ဒီတစ်ပတ် နို့ဆီအဝင်နား နို့မှုန့်တစ်မျိုးတည်းသာဝင်

မေ ၂၉ရက်မှ ဇွန် ၄ ရက် သီတင်း ပတ်အတွင်း နို့ဆီ/နို့စိမ်း ၅၇၁ ဒသမ ၃၂ တန်ကို ပင်လယ်ရေကြောင်း ကုန် သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ဒွန်းတံဆိပ်တစ်မျိုးသာတင်သွင်းခဲ့တယ်လို့သိရပါတယ်။ ယခင် သီတင်းပတ် နို့ဆီ/နို့စိမ်းအဝင်မရှိဘဲ ဒီတစ်ပတ်မှသာ ပြန်လည်တင်သွင်းခဲ့ တာဖြစ်ပါတယ်။ နို့မှုန့်က ဒီတစ်ပတ်မှာ မလေးရှား မှ ၄၁ ဒသမ ၂၀ တန်၊ နယူးဇီလန်မှ ၄၂ ဒသမ ၁၉၉ တန်၊ ပိုလန်မှ ၂၂ တန်၊ စင်ကာပူမှ ၁၇၃ ဒသမ ဝ၅၄ တန်နဲ့ ဗီယက်နမ်မှ ၃ ဒသမ ၉၉၈ တန် စုစု ပေါင်း၂၈၂ ဒသမ ၄၅၁ တန် တင်သွင်း ခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ် နို့မှုန့် အဝင်မှာ တန်ချိန် ၄၆၀ ကျော် ရှိခဲ့တာကြောင့် ဒီတစ်ပတ်တင်သွင်းမှု နဲ့ယှဉ်ရင် တန်ချိန် ၁၈၀ ကျော် တင် သွင်းမှုလျော့ခဲ့တယ်လို့ သိရပါတယ်။
Page » 1    

Agency Ministry of Foreign Affairs
Category General