ပို့ကုန်တိုးမြှင့်နိုင်ဖို့ အညာဒေသထွက် အရည်အသွေးကောင်းဆီးဆန်များ တင်ပို့ကြစို့

မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်သို့ နေ့စဉ်ဝင်ရောက်နေသည့် ကုန်တင်ယာဉ်ကြီး များ ထဲတွင် တစ်ဖက်နိုင်ငံမှ ဝယ်လိုအားရှိသော ကုန်ပစ္စည်းများမှာ ဆန်၊ သကြား၊ ပဲ၊ ပြောင်း၊ ရော်ဘာ၊ ကြက်သွန်နီ၊ ရေထွက်ပစ္စည်းများအပြင် တစ်ဖက်နိုင်ငံမှ ပုံမှန်ဝယ်ယူ သည့် မြန်မာပြည် အညာဒေသထွက် ဆီးဆန် ကုန် ပစ္စည်းသည် မိမိနိုင်ငံမှ တင်ပို့ နိုင်သလောက် တစ်ဖက် တရုတ်ပြည်မှ ဝယ်ယူနေ ကြောင်းသိရှိရပါသည်။ အညာဒေသ ထွက် ဆီးဆန်သည် ဆန်၊ သကြား၊ပဲ၊ ပြောင်းကဲ့သို့ အထွက် နှုန်း မများသော်လည်း မိမိနိုင်ငံမှထွက်ရှိသလောက် တစ်ဖက်နိုင်ငံမှ ဝယ်ယူနေခြင်းကြောင့် ပို့ကုန် တိုးမြှင့်ရေး ကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြု၍ နိုင်ငံခြားဝင်ငွေ ရရှိအောင် စွမ်းဆောင် နိုင်သည့် ကုန်ပစ္စည်းဖြစ်ကြောင်း တွေ့ရှိရပါသည်။ ယခုနှစ်တွင် တစ်ဖက်နိုင်ငံမှ ဝယ်လို အားရှိ၍ ဈေးကွက်ကောင်းမွန်ပြီး ဆီးသီးစိုက်တောင်သူများ အကျိုးအမြတ်ဖြစ်ထွန်း ကြောင်း၊၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဖက် နိုင်ငံသို့ အညာဒေသထွက် ဆီးဆန် ၂၂၁၃ ဒသမ ၉၁ တန်၊ တန်ဖိုး ၉ ဒသမ ၁၄၇ ဒေါ်လာ သန်းတင်ပို့နိုင်၍ အများဆုံး ပို့ကုန် အမျိုး ၂၀ စာရင်းတွင်ပါဝင်ကြောင်း၊ ၂၀၁၆ ဧပြီတွင် ၁၄၂ ဒသမ ၄၀ တန်၊ တန်ဖိုး သုည ဒသမ ၅၈၈ ဒေါ်လာ သန်းနှင့် မေ ၁ ရက် မှ ၁၇ ရက်အထိ ၈၇ ဒသမ ၉၀ တန်၊တန်ဖိုး သုည ဒသမ ၃၇၅ ဒေါ်လာ သန်း တင်ပို့နိုင်ခဲ့ကြောင်း သိရှိရပါသည်။ ဆီးဆန်အများဆုံးထွက်ရှိရာ ဒေသမှာ စစ်ကိုင်း တိုင်း ဒေသကြီး ဘုတလင်၊ ဒီပဲယင်း၊ အရာ တော်၊ ကျောက်ပန်းတောင်း၊ မြင်းခြံ၊ ပုဂံ ညောင်ဦး၊ ပုပ္ပါး၊ အညာဒေသတို့တွင် ထွက်ရှိကြောင်း၊ အညာ ဒေသထွက် ဆီးသီးများ ကို ဆီးသီး ကုန်စည်ဒိုင်များမှ ဝယ်ယူစုဆောင်းပြီး ဆီးသီးခွဲစက်ဖြင့် ခွဲကာ ဆီးမှုန့်၊ ဆီးဖတ်၊ ဆီးခွဲခြမ်း၊ ဆီးဆန်များ သီးြ ခားစီထွက်ရှိပြီးမှ ဆီးဆန်များကိုစုကာ မန္တလေး သို့ တင်ပို့ရကြောင်း၊ မန္တလေးကုန်သည်က ဆီးဆန် တစ်ပိဿာလျှင် ၄၅၀ဝကျပ်မှ ၅၀ဝ၀ကျပ် ဝန်း ကျင် ပေး ဝယ်ကြောင်း၊ ဆီးဆန်သန့်ပါက တစ်ပိဿာ လျှင် ၆၀ဝ၀ ကျပ်အထိ ပေးဝယ်ကြောင်း မန္တလေး ကုန်သည်များထံမှ သိရှိရပါသည်။
မန္တလေးကုန်သည်မှ ဂေို ဒါင်တွင် ၁၂ ဘီးကား တစ်စီးစာ ၁၆ တန်၊ ၁၇ တန် စုဆောင်း ရရှိမှသာ တစ်ဖက် နိုင်ငံသို့ တင်ပို့ကြောင်း၊ ဆီးဆန်ကို တိုင်းရင်းဆေး ဝါးများဖော်စပ် ရာတွင် အသုံးပြုကြောင်း၊ ဦးနှောက်အာရုံကြောရောဂါပျောက်ဆေး၊ ကျောက်ကပ် နှလုံး အားတိုးဆေးနှင့် သွေးတိုးရောဂါ ပျောက်ဆေးတို့ တွင် အဓိကထည့်သွင်း အသုံးပြု ကြောင်း၊ အထူးသဖြင့် သွေးတိုးရောဂါ ခံစားနေသူများ နေ့စဉ် ဆီးဆန်သုံးစေ့မှ ငါးစေ့ အထိ စားသုံးပါက သွေးတိုး ရောဂါပျောက် ကင်းြေ ကာင်းသိရှိရပါ သည်။ အညာ ဒေသမှ ထွက်ရှိသော ဆီးဆန်များ သည် လက်ရှိတင်ပို့နေသည်ထက် အရည်အသွေး ရောအရေအတွက်ပါ တိုးတက်ကောင်း မွန်စေရန် အတွက် ခေတ်မီဆီးသီးခွဲစက် ကောင်းများ အသုံး ပြုသင့်ကြောင်း၊သို့မှသာ တန်ဖိုးမြှင့်ပို့ကုန်ဖြစ်ကာ သတ်မှတ်ထား သည့် အရည်အသွေး၊ စံချိန် စံညွှန်း ပြည့်ဝပြီး ဈေးကောင်းရရှိ၍ နိုင်ငံခြားဝင်ငွေကို တစ်ဖက်တစ်လမ်းမှ တိုးတက်အောင် စွမ်းဆောင် နိုင်သည့် ပစ္စည်းတစ်မျိုးအဖြစ် ရပ်တည်နိုင်မည် ဖြစ်ကြောင်း၊ အညာဒေသထွက် ဆီးဆန်များကို တစ်ဖက်နိုင်ငံသို့ တင်ပို့မည်ဆိုပါက လိုင်စင် လျှောက်စရာမလိုဘဲ ပို့ကုန် အခွန် ၂ ရာခိုင်နှုန်း ပေးေ ဆာင်ပြီး တစ်ဖက်နိုင်ငံသို့ တင်ပို့နိုင်ကြောင်း၊ Export ဈေး တစ်ကီလိုလျှင် ၅၀ဝ၀ ကျပ်ရှိပြီး တစ်တန်လျှင် သိန်း ၅၀ ရှိကြောင်း၊ မန္တလေးမှ မူဆယ် ကားခဆီးဆန် တစ်ပိဿာလျှင် ၈၀ ကျပ် ပေးဆောင်ရကြောင်း၊ တစ်တန်လျှင် ကားခ ၄၉၀ဝ၀ ကျပ်ကျကြောင်း၊ ဆီးသီးစိုက် တောင်သူများတစ်ပိုင် တစ်နိုင် မိမိခြံထွက်ဆီးသီးများကို စုဆောင်းပြီး ဆီးသီးခွဲစက်ဖြင့်ခွဲကာ ဆီးဆန်များ ကို တစ်ဖက်နိုင်ငံသို ့ ITC ကတ် (တစ်ဦးတည်းပိုင် ထုတ်ကုန်၊ သွင်းကုန် လုပ် ငန်းရှင် မှတ်ပုံတင်ကတ်) ဖြင့် ငါးရက် လျှင် ကျပ်သိန်း ၁၅၀ နှုန်း၊ ဆီးဆန် သုံး တန်ခန့်တစ်ပိုင်တစ်နိုင်တင်ပို့နိုင်ကြောင်း၊ တစ်ဖက် နိုင်ငံတွင် ဆီး ဆန် တစ်ကီလိုလျှင် ဝယ်ဈေး ၂၉ ယွမ်မှ ၃၀ ယွမ်အထိရှိပြီး ပြန်ရောင်းဈေးမှာ တစ် ကီလိုလျှင် ၃၄ ယွမ်မှ ၃၆ ယွမ်အထိရှိကြောင်း စုံစမ်းသိရှိ ရပါသည်။ အ ညာဒေသတွင် အလေ့ကျပေါက်သည့် ဆီးသီးပင်မှ ဆီးသီးခြောက်များ ကို ဝယ်ယူစု ဆောင်းပြီး ဆီးသီးခွဲစက်ဖြင့် ခွဲကာရရှိသော ဆီးသီးဆန်များကို တစ်ဖ က်နိုင်ငံသို့ တင်ပို့မည်ဆိုပါက တောင်သူများအတွက် တစ်ဖက်တ စ်လမ်းမှ ဝင်ငွေ ရရှိသည့် လုပ်ငန်းဖြစ်ကြောင်း၊ တစ်ဖက်နိုင်ငံသို့ ဆီးဆန်တင်ပို့ပြီး အပြန်တွင် မိမိအိ မ်သုံး၊ ဒေသသုံးပစ္စည်းများကိုပါ ITC ကတ်ဖြင့်တစ်ပိုင်တစ်နိုင် တင်သွင်းခွင့်ရှိကြောင်း ကိုပါ အညာဒေသ ကျေးလက် နေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင် စေရန် အတွက် ပို့ကုန်တိုးမြှင့်ရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

Agency Ministry of Foreign Affairs
Category General