သတင်းလွှာ ၃/၂၀၁၈ (လက်လီ/ လက်ကားရောင်းချခွင့်ပြုသော ကုန်စည်စာရင်းထုတ်ပြန်ခြင်း)

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် နိုင်ငံခြားကုမ္ပဏီ၊ မြန်မာနိုင်ငံသားနှင့် နိုင်ငံခြားသားပေါင်းစည်းဆောင်ရွက်သည့် ကုမ္ပဏီများအား ပြည်တွင်းတွင် လက်လီ/ လက်ကားရောင်းခွင့်ပြုကြောင်း အမိန့်ကြော်ငြာစာအမှတ် ၂၅/၂၀၁၈ ဖြင့်ထုတ်ပြန်ခဲ့ပြီး အဆိုပါအမိန့်ကြော်ငြာစာအရ နိုင်ငံခြားကုမ္ပဏီ၊ မြန်မာနိုင်ငံသားနှင့် နိုင်ငံခြားသားပေါင်းစည်းဆောင်ရွက်သည့် ကုမ္ပဏီများအား ပြည်တွင်းတွင် လက်လီ/ လက်ကားရောင်းခွင့်ပြုသည့် ကုန်ပစ္စည်းအုပ်စုများကို ဤသတင်းလွှာဖြင့် သတ်မှတ်ထုတ်ပြန်လိုက်သည်။ လက်လီ/ လက်ကားရောင်းချခွင့်ပြုသည့် ဦးစားပေးကုန်စည်စာရင်းအား နိုင်ငံ၏လိုအပ်ချက်ပေါ်မူတည်၍ အခါအားလျော်စွာ ပြန်လည်ပြင်ဆင်ထုတ်ပြန်သွားမည်ဖြစ်ပါသည်။

  • အဖွဲ့အစည်း ကုန်သွယ်ရေးဦးစီးဌာန
  • ကဏ္ဍ General

file_downloadဒေါင်းလုပ်