မုံရွာကုန်စည်ဒိုင်မေစတုတ္ထပတ် ပဲဈေးကွက် စိမ်းကြီးအရောင်းအဝယ်သွက်

မုံရွာကုန်စည်ဒိုင်မေစတုတ္ထပတ်ပဲဈေးကွက်မှာယခင်တစ်ပတ်နဲ့စာရင် ပြည်ပပို့ကုန်ပဲအများစုဈေးအနည်းငယ်အေးသွားခဲ့ပေမယ့်ပဲတီစိမ်းကြီးကတော့ နယ် အဝင် သွက်လာသလို ဝယ်လက်အဆွဲများလို့အရောင်း အဝယ်လည်း သွက်လာတယ်လို့သိရပါတယ်။ မုံရွာကုန်စည်ဒိုင်ကိုနယ်စုံကပုံမှန်ဝင် ခဲ့ပြီး ရေဦးနယ်ဘက်က ပိုဝင်လာတယ်လို့ဆိုပါတယ်။ ယခုတစ်ပတ်မှာ စိမ်းကြီးတစ်တင်းကျပ်၃၁၅၀ဝ မှ ကျပ် ၃၂၀ဝ၀အတွင်း ပေါက်ဈေးဖြစ် ပေါ်ခဲ့ပြီး စိမ်းသေးက တစ်တင်းကျပ် ၂၇၀ဝ၀ မှာ ဈေးငြိမ်နေခဲ့ပါတယ်။နယ်အဝင်ရှိသလောက် ဝယ်လိုအားကောင်း လို့တစ်ရက်အိတ် ၁၅၀ဝ ဝန်းကျင် အရောင်းအဝယ်ဖြစ်ခဲ့တယ်လဒိုင်ရပ်ကွက် ကဆိုပါတယ်။ ယခုတစ်ပတ်ငုံနီဈေးကွက်မှာလည်း ရန်ကုန်ဝယ်လက်သာရှိခဲ့ပြီး ယခင်တစ်ပတ်ကတည်းက ဈေးအနည်းငယ်အေးကာ တစ်တင်းကျပ် ၄၈၂၀ဝ မှ ကျပ် ၄၈၅၀ဝအကြား နေ့စဉ်ပေါက် ဈေးအနိမ့်အမြင့်ကစားလျက် ပုံမှန် အားဖြင့် တစ်ရက် အိတ်တစ်ထောင်ဝန်း ကျင် အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ မတ်ပဲဈေးကွက်မှာတော့ ရန်ကုန်ဝယ်လက်ပုံမှန်ရှိသလိုမုံရွာ ဒေသခံခွဲစက်သမားအဝယ်အနည်း ငယ်ရှိခဲ့တဲ့အတွက် တစ်တင်း ကျပ် ၅၂၅၀ဝ မှ ကျပ် ၅၃၅၀ဝအကြားဈေး ငြိမ်စွာနဲ့တစ်ရက်အိတ်၂၀ဝ/၃၀ဝ ခန့် ပုံမှန်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။အခြားလက်လီဈေးကွက်ကိုသာ အားပြုနေရ တဲ့ဒေသထွက်ပဲမျိုးစုံထဲကလွန်းပြာတစ်မျိုးသာ နယ်အဆွဲအနည်း ငယ်ရှိလို့ တစ်တင်း ကျပ် ၂၀၅၀ဝ အထိ ဈေးကောင်းရခဲ့ပေမယ့်ကျန်ပဲတွေဖြစ်တဲ့ စွန်တာနီ ကတစ်တင်းကျပ် ၁၄၈၀ဝ၊ ပဲနီလုံးကြားတစ်တင်းကျပ်၁၄၈၀ဝ ၊ပဲပုပ်တစ်တင်း ကျပ်၁၈၅၀ဝ၊ပဲယင်းဝါ တစ်တင်း ကျပ် ၁၄၅၀ဝ၊ပုဂံပဲတစ်တင်းကျပ် ၁၇၀ဝ၀ ၊မြေထောက်ပဲတစ်တင်းကျပ် ၁၇၀ဝ၀အသီးသီးအမြင့်ဆုံး ပေါက်ဈေးရခဲ့ကြပြီး ထောပတ်ပဲကတော့ဈေးကွက်ထဲမှာတစ်တင်း ကျပ် ၁၁၅၀ဝနဲ့အနိမ့်ဆုံးပေါကေ် ဈး စာရင်းဝင်ခဲ့တာတွေ့ရပါတယ်။ပဲလက်လီတွေထဲကလုပ်ငန်းသုံးဝယ်လက်ပုံမှန်ရှိ တဲ့ ပဲကြီးဈေးကွက်မှာတစ်တင်းကျပ်၂၅၂၀ဝမှကျပ်၂၆၅၀ဝ အတွင်း ဈေး တန့်နေပြီး ဒေသတွင်း ပဲကြော်ဖိုနဲ့ နယ်လက်အနည်းငယ်အဆွဲရှိလို့ တစ်ခါ တစ်ရံအိတ် ၃၀ဝမှ ၅၀ဝ ကြား အရောင်းအဝယ်ဖြစ်နိုင်တယ်လို့ မုံရွာ ကုန်စည် ဒိုင်ရပ်ကွက်မှ လေ့လာသိရှိရ ပါတယ်။

Agency Ministry of Foreign Affairs
Category General