မြန်မာ့အလှကုန်ဈေးကွက်ကို မြှင့်တင်နိုင်ဖို့

ကိုရီးယားအလှကုန်ဈေးကွက်ကို အတုယူစို့အာဆီယံSMEs လုပ်ငန်း များ  ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာဆီယံ-ကိုရီးယားစင်တာမှ  ကြီးမှူး ၍  အာဆီယံ  ကိုရီးယားနည်း ပညာ ပူးပေါင်းဆောင်ရွက်ရေး အလုပ်ရုံဆွေးနွေးပွဲ (အလှကုန်ပစ္စည်းကဏ္ဍ) ကို တောင်ကိုရီးယား နိုင်ငံ  ဆိုးလ်မြို့တွင်ဧပြီ၂၅ ရက်မှ ၂၉ရက်အထိ ကျင်းပပြုလုပ်ရာ အာဆီယံနိုင်ငံ များမှ အလှကုန်ပစ္စည်း လုပ်ငန်းရှင်တစ်ဦးနှင့် အစိုးရဘက်မှ တစ်ဦးစီ တက်ရောက်ခဲ့ကြပါ တယ်။ ဒီအလုပ်ရုံ ဆွေးနွေးပွဲရဲ့  ရည်ရွယ်ချက် ကတော့ အလှကုန် ပစ္စည်းထုတ်လုပ်မှု၊  ဈေးကွက်ထိုးဖောက်နိုင်မှုနှင့်   ထုပ်ပိုး မှုနည်း ပညာများကို မျှဝေဖလှယ်နိုင်စေရန်နှင့် အာဆီယ
ံ နှင့်  ကိုရီးယားနိုင်ငံ အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်တည် ဆောက်နိုင် စေရန်ဖြစ် ပါတယ်။ တောင်ကိုရီးယားနိုင်ငံအနေနဲ့ ဒီနှစ်မှာ  အဓိကကဏ္ဍအဖြစ် အလှကုန်ကဏ္ဍကို ရွေးချယ်ထားကြောင်း ၊AEC  ကို စတင်အကောင် အထည်ဖော်နေပြီဖြစ်ရာ  အာဆီယံစီးပွားရေး အသိုက် အဝန်းရဲ့  ထုတ်လုပ်မှုကိုအခြေခံတဲ့  တစ်ခုတည်းသော  ဈေးကွက်မှ တစ်ဆင့်  အခြားကမ္ဘာ့ဈေးကွက်ကြီးများ သို့  ထိုးဖောက်နိုင်အောင်   ပူးပေါင်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရပါတယ်။အာဆီယံ- ကိုရီးယား စင်တာဟာ အာဆီယံနဲ့ ကိုရီးယားနိုင်ငံအချင်းချင်းကုန်သွယ်မှု နှင့်  ရင်းနှီး မြှုပ်နှံမှု တိုးမြှင့်စေရန်၊  ခရီးသွား လုပ်ငန်းနဲ့  ယဉ်ကျေးမှု များ  ကူးသန်းဆက်ဆံရေးတိုးမြှင့်စေရန် ရည် ရွယ်ဆောင်ရွက် လျက်ရှိ ပါတယ်။  ဒီခရီးစဉ်မှာ  ဆွေးနွေးပွဲ၊ ကုန်စည် ပြပွဲတက်ရောက်ခြင်းနဲ့  သက်ဆိုင်ရာ လုပ်ငန်းများသို့  လေ့လာရေး သွားရောက်ခြင်းတို့  ပါဝင်ပါ တယ်။ ဆွေးနွေးပွဲမှာကိုရီးယား ပညာ ရှင် နဲ့ လုပ်ငန်းရှင်များက  သူတို့ရဲ့ အတွေ့အကြုံ အလှကုန်နှင့် ပတ် သက်သည့်သမိုင်းကြောင်း၊  အရေးပါ မှု  အခြေအနေများကို ရှင်းလင်း ပြောကြားပြီး တက်ရောက်လာသည
့်အာဆီယံအဖွဲ့ဝင်နိုင်ငံ အသီးသီး ကလည်း မိမိတို့နိုင်ငံရဲ့ အလှကုန် ပစ္စည်းထုတ်လုပ်ရောင်းဝယ်မှု လုပ် ငန်းဆိုင်ရာနှင့် မိမိထုတ်ကုန်ရဲ့ ယှဉ်ပြိုင်နိုင် မှုစွမ်းအားတွေကို မျှဝေရှင်းလင်းဆွေးနွေးခဲ့ကြ
ပါတယ်။
