ဒီတစ်ပတ် ဓာတ်ဆီ၊ ဒီဇယ် ၅၀ တန်ကျော်သာဝင်

မေ ၁ ရက်မှ ၇ ရက် သီတင်းပတ်အတွင်း ပင်လယ်ရေကြောင်းလမ်းမှ
ကန်ဒေါ်လာ ၉၅၃၈၃၇ တန်ဖိုးရှိ ဒီဇယ် ၄၀ဒသမ ၈၇၅ တန်နဲ့ ကန်ဒေါ် လာ ၇၇၆၃၈၀ တန်ဖိုးရှိဓာတ်ဆီ ၁၇ ဒသမ ၉၁၃ တန်တင်သွင်းခဲ့ တယ် လို့ သိရပါတယ်။ ယခင်သီတင်းပတ် ဒီဇယ်၊ ဓာတ်ဆီအဝင် မရှိခဲ့ဘဲဒီ တစ်ပတ်မှ ပြန်လည် တင်သွင်း ခဲ့တာ ဖြစ်ပါတယ်။ပြည်တွင်း ပုဂ္ဂလိ က စက်သုံးဆီဆိုင်များမှာ ရောင်းချနေတဲ့ဓာတ်ဆီ၊ ဒီဇယ် ဈေးများက တောင်ကြီးနဲ့ မော်လမြိုင်၊  ရန်ကုန်မှာ ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပြင်ပမှာ လက်လီရောင်းချနေတဲ့ဒီဇယ်၊ ဓာတ်ဆီပီပါဈေးများ မှာလည်း ယခင်တစ်ပတ်ဈေးနှင့်နှိုင်းယှဉ်ကြည့်ရင် ရန်ကုန်မှာ ဓာတ်ဆီ ဈေးငြိမ်နေပြီး၊ ဒီဇယ် ဝယ်ဈေး အနည်းငယ်မြင့်လာတယ်လို့သိရပါတယ်။
ရန်ကုန်ဈေးကွက်မှာ ပုဂ္ဂလိက စက်သုံးဆီဆိုင်များမှာ ရောင်းချနေတဲ့  အောက်တိန်း(92)၊အောက်တိန်း (95)၊ ဒီဇယ်နဲ့ အဆင်မြင့်ဒီဇယ်မှာ ဈေး အနည်းငယ် မြင့်နေတယ်လို့သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိကစက်သုံးဆီ ဆိုင်မှာ ရောင်းချနေတဲ့ ဈေးမှာဒီဇယ်၅၀ဝ ကျပ်၊အောက်တိန်း (92) ၅၅၀ ကျပ်၊ အောက်တိန်း (95) ၆၅၀ ကျပ်၊ အဆင့်မြင့်ဒီဇယ် ၅၄၀ကျပ် နဲ့  အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ မေ ၉ ရက် ဒီဇယ်ဝယ် ဈေး ၉၅၀ဝ၀ ကျပ်၊ရောင်းဈေး၉၈၀ဝ၀ကျပ်ဈေးရှိခဲ့ပြီး ၁၀ ရက်တွင် ရောင်းဈေး၁၀ဝ၀ ကျပ်ဈေးမြင့်လာခဲ့ပါတယ်။ မေ ၁၂ ရက်တွင်းရောင်း ဈေးငြိမ်နေသော်လည်း ဝယ်ဈေး ၂၀ဝ၀ ကျပ်ဈေးမြင့်ပြီး  အရောင်း အဝယ်ဖြစ် ခဲ့တယ်လို့ သိရပါတယ်။ ဓာတ်ဆီပီပါဈေးမှာ မေ ၉ ရက်တွင် ဝယ်ဈေး ၁၃၇၀ဝ၀ ကျပ်၊ ရောင်းဈေး ၁၄၀ဝ၀ဝ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်ခဲ့ရာ တစ်ပတ်လုံး ဒီဈေး နဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ တစ်ဂါလန်ဈေးမှာ ဒီဇယ်ရော ဓာတ်ဆီပါ  တစ်ဂါလန် ၃၀ဝ၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါ တယ်။ မန္တလေး ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ရှိ နေတယ်။ ပုဂ္ဂလိကဆိုင်များတွင် ရောင်းချနေတဲ့ဈေးမှာ ဓာတ်ဆီ၊ ဒီဇယ်၊အဆင့်မြင့် ဒီဇယ်နဲ့ အောက်တိန်းမှာ   ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ပုဂ္ဂလိက စက်သုံးဆီဆိုင်မှာ ရောင်းချနေတဲ့ဈေးမှာ ဓာတ်ဆီတစ်လီတာ ၆၇၀ကျပ်၊ ဒီဇယ် ၅၂၀ ကျပ်၊ အဆင့်မြင့် ဒီဇယ် ၅၆၀ ကျပ်၊ အောက်တိန်း (92) ၆၀ဝ ကျပ်နဲ့ ရောင်းချနေပါတယ်။ပြင်ပ လက်လီဆိုင်များမှာ အရောင်း အဝယ် ဖြစ်နေတဲ့ ပီပါဈေးများမှာ မေလ ၉ ရက် ဒီဇယ် ဝယ်ဈေး ၉၉၀ဝ၀ ကျပ်၊  ရောင်းဈေး ၁၀၁၀ဝ၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာ ၁၀ ရက်မှာ ဝယ်ဈေး၊ ရောင်းဈေး ၃၀ဝ၀ ကျပ် ဈေးကျလာတယ်လို့ သိရပါ တယ်။ ဓာတ်ဆီဈေးမှာ မေ ၁၂ ရက်တွင် ဝယ်ဈေး ၉၈၀ဝ၀ ကျပ်၊ ရောင်းဈေး ၁၀ဝ၀ဝ၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပြင်ပလက်လီဆိုင်များတွင် တစ်ဂါလန်ဈေးမှာ ဒီဇယ်၂၁၀ဝကျပ်၊ ဓာတ်ဆီ၂၆၀ဝ ကျပ်နဲ့အရောင်းအဝယ်ဖြစ် တယ်လို့သိရပါတယ်။
မော်လမြိုင်ဈေးကွက်မှာ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဓာတ်ဆီ ၊အောက် တိန်း  ဒီဇယ်မှာ ဈေးငြိမ်နေတယ်လို့သိရပါတယ်။ဒီတစ်ပတ် ပုဂ္ဂလိက ဆိုင်မှာ ရောင်းချ နေတဲ့ ဈေးများ က ဓာတ်ဆီတစ်ဂါလန် ၃၀ဝ၀ ကျပ်၊ ဒီဇယ်တစ်ဂါလန် ၂၃၄၀ကျပ်၊ အောက်တိန်း ၂၆၁၀ ကျပ်နဲ့ ရောင်းချ တယ်လို့ သိရပါတယ်။ ပြင်ပလက်လီဆိုင် များမှာ ဓာတ်ဆီတစ်ဂါလန် ၃၁၀ဝကျပ်၊ ဒီဇယ် တစ်ဂါလန် ၂၅၀ဝ ကျပ်၊ အောက် တိန်းတစ်ဂါလန် ၂၇၀ဝ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရှိရပါတယ်။
တောင်ကြီးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်ကပုံမှန် အရောင်းအဝယ်ဖြစ် တယ် လို့ သိရပါတယ်။ စက်သုံးဆီဈေးများမှာလည်း ဆက်လက်ဈေးငြိမ် နေခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ပုဂ္ဂလိက ဆိုင်မှာ ရောင်းချနေတဲ့ ဈေးများက ဓာတ်ဆီ တစ် ဂါလန်၂၅၀ဝကျပ်၊ ဒီဇယ်တစ်ဂါလန် ၂၃၀ဝ ကျပ် နဲ့ အရောင်း အဝယ်ဖြစ် တယ်လို့ သိရပါတယ်။ ပြင်ပလက်လီဆိုင်များမှာ ဓာတ်ဆီတစ်ဂါလန် ၂၆၀ဝ ကျပ်၊ ဒီဇယ် တစ်ဂါလန် ၂၃၀ဝ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။
MIRT-DOT
 

Agency Ministry of Foreign Affairs
Category General