ပြည်မြို့ သို့ ကြက်သွန်ဖြူ အဝင်နည်း၍ ဈေးအတက်အကျများနေ

ပြည်ဈေးကြီး (မြို့မစည်ပင်ဈေး) ပွဲရုံများတွင် စားဖိုဆောင်သီးနှံ ကြက်သွန်ဖြူ ဈေးနှုန်းများ ယခင်နှစ်ထက်မတူဘဲ တေက်လိုက်၊ ပြန်ကျ လိုက် နဲ့ ဈေးနှုန်းမငြိမ်မသက်  ဖြစ်နေခဲ့ပါတယ်။ ကြက်သွန်ဖြူသီးနှံဟာ အခြား တိုင်း^ပြည်နယ်များမှ မှာယူတင်သွင်းရတဲ့ ကုန်ပစ္စည်းဖြစ်လို့  ယခုကဲ့သို့ ဈေးမငြိမ်မသက်ဖြစ်နေ ရခြင်းဖြစ်ပါတယ်။
ယခုမေလ (ဒုတိယပတ်) ရဲ့ ကြက်သွန်ဖြူပွဲရုံများရဲ့ တစ်ပိဿာဈေး မှာ (ရှမ်းစ) ၃၀ဝ၀ ကျပ်မှ ၃၄၀ဝ ကျပ်အထိဖြစ်ပြီး ဒေသတွင်းအရောင်း အဝယ်မှာ တစ်ပိဿာလျှင် ၃၀ဝ၀ ကျပ်မှ ၄၀ဝ၀ ကျပ်ဈေးအထိ ရောင်း ဝယ်ပါတယ်။ မေလ (ပထမ ပတ်) ထက်ပွဲရုံဈေး တစ်ပိဿာလျှင် ၃၀ဝ ကျပ်မှ ၄၀ဝ ကျပ် မြင့်တက်လျက်ရှိပါတယ်။ မေလအတွင်း ဈေးမငြိမ် သက်ရ ခြင်းမှာ ပဲခူးတိုင်းဒေသကြီး(ပြည်မြို့) ဘက်သို့  အဝင်နည်းနေပြီး တာချီ လိတ်နှင့်ကျိုင်းတုံတို့ဘက်သို့ စီးဆင်းပြီး  အဝင်လိုက်နေ တာ ကြောင့်ဖြစ် တယ်လို့ သိရပါတယ် ။                                                                
 နီနီဝင်း

Agency Ministry of Foreign Affairs
Category General