ကိုရီးယားလူမျိုးများက အလှအပနှင့် ပတ်သက်ပြီး စိတ်ဓာတ် ပြင်းထန် သူများဖြစ်သဖြင့် ရုပ်ရှင်ဂီတမှ တစ်ဆင့် AEC  ကို ကမ္ဘာတစ်ဝန်း နာမည်ကျော်ကြားအောင် ကြိုးပမ်းလိုကြောင်း၊အာရှ ရဲ့ အလှဖန်တီးရှင် များဖြစ်လိုကြောင်း၊  လူကြီးလူငယ်ကျား၊မ ခွဲခြား ကာ အရွယ် အလိုက် ကြိုက် နှစ်သက်တဲ့အမျိုးအစားများကို  လေ့လာခွဲခြားထုတ် လုပ်ကြောင်း ၊ ဖြန့်ဖြူးရမည့်ဈေးကွက်နိုင်ငံရဲ့အကြိုက်ကို လည်း စနစ်တကျလေ့လာ၍ ဖြန့်ဖြူးတင်ပို့ကြကြောင်း၊ ထုတ်လုပ်ရာတွင် သုံးစွဲသည့်ပါဝင်ပစ္စည်း များ ကိုလည်း သဘာဝအပင်ပစ္စည်း၊ အဆင့်မြင့် ဓာတုပစ္စည်း၊တိရစ္ဆာန် နှင့် အစားအသောက်အခြေခံပစ္စည်း များကို သုတေသနပြုလုပ်၍ ကုန်ကြမ်းအဖြစ်သုံးစွဲကြောင်း၊  လိမ်း ခြယ်ရန်အလှပြင်ပစ္စည်း ကိရိယာ များကိုလည်း  အသစ်အဆန်းများ  တီထွင်ထုတ်လုပ် ကြောင်း      အလှအပ ရေးရာ ပါမောက္ခတစ်ဦးက K Beauty နဲ့ ပတ်သက်ပြီး ပြောကြားပါတယ်။ယနေ့ခေတ်မှာBrand Market Competitionတွေ အရမ်းများလာပြီဖြစ်တာကြောင့် ကိုယ်လုပ်မယ့် လုပ်ငန်းဟာလည်း  ဈေးကွက် ထိုးဖောက်ယှဉ်ပြိုင်နိုင်ဖို့အတွက်  နာမည်ကြီးအမှတ် တံဆိပ် ဖြစ်ဖို့ လိုအပ်လာပါတယ်။  ကိုရီးယားရဲ့ Branding  Strategies အကြောင်း ရှင်းပြ ရာမှာ အမှတ်တံဆိပ်တစ်ခုအောင်မြင်ဖို့ ဖြန့်ချိရေး နည်း လမ်း၊ ဈေးနှုန်း၊ ယုံကြည်မှုအပေါ်မူတည်ပြီး ရာသီ အလိုက် နွေရာသီအတွက် တစ်မျိုး ဆောင်းရာသီအတွက် တစ်မျိုးထုတ်လုပ်ခြင်း၊ တစ်ခုတည်းနဲ့ အမျိုးမျိုးအဖုံဖုံအသုံးပြုနိုင်အောင်  ထုတ်လုပ်ခြင်းတို့  ဆောင်ရွက် ကြောင်းသိရပါ တယ်။ထုပ်ပိုးမှုနည်းစနစ်ပိုင်းမှာတော့ အဓိက အနေနဲ့   ပစ္စည်းရဲ့ ဓာတ်မပျက်အောင်ကာကွယ်ဖို့ရယ်၊ အသုံးပြုကိုင်တွယ်ရတာ လွယ် ကူအောင်ရယ်၊ ဖြန့်ဖြူးရောင်းချရာ မှာလည်း  အဆင်ပြေတဲ့ပုံစံမျိုး ထုတ်လုပ်ကြရတာ ဖြစ်ကြောင်း၊ နိုင်ငံ တကာကို  ထိုးဖောက်ဖို့ဆိုရင် တော့  အကုန်အကျခံကာ  အဆင့်မြင့် ပြီး  ဆွဲဆောင်မှုရှိတဲ့  ထုပ်ပိုးမှု ပုံစံမျိုးဖြစ်မှ  မိမိပစ္စည်းကို  ယုံကြည်မှု ရှိပြီး ဈေးကွက်ဝင်ရောက်နိုင် မှာဖြစ်ကြောင်း  သိရပါတယ်။ကိုရီးယာ နိုင်ငံ  ဆိုးလ်မြို့  မြောင်ဒုံးဈေးရှိ   အလှကုန်ပစ္စည်း ဈေးကွက် ကိုလေ့ လာ ရာမှာ  အမှတ်တံဆိပ်သီးသန့်အမည်နဲ့  ဖွင့်လှစ် ရောင်းချတဲ့ ဆိုင် များ ကိုတွေ့ရပြီး   အလှကုန်ပစ္စည်းအမျိုးမျိုးကို  တစ် မျိုးချင်း