိဆောင်ရွက်နိုင်ရန် အတွက် ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းတို့အတွက် တစ်ဆင့်မြင့်ပြုပြင်ထုတ်လုပ်နိုင်သော ထုတ်ကုန် အခြေအနေများကို ပူးတွဲပါအတိုင်း ထုတ်ပြန်ကြေညာအပ်ပါသည်။

  • အဖွဲ့အစည်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
  • ကဏ္ဍ Import/Export

file_downloadဒေါင်းလုပ်