သကြားဈေးကွက် တရုတ်အဝယ်လိုက်

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ မေ ၂၁ ရက်မှ ၂၇ ရက်အထိ ကာလအတွင်းကန်ဒေါ်လာ ၁၆ ဒသမ ၇၆၃ သန်း တန်ဖိုးရှိ သကြားဖြူ ၂၉၈၇၃ တန်ကျော်နဲ့ လွယ်ဂျယ်ကုန်သွယ်ရေး စခ န်းမှ ကန်ဒေါ်လာ သုည ဒသမ ဝ၇၂ သန်းတန်ဖိုးရှိသကြားဖြူ တန်၁၃၀ တင်ပို့နိုင်ခဲ့ပါတယ်။မေ ၁ ရက်မှ ၂၀ ရက်အတွင်းမှာတော့ မူဆယ်ကုန် သွယ်ရေးဇုန်မှ သကြားဖြူ ၁၃၂၆၄၄ တန် ကျော် တင်ပို့ခဲ့ပြီး လွယ်ဂျယ် စခန်းမှ ယခုသီတင်း ပတ်မှစတင် တင် ပို့နိုင်တာတွေ့ရပါတယ်။
တရုတ်ဝယ်လက်ရှိချိန်ဆိုရင် မန္တလေးဈေးကွက်မှာ တစ်ရက်လျှင်သကြား ပိဿာဝင် အိတ်ရေ ၄၀ဝ၀ ကျော်ခန့် တင်ပို့နိုင်ပြီး ပြည်တွင်းအတွက် စားသုံးရန် လုံလောက်တာကြောင့် ယခုလို ပြည်ပသို့ တင်ပို့နိုင်ကြောင်းနဲ့ တရုတ်နိုင်ငံသို့သကြားကို အကြမ်းရောအနုပါ ပို့ရတော့ အဆင်ပြေတယ် လို့ မြန်မာနိုင်ငံသကြားဒိုင်မှ သိရပါတယ်။

Agency Ministry of Foreign Affairs
Category General