စီ အလိုက်  စမ်းသပ်နိုင်ရန်  နမူနာတစ်ခုစီဖွင့်ဖောက်ပြသထား လေ့ရှိကာ  အရောင်းမြှင့်တင်နိုင်ရန်  ဈေးလျှော့ရောင်းချခြင်း၊ နမူနလက်ဆောင်ပေး ခြင်း များကို ဆောင်ရွက်ကြပါတယ်။  ကိုရီးယား နိုင်ငံ ရဲ့ နာမည်ကြီး   အလှကုန်ကုမ္ပဏီများဟာ   အမှတ်တံဆိပ်အမည် နာမအမျိုးမျိုးနဲ့ ထုတ်လုပ် တာကိုတွေ့ရှိရပါတယ်။  နာမည်တစ်ခု တည်း နဲ့ ဇောက်ချလုပ်တာထက်အမည်အမျိုးမျိုး ဈေးနှုန်းအမျိုးမျိုးနဲ့ ဈေးကွက် ဝေစုကို ပိုမိုရရှိစေရန် ဆောင်ရွက်တာတွေ့ရပါတယ်။ဆိုးလ် မြို့   COEX Hall တွင် ဧပြီ ၂၈ ရက်မှ ၃၀ ရက်အထိ ကျင်းပပြုလုပ် တဲ့Seoul International Cosmetics & Beauty and Health Expo 2016ကိုသွားရောက်ရာကိုရီးယားနိုင်ငံ မှာ အလှ ကုန်ပစ္စည်းထုတ်လုပ် တဲ့  ကုမ္ပဏီများစွာရှိပြီး ပြပွဲမှာ  အလှကုန်နှင့် ကျန်းမာရေးပစ္စည်း  ပြခန်းပေါင်း ၁၀ဝ၀ ကျော်   ခင်းကျင်း ပြသထား ပါတယ်။ရောင်းချခြင်းအပြင်ပြပွဲများ၊ လက်တွေ့ဆောင် ရွက်ပေးခြင်း နဲ့ ဈေးကွက်ချိတ်ဆက်နိုင်ရန် ဆွေးနွေးပွဲများကို ပြခန်းတိုင်းတွင် တွေ့ရှိရပြီး  လက်ကမ်းကြော်ငြာများ၊  လိပ်စာကတ်များ အပြန်အလှန် လဲလှယ်ကြတာတွေ့ရပါတယ်။ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီး အလှကုန် ကုမ္ပဏီ များဖြစ်တဲ့ AMORE Pacific ကုမ္ပဏီ၊LG  ကုမ္ပဏီနှင့်  Coreana  ကုမ္ပဏီများသို့ လေ့လာခဲ့ရပါတယ်။ သင်တန်းပေးသလို နည်းပညာအသေးစိတ်တော့ သင်ကြားပြသပေးခြင်းမျိုးမဟုတ်ပါ။  သူတို့ မှာလည်း  ပါရဂူဘွဲ့၊ မာစ တာဘွဲ့ ပညာရှင်များကို ခန့်ထားရကြောင်း၊  သုတေသနနဲ့နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုတို့ကိုလည်း  အဆက်မပြတ် လုပ်နေရကြောင်း သိရ ပါတယ်။  လေ့လာခဲ့ရတဲ့ ကုမ္ပဏီအားလုံးရဲ့  တူညီတဲ့အချက်တွေ ကတော့ သူတို့ရဲ့ နောက်ခံသမိုင်းကြောင်းတွေ၊  မှတ်တမ်းမှတ်ရာတွေ၊ စိတ်ခံစားချက်နဲ့  တွန်းအားဖြစ်ပေါ်လာမှု အခြေ အနေ၊  ခံယူချက် ဆောင်ပုဒ်လေးတွေ ၊ ထုတ်လုပ်ထား တဲ့ပစ္စည်းအဆင့် ဆင့် ပြောင်းလဲ လာတဲ့မှတ်တမ်းများ၊  ကုန်ကြမ်းအတွက်  ဂျင်ဆင်း၊ ပန်းစိုက်ခင်းများ၊ အောင်မြင်မှုရရှိအောင်   ဆောင်ရွက် လာတဲ့   အတွေ့ အကြုံများကို ပြခန်းများ ဗီဒီယိုများနဲ့ ရှင်းလင်းပြသပါတယ်။မြန်မာနိုင် ငံမှဆွေးနွေးတဲ့ ရွှေပြည်နန်းကုမ္ပဏီလုပ်ငန်းရှင်ကလည်း   ပုဂံမြို့တွင်  သနပ်ခါး