မုံရွာကုလားပဲ အဆွဲမညီလို့ ဈေးအတက်အကျဖြစ်နေ

တစ်ချိန်က အိန္ဒိယဈေးကွက်အတွက် အရေးပါခဲ့တဲ့ ပြည်ပ ပို့ကုန်ကုလား ပဲမျိုးစုံဟာ မျိုး၊ အရည်အသွေးနဲ့ပေါက်ဈေး အခြေအနေအရ ပြည်ပ အဝယ် ရပ်သွားပြီးတဲ့နောက် ပြည်တွင်းဝယ်လိုအားကြောင့် ဒီနှစ်မှာ ဈေး မြောက်ခဲ့တာ တွေ့ရပါတယ်။ အဓိကလိုအပ်တဲ့ ဒေသတွင်းလုပ်ငန်းတွေ ဖြစ်ကြတဲ့ ကြာဆံလုပ်ငန်း၊ ပဲခွဲစက်၊ အမှုန့်ကြိတ်လုပ်ငန်း၊ ပဲလှော်နဲ့ ပဲ ကြော် လုပ်ငန်းတွေမှာ ကုန်ကြမ်းအဖြစ် နေ့စဉ်လိုအပ်ချက်ရှိတဲ့အတွက် ဒေသတွင်းဈေးကွက်မှာ ကုလားပဲက ဆက်လက်ခိုင်မာနေတာ တွေ့ရပါ တယ်။
ယခုနှစ်ထွက်ရှိခဲ့တဲ့ ကုလားပဲဟာ မုံရွာကုန်သည်တွေဆီမှာသာမက တောင်သူတွေဆီမှာပါ ပဲလက်ကျန်ရှိနေပြီး၊ လိုရောင်း၊ လိုဝယ်ကြောင့် နေ့စဉ်ဈေးအနည်းငယ်အတက်အကျဖြစ်ခဲ့ကာ ယခုတစ်ပတ်မှာ ထိုင်ဝမ် ကုလားပဲ တစ်တင်း ကျပ် ၃၇၇၀ဝ၊ ၉၂၉ ကုလားပဲတစ်တင်း ကျပ် ၃၇၇၀ဝ နဲ့ ကုလားပဲဖြူလုံးကြီးတစ်တင်းကျပ် ၃၈၇၀ဝ အသီးသီး တက် ဈေး ပြန်ဖြစ်ခဲ့တာ တွေ့ရပါတယ်။ အရောင်းအဝယ်အားဖြင့် ကုလားပဲ မျိုးစုံ တစ်ရက် အိတ် ၇၀ဝ မှ ၁၀ဝ၀ ကြား ပုံမှန်ဖြစ်နိုင်တယ်လို့ မုံရွာ ကုန်စည်ဒိုင် ရပ်ကွက်ကလေ့လာသိရှိရပါတယ်။

Agency Ministry of Foreign Affairs
Category General