ရက်သတ္တပတ်အတွင်း ဆန်တန်ချိန် တစ်သောင်းရှစ်ထောင်ကျော် တင်ပို့

မေ ၁၅ရက်မှ ၂၁ရက်အထိကာလအတွင်းပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ကန်ဒေါ်လာသုညဒသမ၂၉၀သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၁၀၂၂တန်တင် ပို့ခဲ့ပါတယ် ။ယခုတစ်ပတ်မှာ ယူအေအီးနဲ့အီးယူနိုင်ငံများကိုသာ တင်ပို့မှုရှိခဲ့ပါတယ်။ယူအေအီးနိုင်ငံများသို့ ဧည့်မထဆန် တန် ၅၀ တင်ပို့ပြီး အီးယူနိုင်ငံ များဖြစ်တဲ့ယူနိုက် တက်ကင်းဒမ်းသို့ ဧည့်မထဆန်တန် ၆၅၀ ၊အီတလီနိုင်ငံသို့ ဧည့်မထ ၇၂တန်နဲ့ ဘူလ်ဂေးရီးယားနိုင်ငံ သို့ ဧည့်မထဆန် တန် ၂၅၀တင်ပို့ခဲ့တာဖြစ်ပါ တယ်ယ ခင်တစ်ပတ်တင်ပို့မှုထက် ၇၉၃ တန်ခန့်လျော့နည်းခဲ့ပါတယ်။ ပင်လယ်ရေ ကြောင်းကုန်သွယ်မှုမှ ယခု တစ်ပတ်ဆန်ကွဲတင်ပို့မှုမရှိခဲ့ပါဘူး။ကုန်သွယ်ရေးစခန်းများ မှ မေ၁၄ရက်မှ၂၀ရက်အထိကာလအတွင်း ကန်ဒေါ်လာ ၆ ဒသမ ၃၄၀ သန်းဖိုးရှိ ဆန် ၁၇၃၀၈ တန် တင်ပို့ခဲ့ပါ တယ်။ စခန်းအလိုက်တင်ပို့မှုများမှာ မူဆယ် ၁၀၅မိုင်ကုန်သွယ်ရေးဇုန်မှ ငစိန်ဆန် ၉၁၄၆ တန်နဲ့ ဧည့်မထဆန်တန် ၂၁၀ဝ၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန် ၅၇၁၈ တန်၊ချင်းရွှေဟော်ကုန်သွယေ် ရး စခန်းမှ ငစိန်ဆန် ၃၄၄ တန် တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်တင်ပို့မှုထက် ၃၃၇၇တန်ပိုမိုခဲ့ပါတယ်။ ယခုတစ်ပတ်ကုန်သွယ်ရေးစခန်း များ မှကန်ဒေါ်လာ ၁ ဒသမ ၃၀၄ သန်းဖိုးရှိ ဆန်ကွဲ တန် ၄၀ဝ၀ ကို မူဆယ်မှ ၃၈၆၉တန်၊လွယ်ဂျယ်မှ ၆၅တန်၊ ချင်းရွှေဟော်မှ ၆၆ တန် အသီးသီး တင်ပို့ ခဲ့ပါတယ်။ ယခင် တစ်ပတ်တင်ပို့မှုထက် ၁၂၃၄ တန်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်

Agency Ministry of Foreign Affairs
Category General