ပြည်မတ်ပဲ ဝယ်လိုအားရှိသလောက် အရောင်းအဝယ်ဖြစ်ကာ ဈေးလည်းမြင့်တက်လာ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်း မိုးစပါးပြီး လျှင် ဆောင်းသီးနှံအဖြစ် အဓိကထားစိုက်ပျိုးသော မတ်ပဲ သီးနှံသည် နှစ်စဉ်စိုက်ဧက တစ်သိန်းကျော်စိုက်ပျိုးကြပြီး အခြားပဲများကိုတော့ စိုက်ဧက အနည်းငယ်သာ စိုက်ပျိုး ကြပါတယ်။ ဈေး
ကွက်အတွင်းမှာဆိုရင်လည်း မတ်ပဲဟာ ၂၀၁၅ နှစ်ကုန်ပိုင်းလောက်မှလွဲ၍ ကျန်နှစ်များမှာတော့ တစ်နှစ်တာလုံး အရောင်းအဝယ်
ဖြစ်တဲ့ပဲ ဖြစ်ခဲ့ပါတယ်။ ၂၀၁၅ နှစ်ကုန်ပိုင်းတွင် ပဲလက်ကျန်မရှိတော့အောင်ဖြစ်ခဲ့ရခြင်းမှာ ပဲဈေးနှုန်းများ စံချိန်တင်မြင့်တက်ခဲ့တဲ့
အတွက် လက်ဝယ်ရှိသမျှ ထုတ်ရောင်းချခဲ့သလို မျိုးပဲများလည်း ဝယ်ယူချိန်ဖြစ်ခဲ့လို့ အရောင်းအဝယ်ဖြစ်မှုများခဲ့တယ်လို့ သိရပါ
တယ်။၎င်းရာသီတွင် မတ်ပဲတစ်တင်းလျှင် ခုနစ်သောင်း ကျော်အထိ ဈေးမြင့်တက်ခဲ့ပြီး မျိုးပဲဝယ်ယူစိုက်ပျိုးသူများ အနေဖြင့်လည်း
 ဈေးအမြင့်နဲ့ ဝယ်ယူစိုက်ပျိုးခဲ့ကြရတယ်လို့ သိရပါတယ်။ ဒါကြောင့် ယခင်နှစ်များကထက် စိုက်ပျိုးထုတ်လုပ်မှုစရိတ်များ ပိုမိုကုန်ကျ
ခဲ့တဲ့အတွက် ပဲသစ်ပေါ်ချိန်မှာ ဈေးကောင်းရသလို အထွက်နှုန်းလည်း ကောင်းမှသာ အကျိုးအမြတ်ရရှိမယ်လို့ ခန့်မှန်းပြီး စိုက်ပျိုးခဲ့
ကြတယ်လို့ တောင်သူများထံမှ သိရပါတယ်။ ဒါပေမယ့် ပဲသစ်ပေါ်ချိန်က မတ်ပဲဈေးမှာ တစ်တင်း ကျပ် ၅၉၀ဝ၀ နဲ့ ဈေးဖွင့်ခဲ့တဲ့အ
တွက် ပဲဟောင်းဈေးကို မမီသော်လည်း ယခင်နှစ်တွေက ပဲသစ်ပေါ်ချိန် ဈေး နှုန်းများထက် ဈေးကောင်းရခဲ့ကြပါတယ်။ ယခုနှစ် ပဲစိုက် တောင်သူများအနေနဲ့ ထိုက်သင့်သလောက် ဈေးကောင်းရခဲ့သလို ပဲအထွက်နှုန်းလည်း ကောင်းမွန်ခဲ့တာကြောင့် အကျိုး
အမြတ်များရရှိခဲ့ကြသလို ဝင်ငွေများတိုးပွားခဲ့ကြတာကိုလည်း တွေ့ ရပါတယ်။ ယခုနှစ် ပဲပေါ်ချိန်မှစ၍ ယခုအချိန်အထိ ပဲဈေးမှာ ပဲအထွက်လှိုင်ချိန် ဖေဖော်ဝါရီ၊ မတ်လများက ဈေး အနည်းငယ်ပြန်အေးသွားခဲ့တာကလွဲ၍ ယခုအချိန်မှာလည်း ပဲဈေးမှာ တစ်တင်း
ကျပ်ငါးသောင်း အထက်ရရှိနေခဲ့သလို ယခုရက်ပိုင်းမှာ ပဲဈေးအတက်ဘက် ဦးတည်လာတဲ့အတွက် ကျပ်ခြောက်သောင်းနီးပါး ရရှိလာခဲ့ကြတာကို တွေ့ရပါတယ်.။၂၀၁၅ခုနှစ်ဇွန်လက ဈေးနှုန်းမှာ တစ်တင်း ၄၁၉၀ဝ ကျပ်မှကျပ် ၄၄၅၀ဝသာရရှိလို့ကျပ်ငါး
သောင်းအောက်အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဈေးကောင်းရနေခဲ့တယ်ဆို သော်လည်း ယခုနှစ်မှာတော့တစ်တင်းတစ်သောင်းခန့်
 ဈေးပိုရလာခဲ့ပါတယ်။တချို့ တောင်သူများနဲ့ သိုလှောင်သည့်သူများလည်း ထုတ်ရောင်းချသူများရှိသလိုတက် ဈးမျှော်ကာသိုလှောင်
သူများလည်း ဆက်လက် ရှိနေခဲ့ ကြတယ်လို့သိရပါတယ်။ ဒါကြောင့် ပြည်ပဲဈေးကွက်မှာ ရန်ကုန်ဝယ်လက်က တစ်ရက်ကို အိတ် ၅၀ဝ ကျော် ဝယ်ယူနေကြတဲ့အတွက် အရောင်းအဝယ်ဖြစ်ခဲ့သလို ဈေးကလည်း ပဲဈေးကွက်အတွင်း အမြင့်ဆုံးရနေကာ မျက်နှာပန်း
လှတဲ့ ပဲသီးနှံဖြစ်ခဲ့ပါတယ်။ ပြည်ပဝယ်လိုအားရှိတဲ့ ပဲစင်း ငုံသီးနှံကလည်း ဈေးမြင့်တက်လာခဲ့တာကြောင့် မတ်ပဲနဲ့ ပဲစင်းငုံသီးနှံ
ဟာ ဈေးပြိုင်မြင့်တက်ခဲ့ပေမယ့် မတ်ပဲသီးနှံက လက်ကျန်လည်းရှိသလို ပဲအဝင်လည်း ဆက်ရှိနေခဲ့ပြီး ဝယ်လိုအားရှိသလောက် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရပါတယ်။

Agency Ministry of Foreign Affairs
Category General