မြန်မာ့သရက်သီးများကို တိုးမြှင့်တင်ပို့ခြင်းဖြင့် ပို့ကုန်တိုးမြှင့်ရေးကို အထောက်အကူပြုမည်

မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်တွင်ရှိသော  သစ်သီးပွဲရုံများသို့ ဧပြီလဆန်းမှစ၍ ြ မန်မာပြည်အနယ်နယ်အရပ်ရပ်မှ  သရက်သီးမှည့်များ စတင် ဝငေ် ရာက်လာကာတစ်ဖက် တရုတ်နိုင်ငံသိုဧပြီလဆန်း ပထမတစ်ပတ်အတွင်း ကားကြီး နှစ်စီး၊ သုံးစီးဖြင့်စတင်၍ တင်ပို့နိုင်ခဲ့သည်။ ဧပြီလ လယ် တွင်ကားအစီးရေ ၃၀ မှ ၅၀အထိတင်ပို့နိုင်ခဲ့ပြီး၊ဧပြီလ နောက်ဆုံးတစ်ပတ်တွင်ကားစီးရေ၈၀မှ၁၀ဝအထိတိုးတက်တင်ပို့လာနိုင်သဖြင့် ဧပြီလ တစ် လ လုံးအနေဖြင့် ကား အစီး ရေ ၈၂၁ စီး၊တန်ချိန်အားဖြင့်၄၂၅၃ တန်၊တန်ဖိုးအမေရိကန်ဒေါ်လာ၁ ဒသမ ၄၄၉ သန်းတင်ပို့နိုင်ခဲ့သည်။ မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန်ရှိ သစ်သီးပွဲရုံသို့ ဝင်ရောက်လာသောသရက်သီးများမှာအများအားဖြင့်အမရပူရ၊စဉ့်ကိုင်၊ ကျောက်ဆည်၊ စစ်ကိုင်း၊အုံးချောဒေသ ထွက်များ ဖြစ် ကြောင်း၊ အရောင်းအဝယ်ဖြစ်သော သရက်သီးအမျိုးအစားများမှာ စိန်တလုံး၊ရင်ကွဲ၊ချဉ်ပေါင်း၊ ပတ္တမြား-ငမောက်၊ဟင်္သာတို့ပါဝင် လာ ကြောင်းသိရှိရပါသည်။တစ်ဖက်နိုင်ငံ သို့ တင်ပို့ရာတွင် ၁၅ ကီလိုဂရမ်၊ ၁၆ ကီလိုဂရမ် ဝင်ဆံ့ သော ခြင်းများဖြင့် ထည့်ပြီးတင်ပို့ရ ကြောင်း၊ သယ်ယူပို့ဆောင်ခမှာ မန္တလေး မှပို့ပါက သရက်သီးတစ်ခြင်းလျှင် ၁၃၀ဝ ကျပ် မှ၁၄၀ဝကျပ်၊ရွှေဘိုမှပို့ပါက တစ်ခြင်းလျှင်၁၇၀ဝ ကျပ်မှ ၁၈၀ဝ ကျပ်အ ထိ၊ တောင်ကြီးမှ ပို့ပါ က သရက်သီးတစ်ခြင်းလျှင် ၂၀ဝ၀ ကျပ်ပေးရကြောင်း ၊ မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်တွင် အရှေ့မြောက်တံခါး၊ ခွာညို ၊  နေလ၊အောင်သရဖူ၊ ထွန်းတောက်ကြယ်၊ တက်နေဝင်း၊မရှမ်း၊စိန်တလုံး၊ထိုင်ဝမ် ရွှေမေတ္တာ၊လင်းထွန်း၊ ရွှေမင်းသား၊ဝေယံဦး၊ ရွှေနား၊ ရွှေတြိဂံ၊ ရှမ်း-မြန်မာစသည်ဖြင့်သစ်သီးပွဲရုံ၂၁ရုံခန့်ရှိကြောင်း၊ သစ်သီးပွဲရုံသို့ ရောက်ရှိ လာသော သရက် သီးကားများအားအလုပ်သမားခအဖြစ် ကားပေါ်မှ ချခဒိုင်နာကားတစ်စီးလျှင် ၃၅၀ဝ ကျပ်၊ ခြောက်ဘီးကား တစ်စီး လျှင် ၆၀ဝ၀ ကျပ်၊ ၁၂ ဘီးကားတစ်စီး လျှင် ၁၁၀ဝ၀ကျပ်နှုန်းဖြင့် အလုပ်သမားခ (အချ)ကိုကားများကပေးရပြီး၊ ကား ပေါ်ပြန်တင်လျှင် အလုပ်သမားခ (အတင်) အားပွဲရုံမှ တစ်ခြင်း ၁၅ ကျပ်နှု န်းဖြင့် ပေးချေရကြောင်းသစ်သီးပွဲရုံများ မှဝန်ဆောင်ခ ငါးရာခိုင်နှုန်း ယူကြောင်း သိရှိရပါသည်။သစ်သီးပွဲရုံများမှသရက်သီးခြံရှင်များအားသရက်သီး မထွက်မီ အပွင့်ပွင့်ချိန်မှစပြီး ကြို တငေ် ငွငါးသိန်းမှ ၁၅သိန်းအထိ ထုတ်ပေးထားရကြောင်း၊ အသီးထွက်လျှင် ငွေတင်ကြိုယူထားသည့်ပွဲရုံသို့ သရက်သီးများ ပေို့ ပးရကြောင်း၊ပွဲရုံမှ အိတ် စွပ်ရန်အတွက်အိတ်များ ကိုသရက်ခြံသို့ ရောင်းချပေးကြောင်း ယခင်နှစ်က သရက်သီးအိတ်စွပ်ရန်အိတ်များကိုသရက်ခြံ သို့ ရောင်း ချပေးကြသဖြင့် ယခင်နှစ်က သရက်သီးအိတ်စွပ်ရန်အိတ်တစ်လုံးလျှင်၁၈ကျပ်နှုန်းဖြင့်အိတ်အလုံး ၅၀ဝ၀ကို ငွေ ၉၀ဝ၀ဝကျပ်ပေးရကြောင်း ယခု နှစ်တွင် အလုံး ၅၀ဝ၀ကိုကျပ် ၁၈၀ဝ၀ဝကျပ်ပေးရသဖြင့် တစ်အိတ်လျှင် ၃၆ ကျပ်ပေးရကြောင်း၊ ခြံရှင်တစ် ဦး၏ ပြောပြချက်အရ သိရှိရပါသည်။ အိတ်စွပ်သီးများမှာ အလုံးညီ၊ အရောင်လှသဖြင့် ရောင်းပန်းလှပြီး အိတ်မစွပ်သော(အလွတ်သီး) များမှာ ရောင်းပန်း မလှဘဲ ဈေးမရကြောင်း သိရှိရပါသည်။ သရက်သီးမှည့် ချိန်တွင် ဈေးကောင်းရရှိပါကသရက်ခြံပိုင်ရှင်များကို မူလပေးထားသည့် ငွေကိုခုနှိမ်ပြီး ပိုငွေများ ကိုပွဲရုံမှ ပြန်ပေးကြောင်း သိရှိ ရပါ သည်။မေ ၆ ရက်တွင် သစ် သီးပွဲရုံများ၌ ဖြစ်ပေါ်နေသော သရက်သီးပေါက် ဈေးမှာ စိန်တလုံး(တစ်ခြင်း) လျှင်ယွမ် ၉၀ မှ ယွမ်၁၆၀ ၊ ရင်ကွဲတစ်ခြင်း လျှင်  ယွမ် ၇၀ မှ ယွမ် ၁၅၀၊ ချဉ်ပေါင်းတစ် ခြင်းလျှင်ယွမ် ၉၀ ၊ ဟင်္သာတစ်ခြင်းလျှင် ယွမ် ၃၅ မှ ယွမ် ၁၆၀ အသီးသီးဈေးနှုန်း ပေါက်ကြောင်း သိရှိ ရပါ သည်။သစ်သီးပွဲရုံ များမှ ပြော ကြား ချက်အရ ဇွန်လဆန်းတွင် စိန်တလုံး သရက်များ တောင်ကြီး၊ ရပ်စောက် ဘက်မှ ဝင်မည်ဖြစ် ကြောင်း၊ သို့သော် (အညာ) သီးလောက်မချိုကြောင်း သိရှိရပါသည်။မြန်မာ့သရက်သီးများသည် တစ်ဖက်နိုင်ငံမှ ဝယ်လိုအားရှိသောသစ်သီးဝလံ တစ် မျိုးဖြစ်ပြီး မြန် မာ နိုင်ငံဒေသ အတော်များများတွင် စိုက် ပျိုးဖြစ် ထွန်းသော အပင်လည်းဖြစ်သဖြင့်သရက်သီးမျိုးကောင်းမျိုးသန့် များ (ဈေးကွက်ဝင်ဈေးကောင်းရမျိုး များကို) ခေတ်မီနည်းစနစ်များဖြင့် စနစ် တကျ ဈေးကွက် ဝင် စိုက်ပျိုးထုတ် လုပ်တင်ပို့ခြင်းအားဖြင့်   နိုင်ငံခြားဝင် ငွေ  တိုးတက်လော စရုံမက    ပြည် ပပို့ကုန်တိုးမြှင့်ရေးအတွက်လည်းအထောက်အကူဖြစ်နိုင်ကြောင်း ရေး သားတင်ပြ လိုက်ရပါသည်။

Agency Ministry of Foreign Affairs
Category General