မောင်တောကုန်သွယ်ရေးစခန်းမှ ဝါးနဲ့ ကြိမ်တင်ပို့

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိမောင်တောကုန်သွယ်ရေး စခန်းမှ တစ်ဖက်ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ဧပြီ ၃၀ရက်မှ မေ ၆ရက်အထိ ကာလအတွင်း သစ်တော ထွက် ပစ္စည်းအုပ်စုဖြစ်တဲ့အမေရိကန်ဒေါ်လာ ၁၀ဝ၁၂ တန်ဖိုးရှိ ဝါး ၁၂၅၀ဝ၀ကီလိုနဲ့ အမေရိကန်ဒေါ်လာ ၆၄၉၇ တန်ဖိုးရှိ ကြိမ် ၉၀၆၂ကီလို တင်ပို့နိုင်ခဲ့ ပါ တယ်။ ယခင်တစ်ပတ်ကတင်ပို့မှုမရှိခဲ့ပေမယ့်ယခုတစ်ပတ်မှာတင်ပို့နိုင်တယ်လို့သိရပါတယ်။ဝါးများကို နှစ်စဉ်ခုတ်ယူပါကဝါးထွက်ရှိမှု ပိုမိုတိုးတကလာနိုင် ကြောင်း နဲ့ ဝါးများအားမခုတ်ယူဘဲ နှစ်ကြာရှည်စွာထားလိုက်ပါက အ သီးများသီးလာပြီး၊ဝါးများမထွက်တော့ကြောင်း ဝါးလုပ်ငန်းလုပ်ကိုင် နေသူများ ထံ မှသိရှိရပါတယ်။

Agency Ministry of Foreign Affairs
Category General