မိုးများနေတာကြောင့် ဒေသတွင်း ဝယ်လက်များသာ အောင်ပန်းချင်းဈေးကွက်မှာ အဝယ်ရှိနေ

ဒီတစ်ပတ်မှာလည်း အောင်ပန်းဈေးကွက်မှာချင်းကတော့ပုံမှန်အဝင်ရှိ ပေမယ့် မိုးများနေတာကြောင့် အရောင်းအဝယ် အေးနေပါတယ်။ အောင်ပန်းမှာ မိုးများနေ တာကြောင့်အခြားမြို့နယ်အဆွဲတွေလည်းရပ်သွားပြီး ဒေသတွင်းလက်လီစိတ်ဈေးဝယ်သမားနဲ့အမှုန့်ကြိတ်သမားတွေသာ အဆွဲရှိနေတယ်လို့ သိရပါတယ် အော်ဒါ ရှိရင်ရှိသလိုတော့အရောင်းအဝယ်ဖြစ်နေတယ်လို့လည်းသိရှိရပါတယ်။ဈေးကတော့ချင်းစိုတစ်ပိသာကိုကျပ်၄၀ဝ-၄၅၀အထိ ဈေးရှိနေပြီး၊ ချင်းအလှအခက်ကြီးေ တွ ကေ တာ့တစ်ပိသာကျပ် ၅၅၀-၆၅၀အထိ ဈေးရှိနေ ပါတယ်။အရောင်းအဝယ်ကတော့ တစ်ပတ် အတွင်းပိသာချိန် ၁၂၀ဝ၀ဝ ခန့် အရောင်းအဝယ်ဖြစ် ခဲ့တယ် လို့ သိရှိရပါတယ်။ဟိုပုံးဈေးကွက်မှာတော့ ချင်းစိုကအဝင်မရှိသလောက်ဖြစ်နေပြီး အရောင်း အဝယ်လည်းပါးသွားပြီလို့သိရပါတယ်။ချင်းကတော့တစ်ပိသာကို ကျပ် ၂၀ဝ၀ ဈေးရှိပြီး အရောင်းအဝယ်ကတော့ အဝင်လည်းမရှိ၊ ပစ္စည်းလက်ကျန်လည်းနည်း နေတာကြောင့် အရောင်းအဝယ်လည်းနားထားတယ်လို့ သိရှိရပါတယ်။

Agency Ministry of Foreign Affairs
Category General