စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးနှင့်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ မူဆယ်ခရီးစဉ်

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးနှင့်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် အဖွဲ့ဝင်များသည် ကုန်သွယ်မှုမြှင့်တင်ရေးလုပ်ငန်း များ ဆောင်ရွက်နေမှု အခြေအနေများ အား လေ့လာရန်နှင့် ကုန်သွယ်မှုလမ်းကြောင်းတွင် ဖြစ်ပေါ်နေသော အခက်အခဲများ အပေါ် ဖြေရှင်းဆောင်ရွက်ပေး နိုင် ရေးအတွက် မူဆယ်မြို့သို့ (၁၄-၅-၂၀၁၆) ရက်နေ့မှ (၁၆-၅-၂၀၁၆) ရက်နေ့အထိ (၃)ရက်တာခရီး လာ ရောက်ပြီး ကုန်သည် လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများနှင့် ရင်းနှီး ပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် ၁၄-၅-၂၀၁၆ ရက်နေ့တွင်  ရန်ကုန်မြို့မှ မြန်မာ့ အမျိုးသား လေကြောင်းလိုင်းဖြင့် ထွက်ခွာလာရာ လားရှိုးမြို့သို့ ရောက်ရှိပြီး  လားရှိုးမြို့မှတဆင့် မော်တော် ယာဉ်ဖြင့် ထွက်ခွာလာရာ မူဆယ်မြို့သို့ ညနေပိုင်း တွင်ရောက်ရှိ ခဲ့ပြီး ရွှေလီ ရတနာရိပ်သာတွင်ညအိပ် တည်းခိုခဲ့ကြ ပါသည်။

ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့ဝင်များသည် ၁၅-၅-၂၀၁၆ ရက်နေ့တွင်   ရွှေလီရတနာရိပ်သာမှ ကျိန်စန်း ကျော့ ဂိတ်သို့ သွားရောက်ကြည့်ရှုခဲ့ပြီး ထိုမှတဆင့် မူဆယ်(၁၀၅)မိုင်ရှိ အရှေ့မြောက်တံခါး သစ်သီးကုမ္ပဏီသို့ သွားရောက်ခဲ့ပြီး ကုမ္ပဏီရုံးခန်း၌ သစ်သီးကုန်သည် များ နှင့်တွေ့ဆုံ၍တင်ပြချက် များအပေါ် ပြန်လည်ရှင်း လင်းပြောကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့ဝင်များသည် မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေး ဇုန်အနီး တောင်ပေါ်ဘုရားသို့ သွားရောက်ဖူးမျှော်၍ ဆရားတော်အား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပါ သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး နှင့် အဖွဲ့ဝင်များသည် မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန် အစည်းအဝေးခန်းမ၌ OSS အဖွဲ့ဝင်များနှင့်တွေ့ဆုံခဲ့ရာ ဇုန်တာဝန်ခံ ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးက ကုန်သွယ်ရေးဇုန်နှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက်နေ မှုအခြေအနေများအား Power Point ဖြင့် ရှင်းလင်း တင်ပြခဲ့ပြီး OSS အဖွဲ့ဝင်များမှ ဌာနအလိုက်လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်း တင်ပြ ကြပါသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပြီး ပြည်ထောင်စု ဝန်ကြီးမှ တွေ့ဆုံပွဲတက်ရောက်လာကြတဲ့ ဌာနဆိုင်ရာဝန်ထမ်းများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက် ခဲ့ပါတယ်။ ထိုနောက် ကုန်သွယ်ရေးဇုန် အတွင်း ဌာနအလိုက် လုပ်ငန်းဆောင်  ရွက်နေမှုများနှင့် ပို့ကုန်၊ သွင်းကုန်ယာဉ် စစ်ဆေးရေးကွင်းများကို လှည့်လည် ကြည့်ရှုခဲ့ပါသည်။

ထိုမှတဆင့်  ပြည်ထောင်စု ဝန်ကြီး နှင့်အဖွဲ့ဝင်များသည် မူဆယ်- နမ့်ခမ်းနယ်စပ်ကုန်သွယ်ရေး ကုန်သည် ကြီးများအသင်းသို့ သွားရောက်ခဲ့ပြီး အစည်း အဝေးခန်းမ၌ အသင်းအဖွဲ့တာဝန်ရှိသူများ ၊ ကုန်သည် လုပ်ငန်း ရှင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူ များနှင့်တွေ့ဆုံ ၍ ကုန်သွယ်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များ၊ မြေပြင်လုပ်ငန်း ဆောင်ရွက်ရာတွင် တွေ့ကြုံနေရသည့် အခက်အခဲများကို ဆွေးနွေးမေးမြန်းပြီး အကြံပြု တင်ပြချက်များအပေါ် လိုက်ပါလာသော တာဝန်ရှိသူများမှ ပြန်လည် ရှင်းလင်းဆွေးနွေးခြင်း၊ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခြင်း၊ လမ်းညွှန် မှာကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ပါ သည်။

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် ၁၆-၅-၂၀၁၆ ရက်နေ့တွင် ဆန်စပါးကုန်စည်ဒိုင်၏ အရောင်း/အဝယ် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား သွားရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါ သည်။ ထိုမှတဆင့် ပန်ခမ်းလှေဆိပ်သို့ သွားရောက်လေ့လာ ကြည့်ရှုခဲ့ပါသည်။ ထို့နောက် မန်ဝိန်းဂိတ်မှ ပို့ကုန် သွင်းကုန်ယာဉ်များ ဝင်/ထွက်နေမှုများအား သွားရောက်လေ့လာ ကြည့် ရှုခဲ့ပြီး မူဆယ်အထူးစီးပွားရေးဇုန်သို့ သွားရောက်ပြီး ဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုလေ့ လာခဲ့ ပါသည်။ ထို့နောက် ပြည်ထောင်စု ဝန်ကြီး နှင့် အဖွဲ့ဝင်များသည် ရွှေလီရတနာရိပ်သာ အစည်း အဝေးခန်းမ တရုတ်နိုင်ငံမှ တာဝန်ရှိသူများနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှု ဆိုင်ရာ ကိစ္စများ၊ ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ကိစ္စများ၊နှစ်နိုင်ငံအကျိုးတူ ကိစ္စများအား ချစ်ကြည် ရင်းနှီးစွာအမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့ဝင်များသည် မူဆယ်မြို့အဝင် လွယ်တိန်ခမ်း တောင်ပေါ်ရှိ ဘုရား များအား သွားရောက်ဖူးမြှော် ကြည်ညို ခဲ့ကြပါသည်။

ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့ဝင်များသည် ၁၇-၅-၂၀၁၆ ရက်နေ့တွင် ရွှေလီရတနာရိပ်သာ မှလားရှိုးမြို့သို့ မော်တော်ယာဉ်များဖြင့်ထွက်ခွာခဲ့ပြီး လမ်းကြောင်းတစ်လျှောက်ရှိ ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပွားလေ့ရှိသည့် နေရာများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆက်လက် ထွက်ခွာလာရာ လားရှိုးမြို့သို့ ရောက်ရှိပြီး စားသုံးသူရေးရာ ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၌ လားရှိုးမြို့ရှိ ကုန်သည်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ လုပ်ငန်းပိုင်းအခက်အခဲများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်း စွာ ဆွေးနွေးမေးမြန်းပြီး လိုအပ် သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။

ထို့နောက်  လားရှိုးလေဆိပ်မှ မြန်မာအမျိုးသားလေကြောင်းလိုင်းဖြင့် ပြန်လည်ထွက်ခွာခဲ့ရာ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။

Agency Ministry of Foreign Affairs
Category Technical Requirement