စခန်းစုံမှ ပြောင်းတင်ပို့

မေ ၂၁ ရက်မှ ၂၇ ရက်အထိကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆ ယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၁ ဒသမ ၂၁၉ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၄၈၀ဝ တန်၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ သု ည ဒသမ ၅၂၄ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၁၈၀၅ တန်ကျော်၊ ချင်းရွှေ ဟော်မှ က န်ဒေါ်လာ သုည ဒသမ ၁၃၂ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၅၁၉ တန်ကျော်နဲ့ ကန်ပိုက်တီးမှ ကန်ဒေါ်လာ သုည ဒသမ ဝ၂၆ သန်းတန်ဖိုး ရှိ ပြောင်းဖူးစေ့ ၈၇ တန်ခွဲကျော် အသီးသီးတင်ပို့နိုင်ခဲ့ပါတယ်။
ယခုတစ်ပတ် မန္တလေး-မူဆယ် ကုန်စည် သယ်ယူခနှုန်းထားများမှာ ပြောင်းတစ်ပိဿာကို ၆၈-၇၇ ကျပ်ရှိပြီး ယခု တစ်ပတ် အတွင်း ကုန်ပစ္စည်း သယ်ပို့ကားခများမှာ မြင့်တက် လျက်ရှိတယ်လို့ မန္တလေးကုန်စည် ဒိုင်မှ သိရှိရပါတယ်။

Agency Ministry of Foreign Affairs
Category General