ဇီဝဒီဇယ်အသုံးပြုမှုကို မြှင့်တင်မယ့် အစီအစဉ်ကြောင့် ရက်သတ္တသုံးပတ် အတွင်း စားအုန်းဆီဈေး အမြင့်ဆုံးဈေးအဖြစ် မြင့်တက်

မလေးရှားနိုင်ငံမှာ ဇီဝလောင်စာဆီကို အသုံးပြုဖို့သတ်မှတ်ချက် မြှင့်တင် မယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ဒီကြေညာချက်ကြောင့် ရင်းနှီး မြှုပ်နှံသူတွေက စားအုန်းဆီဈေးမြင့် တက်လာမယ်လို့ ယုံကြည်မှုရှိနေ ချိန်မှာ ရင်းဂစ်တန်ဖိုးကလည်း ကျဆင်းလာတဲ့အတွက် မလေးရှား စားအု န်းဆီ ကြိုရောင်း ကြိုဝယ်ဈေးက ဇွန် ၁ ရက် နေ့မှာ ရက်သတ္တပတ်သုံးပ တ်အတွင်း အမြင့်ဆုံးနှုန်းကိုရောက်ရှိခဲ့ပါတယ်။ ဘာဆာမလေးရှား ကုန် စည်ဒိုင် (Bursa Mala ysia Derivatives Ex- change) မှာ သြဂုတ် အတွက် ကြိုတင် ချုပ်ဆိုတဲ့ စာချုပ်ဈေးက သုည ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ပြီး မွန်းတည့် ချိန်မှာ တစ်တန်ကို ၂၆၃၀ ရင်းဂစ် (အမေရိကန် ဒေါ်လာ ၆၃၇) နှုန်း ရှိခဲ့ပါတယ်။ ဈေးကွက်က သုံးရက်မြောက်နေ့ အဖြစ် ဆက်တိုက်မြင့်တက်ခဲ့ခြင်းဖြစ် ပြီး ေစာစောပိုင်းက တစ်ရက်အတွင်း အမြင့်ဆုံးဖြစ်တဲ့ တစ်တန်ကို ၂၆၃၂ ရင်းဂစ်နှုန်းအထိ ရောက်ရှိခဲ့ပြီး မေ ၁၂ ရက်နောက်ပိုင်း အမြင့်ဆုံးနှုန်း ဖြစ်ခဲ့ပါတယ်။
ရောင်းချခဲ့တဲ့ပမာဏက ၂၅တန် ရှိ အတွဲပေါင်း ၁၇၃၀ တွဲရှိခဲ့ပါတယ်။ "ရင်းဂစ်တန်ဖိုး ကျဆင်းနေပြီး ဇီဝဒီဇယ်သုံးစွဲမှုကို မြှင့်တင်လိုက်တဲ့ အတွက် စားအုန်းဆီဈေးနှုန်းတွေ မြင့်တက်ခဲ့ပါတယ်"လို့ ဇီဝဒီဇယ် အသုံးပြုမှု မြှင့်တင်ဖို့ မေ ၃၁ ရက်ကကြေညာချက် ကို ရည်ညွှန်းပြီး ကွာလာလမ်ပူမှ ကုန်သည်တစ်ဦးက ပြောပါတယ်။ သယ်ယူပို့ဆောင်ရေး ကဏ္ဍမှာ အသုံးပြုတဲ့ ဒီဇယ်လောင်စာဆီမှာ ဇီဝ ဒီဇယ် ထည့်သွင်းအသုံး ပြုဖို့ လက်ရှိ သတ်မှတ်ချက်က ၇ ရာခိုင်နှုန်းဖြစ်ပါတယ်။ ဇွန်မှစတင်ပြီး ၁၀ ရာခိုင်နှုန်း အထိတိုးမြှင့်သုံးစွဲဖို့ သတ်မှတ်ခဲ့ပါတယ်။ စက်မှုလက်မှု ကဏ္ဍအတွက်သတ်မှတ်ချက်ကို ၇ ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးခဲ့ပါတယ်။ ကမ္ဘာမှာ စားအုန်းဆီအများဆုံးထုတ်လုပ်တဲ့ အင်ဒိုနီးရှားနိုင်ငံက ဒီဇယ်ဆီ မှာ ဇီဝဒီဇယ်ဆီ အနိမ့်ဆုံးပါဝင်မှုနှုန်းကို ယခုနှစ်အကုန်မှာ ၂၀ ရာခိုင်နှုန်း အထိ တိုးမြှင့်ပေးဖို့ ရည်မှန်းထားပါတယ်။ စားအုန်းဆီ ရောင်းဝယ်ရေးမှာ ရင်းဂစ်ငွေကြေးကို အသုံးပြုပါတယ်။
ဇွန် ၁ ရက်နေ့က အမေရိကန်ဒေါ်လာ နဲ့ ဖလှယ်ရာမှာ ရင်းဂစ်တန်ဖိုးက သုည ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းပြီး တစ်ဒေါ်လာကို ၄ ဒသမ ၁၃၀ဝ ရင်းဂစ်နှုန်းရှိ ခဲ့ပါတယ်။ တစ်ရက်အတွင်း မှာဖလှယ်နှုန်းက ၄ ဒသမ ၁၃၉၅ ရင်းဂစ်နှုန်းအထိရောက်ရှိခဲ့ရာ မေ ၁၆ ရက်နောက်ပိုင်း ရင်းဂစ် တန်ဖိုး အနိမ့်ဆုံးနှုန်းဖြစ်ပါတယ်။ ရင်းဂစ်ဈေးနှုန်း ကျဆင်းမှုကြောင့် အခြားနိုင်ငံခြားငွေဖြင့် စားအုန်းဆီဝယ်ယူသူတွေအတွက် စားအုန်းဆီ ဈေး သက်သာစေခဲ့ပါတယ်။ စား အုန်းဆီအမြင့်ဆုံးရောက်နိုင်တဲ့ဈေးက တစ်တန်ကို ၂၆၃၄ ရင်းဂစ် နှုန်းဖြစ်မယ်။ ဒီနှုန်းကိုဖောက်ထွက်သွား ရင် တစ်တန်ကို ၂၆၇၂ ရင်းဂစ်နှုန်းအထိ ရောက်နိုင်တယ်လို့ သွမ်မဆင်ရိုက် တာရဲ့ ဈေးကွက်လေ့လာဆန်းစစ်ရေးမှူး ဝမ်တာအိုက ပြောပါတယ်။ အ ခြားဟင်းရွက်ဆီဈေးကွက်ဖြစ်တဲ့ အမေရိကန်ချီကာဂို ကုန်သွယ်မှု ဘုတ် အဖွဲ့(Chicago Board of Trade)မှာ ဇူလိုင်အတွက် ပဲပုပ်ဆီစာချုပ်ဈေး က သုည ဒသမ ၁ ရာခိုင်နှုန်းမြင့်တက်ပြီး တရုတ်နိုင်ငံဒါလီယံ ကုန်စည် ဒိုင် (Dalian Commodity Exchange) မှာ ပဲပုပ်ဆီဈေးက သုည ဒသမ ၃ ရာခိုင် နှုန်းကျဆင်းပါတယ်။

Agency Ministry of Foreign Affairs
Category General