သတင်းလွှာအမှတ်၊ ၆/၂၀၁၉ (အမိန့်ကြော်ငြာစာအမှတ် ၂၃/၂၀၁၉ အရ လက်လီ/ လက်ကားရောင်းချခွင့် မှတ်ပုံတင်လျှောက်ထားရန် ကြေငြာခြင်း)

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် အမိန့်ကြော်ငြာစာအမှတ် ၂၃/၂၀၁၉ ကိုထုတ်ပြန် ၍ ကုန်ပစ္စည်းအုပ်စု (၆) မျိုးဖြစ်သည့် ဓာတ်မြေဩဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေး၊ ဆေးရုံသုံးကိရိယာများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် လယ်ယာသုံးစက်ကိရိယာများစသည့်တို့ကို တင်သွင်းရောင်း ချခြင်း ဆောင်ရွက်လျက်ရှိသော ၁၀၀% နိုင်ငံခြားကုမ္ပဏီနှင့် မြန်မာနိုင်ငံသားနှင့် နိုင်ငံခြားသားပေါင်း စည်းဆောင်ရွက်သည့်ကုမ္ပဏီများအနေဖြင့် လက်လီ/လက်ကားရောင်းချခွင့် မှတ်ပုံတင်ခြင်းကို ယင်း အမိန့်ကြော်ငြာစာထုတ်ပြန်ပြီးရက်ပေါင်း ၉၀ အတွင်း လျှောက်ထားရန် ခွင့်ပြုပေးခဲ့ပြီးဖြစ်ပါသည်။

အဆိုပါ အမိန့်ကြော်ငြာစာအရ မှတ်ပုံတင်လျှောက်ထားရန် သတ်မှတ်ရက်မှာ ၁၈-၈-၂၀၁၉ ရက် နေ့တွင် ကျော်လွန်ခဲ့ပြီးဖြစ်ပါသဖြင့် အပိုဒ်(၁) ပါ ကုမ္ပဏီများအနေဖြင့် လက်လီ/လက်ကား မှတ်ပုံမတင်ရသေး ပါက ကုန်ပစ္စည်းအုပ်စု (၆) မျိုးအား တင်သွင်းရောင်းချခွင့်ပြုမည် မဟုတ်ပါ။ သို့ သော်လည်း အဆိုပါ ကုမ္ပဏီများအနေဖြင့် လက်လီ/လက်ကားရောင်းချခွင့်မှတ်ပုံတင်ကို သတ်မှတ်ချက်များနှင့်အညီ လျှောက် ထားရယူမည်ဆိုပါက လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

  • အဖွဲ့အစည်း ကုန်သွယ်ရေးဦးစီးဌာန
  • ကဏ္ဍ Import/Export

file_downloadဒေါင်းလုပ်