ပြည်မြို့ဒေသထွက် သရက်သီးမှည့်များ ယခုနှစ်ဈေးသက်သာ အရောင်း အဝယ်သွက်

ယခုနှစ် သစ်သီးဝလံဈေးကွက် တွင် သရက်သီးမှည့်များ ဝင်ရောက်မှု ပေါများပြီး ဈေးနှုန်းမှာလည်း ယခင်နှစ် နဲ့မတူဘဲ ဈေးသက်သာလာတာ တွေ့ရပါတယ်။ မိုးလည်း ရွာသွန်းနေပြီမို့ သရက်သီးမှည့်တွေက ချိုလည်း ချို အရောင်အသွေးမှာလည်း ကောင်းပြီး၊ ဈေးနှုန်းလည်း သက်သာတာ ကြောင့် ဒေသတွင်းရော၊ နယ် တင်ပို့မှုပါ အရောင်း အဝယ်သွက်လျက် ရှိနေပါတယ်။
ပြည်ဒေသမှထွက်ရှိသော သရက်သီးများမှာ မြကျောက်၊ စိန်တစ်လုံး၊ မန္တလေးသရက်သီးတို့ကတော့ ဈေး ကွက်ဝင်သစ်သီးများဖြစ်ပြီး ဒေသ တွင်း စားသုံးမှုကတော့ သရက်သီးမျိုးစုံလင်စွာ စားသုံးလျက်ရှိကြပါ တယ်။ မြကျောက်နှင့် စိန်တစ်လုံးကို ရန်ကုန်၊ မန္တလေးသို့ တင်ပို့ပြီး မန္တ လေးသရက်ကို ရန်ကုန်နဲ့ ဒေသတွင်းသာ ရောင်းဝယ်ကြောင်း သိရပါ တယ်။ ယခုဇွန်(ပထမပတ်) အတွင်း သရက်သီးဈေးနှုန်းမှာ မြကျောက် တစ်လုံးဈေး (ရှယ်) ကျပ် ၁၂၀နဲ့(လုံးသန့်) ကျပ် ၁၀ဝဖြစ်ပြီး စိန်တစ် လုံးကတော့ ကျပ်၂၅၀ ဈေးတစ်မျိုး တည်းဖြစ်ပေါ်နေပါတယ်။ စိုက်ပျိုး သူ အနည်းငယ်သာရှိတာကြောင့် ထွက်ရှိတဲ့စိန်တစ်လုံးတွေဟာ ဈေးကွ က် ဝင်လာသမျှ အားလုံးအရောင်းအဝယ် ဖြစ်လျက်ရှိနေပါတယ်။ မန္တလေး သရက်သီးကို သရက်သီးကုန် သည်များက အပင်လိုက် ချုပ် ထားတာကြောင့် ဒေသတွင်းဈေးမှာ တစ်လုံးလျှင်(ရှယ်) ၅၀ ကျပ်နှင့် (လုံးသန့်) ၃၅ ကျပ်ရှိပါတယ်။

Agency Ministry of Foreign Affairs
Category General