မုံရွာကုန်စည်ဒိုင် ဇွန်ပထမပတ် ပဲဈေးကွက်မှာ ငုံနီနဲ့စိမ်းကြီးဈေးအနည်းငယ်တက်လာ

မုံရွာကုန်စည်ဒိုင် ဇွန်ပထမပတ်ပဲဈေးကွက်မှာ ပြည်ပဝယ်လိုအား မြင့်မားလာတာကြောင့် ငုံနီနဲ့စိမ်းကြီးတို့ ဈေးအနည်းငယ်တက် လာခဲ့
သလို အရောင်းအဝယ်ပါ သွက်လာခဲ့တယ်လို့ ဈေးကွက်ကဆိုပါတယ်။ ပြီးခဲ့တဲ့ရက်သတ္တပတ်က တစ်တင်း ကျပ် ၄၆၃၀ဝ အထိကျ ဈေး
ဖြစ်ပေါ်ခဲ့တဲ့ငုံနီမှာ ယခုတစ်ပတ်ဝယ်လိုအားသွက်လာလို့ တစ်တင်း ကျပ် ၄၈၄၀ဝ အထိ ဈေးအမြင့်ဆုံးတက်ခဲ့ပြီး အရောင်းအဝယ်အနေ
နဲ့ တစ်ရက်အိတ် ၁၀ဝ၀ ဝန်းကျင်ဖြစ် နိုင်တယ်လို့ လေ့လာသိရှိရပါတယ်။ ယခုတစ်ပတ် ပဲတီစိမ်းဈေးကွက်မှာလည်း နယ်စုံက ခပ်ပါးပါး
သာဒိုင်ကိုဝင်ရောက်ခဲ့ပြီး ဝယ်လိုအားမြင့်မားမှုရှိလို့ စိမ်းကြီးတစ်တင်းကျပ် ၃၁၅၀ဝ မှကျပ်၃၃၀ဝ၀၊စိမ်းသေးက တစ်တင်း ကျပ် ၂၆၀ဝ၀ မှ ကျပ် ၂၈၀ဝ၀ အသီးသီးဈေးမြောက်လာတာတွေ့ရပါတယ်။အရောင်းအဝယ်အားဖြင့် တစ်ရက်အိတ် ၅၀ဝ မှ ၇၀ဝ အကြား ဖြစ်နိုင်
တယ်လို့ သိရပါတယ်။ မတ်ပဲဈေးကွက်အနေနဲ့ နယ်ကပဲအဝင်နဲ့ ဒိုင်လာတဲ့ဝယ်လက်ဝယ်လိုအားမျှတနေလို့ တစ်တင်းကျပ် ၅၃၅၀ဝ၀န်း
ကျင်မှာ ပေါက် ဈေးငြိမ်နေပြီး၊ တစ်ရက်အိတ် ၂၀ဝ ခန့်နဲ့ ပုံမှန် အရောင်းအဝယ်ဖြစ်တယ်လို့ ကုန်သည်ရပ်ကွက်မှ သိရပါတယ်။
 ပြည်တွင်းနဲ့ဒေသသုံး အခြားပဲမျိုးစုံဈေးကွက်မှာလည်း အရောင်းအဝယ်ပုံမှန်သာရှိ လို့ ပေါက်ဈေးအသီးသီးငြိမ်လျက်ရှိရာ ထောပတ်ပဲ
တစ်တင်းကျပ် ၁၁၀ဝ၀ မှ ကျပ် ၁၁၅၀ဝ၊ စွန်တာနီတစ်တင်းကျပ် ၁၄၅၀ဝမှ ကျပ် ၁၅၀ဝ၀၊ ပဲကြီးတစ်တင်း ကျပ် ၂၅၅၀ဝ မှကျပ် ၂၇၀ဝ၀၊ ပဲပုပ်တစ်တင်း ကျပ် ၁၈၀ဝ၀ မှ ကျပ် ၁၈၅၀ဝ၊ ပုဂံပဲတစ်တင်း ကျပ် ၁၅၈၀ဝ၊ မြေထောက်ပဲတစ်တင်း ကျပ် ၁၇၀ဝ၀၊ လွန်းပြာတစ်တင်း ကျပ် ၁၈၀ဝ၀၊ ကျပ် ၁၈၅၀ဝ၊ ပဲယင်းတစ်တင်းကျပ် ၁၄၅၀ဝဖြစ်ပေါ်ခဲ့တာတွေ့ရပါတယ်။ ဒေသနဲ့ပြည်တွင်း လုပ်ငန်းသုံး ဝယ်လိုအား ပုံမှန်ရှိတဲ့ ကုလားပဲမျိုးစုံဈေးကွက်ကတော့ ယခုတစ်ပတ်မှာလည်း အမြင့်ဈေးမှာ တန့် နေရာ V2 တစ်တင်း ကျပ် ၃၈၀ဝ၀၊ ထိုင်ဝမ်နဲ့ ၉၂၉ တစ်တင်းကျပ် ၃၇၅၀ဝ အသီးသီး ပေါ က်ဈေးဖြစ် ခဲ့ပြီး တစ်ရက်ကုလားပဲမျိုးစုံအိတ် ၄၀ဝ မှ ၉၀ဝ အကြားပုံမှန်အရောင်းအဝယ်ဖြစ်လျက်
ရှိတယ်လို့ မုံရွာကုန်စည်ဒိုင်ရပ်ကွက်မှ လေ့လာသိရှိရပါတယ်။

Agency Ministry of Foreign Affairs
Category General