ပြည်ပဲမျိုးစုံဈေးကွက်မှာ မေလဒုတိယပတ်အတွင်း မတ်ပဲနှင့် ပဲစင်းငုံဈေး ပြန်လည်မြင့်တက်

ပဲခူးတိုင်းဒေသကြီး၊   ပြည်ပဲမျိုးစုံ ဈေးကွက်မှာ မေလ ဒုတိယပတ် အတွင်း ပဲအချို့ ဈေးမြင့်တက်လာသလို အချို့ပဲ များကတော့ ဈေးငြိမ် အရောင်းအဝယ် ဖြစ်ခဲ့တာကို တွေ့ရပါတယ်။ လဆန်း ရက်မှာ မတ်ပဲနဲ့  ပဲစင်းငုံဈေးလျော့ သွားပြီး ယခုတစ်ပတ်မှာတော့ ဈေးပြန် တက်လာ ခဲ့ပါ တယ်။မတ်ပဲသီးနှံမှာပန်းတောင်း၊ပေါင်းတလည်၊ ပေါက် ခေါင်း၊ရွှေတောင် ၊ကျီးသဲဖက်မှအိတ် ၃၀ဝ မှ ၄၀ဝ ကျော်အထိ ဝင်ရောက်ခဲ့ ကာ လက် ကျန် ပဲလည်း  ရှိတဲ့အတွက် နေ့စဉ်အိတ် ၄၀ဝ ကျော်အထိ ဝင် ရောက် ခဲ့ကာ လက်ကျန်ပဲလည်းရှိတဲ့ အတွက် နေ့စဉ်အိတ် ၄၀ဝ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ရန်ကုန် ဝယ်လက်က အဓိကထားဝယ်ယူ ခဲ့ကာပဲဈေးနှုန်းကတော့တစ်တင်း ၅၄၃၀ဝ ကျပ်ဖြင့် ယခင်တစ်ပတ်ဈေး ထက် ဈေး ပိုရခဲ့ပါတယ်။ ယခင်တစ်ပတ်က တစ် တင်း ၅၃၅၀ဝ ကျပ်နဲ့ ရန်ကုန်ဝယ်လက် တွေက ဝယ်ယူခဲ့ကြောင်း သိရပါတယ်။
ယခုရက်ပိုင်းအတွင်း  ပဲဈေးနှုန်း အတက်အကျ  သိပ်မမှန်တဲ့အတွက် ပဲလှောင်ထားသူအချို့နဲ့ တောင်သူ အချို့က အနည်းသာ  ထုတ် ရောင်း ပြီး တက်ဈေး မျှော်နေတယ်လို့လည်း သိရ ပါတယ်။ ယခင်နှစ်က ပဲသစ် ပေါ်ချိန်မှာ တစ်တင်း ကျပ်သုံးသောင်းအောက်ရရှိ ခဲ့ပြီး သင်္ကြန် ပြီးချိန် ကာလမှစ၍ ပဲဈေး များ တဖြည်းဖြည်း  မြင့်တက်လာခဲ့လို့ ဇွန်လတွင် တစ်တင်း ကျပ်လေးသောင်း ကျော်ရရှိလာခဲ့ပါတယ်။   ယခုနှစ်မှာ တော့ မတ်ပဲဈေးဟာ ပဲသစ်ပေါ်စချိန်မှာ တစ်တင်း ကျပ်ငါးသောင်းကျပ်ရရှိခဲ့ သလို ယခုနောက်ပိုင်းကာလမှာလည်း ဈေးသိသိသာသာ   ပိုရလာတာ မျိုး မဟုတ်ဘဲ ကျပ်ငါးသောင်းတစ်ပတ် လည်သာ အရောင်းအဝယ် ဖြစ် လျက်ရှိ နေတာကို တွေ့ရပါတယ်။