Museum & Resort  ဖွင့်လှစ်ထား ကြောင်း၊ မြန်မာနိုင်ငံမှာ  အဓိက သုံးစွဲကြတာ သနပ်ခါးဖြစ်ကြောင်း ၊ သနပ်ခါးအခြေခံ အလှကုန် ပစ္စည်း ထုတ်လုပ်မှုအခြေအနေ၊ တင်ပို့ တဲ့နိုင်ငံများ၊   တင်သွင်း တဲ့နိုင်ငံနဲ့  အလှကုန်ပစ္စည်းများကို ရှင်းလင်း ဆွေးနွေးခဲ့ကာ   ကိုရီးယား အလှကုန်များကိုလည်း မြန်မာနိုင်ငံမှ ကြိုက်နှစ်သက်ကြကြောင်းဆွေးနွေး ပါတယ်။ ကိုရီးယားနိုင်ငံအနေ နဲ့ အလှကုန်အတွက် ပန်းမျိုးစုံ  ကုန်ကြမ်း ပေါများကြောင်း တွေ့ရပြီး မိမိတို့နိုင်ငံမှ  သနပ်ခါးကုန်ကြမ်းကို ဝယ်လို ခြင်းမရှိဘဲ အခြား  အာဆီယံအဖွဲ့ဝင် နိုင်ငံများကတော့  စိတ်ဝင်စား ကြောင်း တွေ့ရပါ တယ်။ ယခုလိုဖိတ်ကြားဆောင်ရွက်ခြင်းဖြင့်ကိုရီးယား အလှကုန် ပစ္စည်းများကို   အာဆီယံနိုင်ငံများသို့ ကြော်ငြာ မိတ်ဆက် ပေးတဲ့ သဘောလည်း ပါဝင်ပါတယ်။ ကိုရီးယား အလှကုန်ပစ္စည်း ထုတ် လုပ် ခြင်းရဲ့  အားသာချက်များကတော့  အခြေခံ အဆောက်အအုံများ ကောင်းမွန်ခြင်း၊  နည်းပညာများရှိခြင်း နဲ့  ကမ္ဘာ့ဈေးကွက်ကို ဝင် ရောက်နိုင်ခြင်းတို့ဖြစ်ပါတယ်။ အာဆီယံနိုင်ငံတွေအတွက် ထုတ်လုပ် မှုနဲ့ ယှဉ်ပြိုင်နိုင်မှုစွမ်းအား မြင့်မားလာစေရေးအတွက်  သင့်တော်တဲ့ နည်း
ပညာတွေကို သိရှိနားလည်ရန် အရေးပါနေပါတယ်။ကိုရီးယားနိုင်ငံ အနေ နဲ့  သူ့နိုင်ငံရဲ့ အလှကုန်ပစ္စည်းဈေးကွက်ကို ကမ္ဘာအနှံ့ထိုးဖောက် နိုင် အောင် ကြိုးစားနေကြသလို  သူတို့ရဲ့ အလှ ကုန်ပစ္စည်း အမှတ်တံဆိပ် အမျိုးမျိုးကလည်း  အရည်အသွေးရှိရှိနဲ့ ဈေးကွက် သို့  ထိုးဖောက် လာ တဲ့အတွက် ကမ္ဘာ့အဆင့်တစ်နေရာကို ရောက်ရှိလာတာတွေ့ရပါတယ်။  သဘာဝကုန်ကြမ်းပစ္စည်းတွေကို ခေတ်မီဓာတုကုန်ကြမ်းပစ္စည်းများနဲ့  ပေါင်းစပ်ပြီးအရည်အသွေး ပြည့်ဝ တဲ့ အလှကုန်  ပစ္စည်းဈေးကွက်ဟာ  အာဆီယံနိုင်ငံတစ်ဝန်း ထိုးဖောက်ဝင်ရောက်နေပြီဖြစ်ပါတယ်။
ဒါကြောင့်  မြန်မာနိုင်ငံက  အလှကုန်ပစ္စည်းထုတ်လုပ်သူတွေ အနေနဲ့ မိမိတို့ရဲ့  အလှကုန်ပစ္စည်း ဈေးကွက်ကို  အာဆီယံနိုင်ငံ များဆီသို့  ဈေးကွက်ထိုးဖောက်ဝင်ရောက်နိုင်ဖို့၊   အမှတ်တံဆိပ် အရည် အသွေး ကို အဓိကထားပြီးထုတ်လုပ်တင်ပို့နိုင်အောင် ကြိုးစား ကြခြင်းဖြင့်  ပို့ကုန်ကို မြှင့်တင်ကြပါစို့လို့  တိုက်တွန်းရေးသားလိုက် ပါတယ်။ င်္ရီလင်းထွဋ်(မုံရွာ)

Agency Ministry of Foreign Affairs
Category General