တရုတ်၊ အိန္ဒိယနဲ့ထိုင်းမှ ဘိလပ်မြေတန်ချိန်သုံးသောင်းကျော်ဝင်

မေ ၁ ရက်မှ ၇ ရက်သီတင်းပတ်အတွင်းကန်ဒေါ်လာ၂၉၃၀၅၀၆တန်ဖိုးရှိ ဘိလပ်မြေ၃၅၉၂၄ ဒသမ ၇၄၆ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှု လမ်း မှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ အိန္ဒိယမှ ၁၇၀ဝ ဒသမ ဝ၂၆ တန်၊တရုတ်နိုင်ငံမှ ၁၆၈တန်နဲ့ ထိုင်းနိုင်ငံမှ၃၄၀၅၆ ဒသမ ၇၂တန် တင်သွင်းခဲ့ တယ်လို့ သိ ရပါတယ်။ဒီတစ်ပတ်မှာ ထိုင်းနိုင်ငံနဲ့အိန္ဒိယမှ အများဆုံး တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် ဘိလ ပ်မြေအဝင်မှာတန်ချိန် တစ်သိန်းကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်အဝင်နဲ့ယှဉ်ရင်တန်ချိန် ၆၈၃၀ဝကျော် အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။ဘိလပ်မြေဈေးကွက်ပုံမှန်အရောင်းအဝယ်ဖြစ် မေ ၁ရက် မှ၇ရက် သီတင်းပတ်မှာ ပြည်တွင်းကို ရေလမ်းမှဘိလပ်မြေ အဝင်မှာ ၃၅၉၂၄ တန်ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။
ယခင်တစ်ပတ် ဘိလပ်မြေအဝင်မှာ ၁၀၄၂၄၃ တန်ကျော် ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာတန်ချိန် ၆၈၃၀ဝ ေ ကျာ်အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။နယ်စပ်လမ်းမှ ဘိလပ်မြေအဝင်မှာတန်ချိန် ၂၇၅၄၈ ကျော်ရှိခဲ့ပြီး ယခင်တစ်ပတ်အဝင်မှာ တန်ချိန် ၃၀၇၂၉ ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်၃၁၈၀ ကျော် အဝငေ် လျာ့ခဲ့တယ်လို့ သိရပါတယ်။ဒါကြောင့် ဒီတစ်ပတ် မှာ ရေလမ်းမှရော နယ်စပ်လမ်းမှပါ ဘိလပ်မြေအဝငေ် လျာ့ခဲ့ပါတယ်။မော်လမြိုင်ဈေးကွက်မှာဘိလပ်မြေ အရောင်းအဝယ်ကောင်းပေမယ့် ဈေးနှုန်း အပြောင်း အလဲ မရှိဘူးလို့အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေးဆိုင်မှတာဝန်ရှိသူတစ်ဦးကဆိုပါတယ်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ် နေတဲ့ ဈေးမှာ ဆင်(ထိုင်း) ၅၃၅၀ ကျပ်၊ ကြံ့(မြိုင်ကလေး)၄၈၅၀ကျပ်၊စိန်(ထိုင်း) ၅၁၇၅ ကျပ်နဲ့အရောင်းအဝယ်ဖြစ်တယ်လို့ အိမ်ဆောက်ပစ္စည်း ရာင်းဝယ်ရေးဆိုင်မှ သိရှိရပါ တယ်။ မန္တလေး ဘိလပ်မြေေ ဈးကွက်မှာ အရောင်းအဝယ်ပုံမှန်ရှိတယ်လို့ သိရပါတယ်။ဒီတစ်ပတ်မှာ စိန်(ထိုင်း)၊ ဆင်(ထိုင်း)နဲ့ မြန်မာဆင်ကဈေးအနည်းငယ် မြင့်လာပြီးကျန် ဘိလပ်မြေ များကယခင်ဈေးနဲ့ အရောင်းအ ဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးမှာ အေသုံးလုံး ၅၀ဝ၀ ကျပ်၊ မြန် မာဆင်၄၆၀ဝကျပ်၊ဆင်မင်း(ကျောက်ဆည်)၄၅၀ဝ ကျပ်၊ကျားခေါင်း၄၅၀ဝကျပ်၊မြင်းခေါင်း ၄၅၀ဝ ကျပ်၊ ဆင်(ထိုင်း)၇၃၀ဝ ကျပ်၊ စိန်(ထိုင်း) ၇၂၀ဝ ကျပ် နဲ့ အရောင်း အဝယ်ဖြစ်တယ်လို့ သိရပါ တယ်။ရန်ကုန်ဈေးကွက်မှာဘိလပ်မြေက ပွင့်လင်းရာသီကြောင့် ဒီတစ်ပတ်မှာ အရောင်းအဝယ် ပုံမှန်ရှိနေ ပြီး ဈေးက ငြိမ်နေတယ်လို့ သိရပါတယ်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးမှာ ဆင် (ထိုင်း) ၆၂၀ဝကျပ်၊ စိန် ၆၁၀ဝ ကျပ်၊ ကြံ့နှစ် ကောင်(နီ) ၅၇၀ဝကျပ်၊ ကြံ့နှစ်ကောင် (စိမ်း) ၅၅၀ဝကျပ်နဲ့ အရောင်း အဝယ်ဖြစ်တယ်လို့ ဘိလပ်မြေအရောင်းဆိုင်မှ စုံစမ်းသိရှိခဲ့ပါတယ်။

Agency Ministry of Foreign Affairs
Category General