တရုတ်၊ အိန္ဒိယနဲ့ထိုင်းမှ ဘိလပ်မြေတန်ချိန်သုံးသောင်းကျော်ဝင်

မေ ၁ ရက်မှ ၇ ရက်  သီတင်းပတ်အတွင်းကန်ဒေါ်လာ၂၉၃၀၅၀၆တန်ဖိုး ရှိ ဘိလပ်မြေ ၃၅၉၂၄ ဒသမ ၇၄၆ တန်ကို ပင်လယ်ရေကြောင်း ကုန် သွယ် မှု လမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာအိန္ဒိယ မှ ၁၇၀ဝ ဒသမ ဝ၂၆ တန်၊  တရုတ်နိုင်ငံမှ ၁၆၈တန်နဲ့ ထိုင်းနိုင်ငံမှ ၃၄၀၅၆ ဒသမ ၇၂ တန် တင်သွင်းခဲ့တယ်လို့ သိရပါ တယ်။ ဒီတစ်ပတ်မှာထိုင်းနိုင် ငံ နဲ့ အိန္ဒိယမှ  အများဆုံး တင်သွင်းခဲ့ပါတယ်။ယခင်သီတင်း ပတ် ဘိလပ်မြေ အဝင်မှာ တန်ချိန် တစ်သိန်းကျော်  ရှိခဲ့တာကြောင့် ဒီတစ် ပတ် အဝင်နဲ့ယှဉ်ရင်တန်ချိန် ၆၈၃၀ဝကျော် အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။ ဘိလပ်မြေဈေးကွက် ပုံမှန်အရောင်း အဝယ်ဖြစ်
မေ ၁ ရက်မှ ၇ ရက် သီတင်းပတ်မှာ ပြည်တွင်းကို ရေလမ်းမှ  ဘိလပ်မြေ အဝင်မှာ ၃၅၉၂၄ တန်ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ် ဘိလပ်မြေ အဝင်မှာ ၁၀၄၂၄၃ တန်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ၆၈၃၀ဝ ကျော် အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။ နယ်စပ်လမ်းမှ ဘိလပ်မြေအဝင်မှာ တန်ချိန် ၂၇၅၄၈ ကျော်ရှိခဲ့ပြီး ယခင်တစ်ပတ်အဝင်မှာ တန်ချိန် ၃၀၇၂၉ ကျော်ရှိ ခဲ့တာကြောင့် ဒီတစ်ပတ်မှာတန်၃၁၈၀ ကျော်အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ ရေလမ်းမှရောနယ်စပ်လမ်းမှပါ ဘိလပ်မြေ အဝင်လျော့ခဲ့ပါ တယ်။
မော်လမြိုင်ဈေးကွက်မှာ ဘိလပ်မြေက အရောင်းအဝယ်ကောင်းပေမယ့် ဈေးနှုန်းအပြောင်းအလဲ  မရှိဘူးလို့ အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေးဆိုင်မှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ် နေတဲ့ ဈေးမှာ ဆင်(ထိုင်း) ၅၃၅၀ ကျပ်၊  ကြံ့(မြိုင်ကလေး) ၄၈၅၀ ကျပ်၊ စိန် (ထိုင်း) ၅၁၇၅ ကျပ်နဲ့  အရောင်းအဝယ်ဖြစ်တယ်လို့ အိမ်ဆောက်ပစ္စည်း  ရောင်းဝယ်ရေးဆိုင်မှ သိရှိရပါ တယ်။
မန္တလေးဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ်  ပုံမှန်ရှိတယ်လို့ သိရပါ တယ်။ ဒီတစ်ပတ်မှာ စိန်(ထိုင်း)၊ဆင်(ထိုင်း)နဲ့  မြန်မာဆင်က ဈေးအနည်းငယ် မြင့်လာပြီး ကျန်ဘိလပ်မြေများက ယခင်ဈေးနဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရ ပါတယ်။ ဒီတစ်ပတ် အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးမှာ အေသုံးလုံး ၅၀ဝ၀ ကျပ်၊ မြန်မာဆင် ၄၆၀ဝ ကျပ်၊ဆင်မင်း(ကျောက်ဆည်)၄၅၀ဝ ကျပ်၊ကျားခေါင်း၄၅၀ဝကျပ်၊မြင်းခေါင်း ၄၅၀ဝ ကျပ်၊ ဆင်(ထိုင်း)၇၃၀ဝ ကျပ်၊ စိန်(ထိုင်း) ၇၂၀ဝ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့သိရပါတယ်။
ရန်ကုန်ဈေးကွက်မှာ ဘိလပ်မြေက ပွင့်လင်းရာသီကြောင့်  ဒီတစ်ပတ်မှာ အရောင်းအဝယ်ပုံမှန်ရှိနေပြီး ဈေးက ငြိမ်နေတယ်လို့ သိရပါတယ်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးမှာ ဆင် (ထိုင်း) ၆၂၀ဝကျပ်၊ စိန် ၆၁၀ဝ ကျပ်၊ ကြံ့နှစ် ကောင်(နီ) ၅၇၀ဝကျပ်၊ ကြံ့နှစ်ကောင် (စိမ်း) ၅၅၀ဝ ကျပ်နဲ့ အရောင်းအဝယ်ဖြစ် တယ်လို့ ဘိလပ်မြေ အရောင်းဆိုင်မှ စုံစမ်းသိရှိခဲ့ပါတယ်။

Agency Ministry of Foreign Affairs
Category General