ပြည်ဈေးကွက်မှာ ဝယ်လက်အဝယ်လိုက်ပြီး မြေပဲဆန်ဈေးမြင့်သလို ဆီဈေးပါမြင့်

ပည်ဈေးကွက်တွင်ယခုတစ်ပတ်၌ မြေပဲဆန်အဝင်နည်းလာပြီးဝယ်လက်အဝယ်လိုက်လာတဲ့အတွက် မြေပဲဆန်ဈေးမြင့် တက်လာ တာတွေ့ရပါတယ်။ မင်းတုန်း၊ ကံမ၊ပေါက်ခေါင်းနှင့်ရခိုင်ပြည်နယ်ဘက်မှ တစ်နေ့လျှင် အိတ်၅၀ဝခန့်သာ ဝင်တော့ သဖြင့် ပစ္စည်းရှားလာပြီး ဝယ်လက်အဝယ်လိုက် လာပြီး ဈေးမြင့် လာတော တွ့ရ ပါတယ်။ လုံးဆန်ကိုမန္တလေးဝယ်လက်များက ပြည်ပသို့တင်ပို့ရန် အဝယ်ရှိခြင်း၊ ဆီဆန်ကို မကွေးဆီစက်နှင့် မြို့တွင်းဆီစက် များ က အဝယ်ရှိသဖြင့် တစ်နေ့လျှင် ဝင်သလောက်အရောင်းအဝယ်ဖြစ်တာတွေ့ရပါတယ်။ မြေပဲဆီဈေးမှာ ဆီကြိတ်မြေပဲဆန် တစ်ပိဿာလျှင် ကျပ် ၂၂၀ဝ ၊ လုံးဆန်(အဖြူ) တစ်ပိဿာလျှင် ကျပ် ၂၇၀ဝ နဲ့ လုံးဆန်(အနီ) တစ်ပိဿာလျှင် ကျပ် ၂၆၀ဝ ဈေးဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါတယ်။ မြေပဲဆီတစ်ပိဿာလျှင် ကျပ် ၄၉၀ဝ ဈေးဖြင့်ပဲဆန်ဈေးမြင့် တက်သလို ဆီဈေးပါမြင့်တက်လာတာတွေ့ရပါတယ်။
Page » 1    

Agency Ministry of Foreign Affairs
Category General