ပဲစင်းငုံသီးနှံမှာယခုချိန်တွင် ပဲ ဝင်ရောက်မှုမရှိဘဲ လက်ကျန်ပဲသာရှိ တဲ့အတွက် အရောင်းအဝယ်မှာလည်း မတ်ပဲကဲ့သို့ နေ့စဉ်အဝယ်မရှိဘဲ ရက် ခြားသာ အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။  ရန်ကုန် ဝယ် လက် အဝယ်ရှိလို့ အရောင်းအဝယ် ဖြစ်သည့် ရက်မှာ အိတ် ၄၀ဝ ကျော် ၅၀ဝ ခန့် အဝယ်လိုက်ခဲ့ပါတယ်။ ပဲဈေးမှာ တစ် တင်းကို ၅၀ဝ၀ဝ ကျပ်နဲ့ ဈေးကောင်း ရလျက်ရှိပြီး ပဲဈေးကွက်မှာ မတ်ပဲသီးနှံ ပြီးလျှင် ပဲစင်းငုံသီးနှံက  ဒုတိယဈေး အများဆုံးဖြစ်ခဲ့တာကို တွေ့ရပါတယ်။
ကုလားပဲသီးနှံမှာ ပဲအဝင်နည်း သွားပြီဖြစ်လို့ အိတ် ၂၀ဝ ကျော် ၃၀ဝ ခန့် ဝင်ရောက်ခဲ့ပြီး ခွဲစက်သမား နေ့စဉ် အဝယ်ရှိခဲ့ပါတယ်။ ကုလားပဲသီးနှံဈေး မှာ ယခုနှစ်အတွင်း  ဈေးကောင်းခဲ့တဲ့ အတွက် တစ်တင်း ၄၀ဝ၀ဝ ကျပ်နဲ့ ယခု မေလဒုတိယပတ်အထိ ၎င်းဈေးအတိုင်း ဈေးအမြင့်နဲ့    ဆက်လက်အရောင်း အဝယ်ဖြစ်ခဲ့ကြပါတယ်။ ယခင်နှစ် က  ကုလားပဲသီးနှံရဲ့ ပဲဟောင်းဈေးမှာ လည်း ပဲသစ်မပေါ်ခင်ချိန်အထိ ဈေး ကောင်းခဲ့ကာ တစ်တင်းလေးသောင်း ကျပ်ရရှိခဲ့ပြီး ပဲသစ်များဈေး ကွက်သို့ စဝင်လာချိန်  ဖေဖော်ဝါရီလမှာ တစ် တင်း ကျပ်သုံးသောင်း ပတ်ဝန်းကျင်သာ ရရှိခဲ့လို့ ပဲသစ်ဈေးထက်ပဲဟောင်း ဈေးကပိုကောင်းခဲ့ တာကို   တွေ့ရပါတယ်။
ယခုအချိန်မှာတော့  ပဲဈေးနှုန်းက တဖြည်းဖြည်း   ဈေးမြင့်တက်ခဲ့လို့ ပဲဟောင်းဈေးကို   ပြန်မီလာတာကို တွေ့ရပါတယ်။ ပြည်တွင်း ပဲဈေး ကွက် မှာလည်း ပဲကြီး၊ ပဲပုတ်စတဲ့သီးနှံတွေနဲ့  ယှဉ်လျှင်ဈေးကောင်း ရနေတဲ့ပဲဖြစ်ခဲ့ပါ တယ်။ပဲကြီးသီးနှံကတော့  ရွှေတောင်၊ ပေါက်ခေါင်း ၊ ပန်းတောင်းနှင့် ကံမမြို့ နယ်များမှ တစ်ရက် အိတ် ၂၀ဝ ကျော် နေ့စဉ် အဝင်ရှိခဲ့ပြီး ပဲကြော်ဖိုလုပ်ငန်း သမားများ နေ့စဉ်ဝယ်ယူခဲ့ကြပါတယ်။ ပဲကြီးဈေးနှုန်းမှာ (ရွှေကျွန်း) တစ်တင်း ၂၈၀ဝ၀ ကျပ်၊ (ကမ်းနား) တစ်တင်း၂၅၅၀ဝ ကျပ်ဖြင့် ယခင်တစ်ပတ်ထက် ဈေးအနည်းငယ် လျော့ ကျခဲ့ပါတယ်။ ပဲကြီးသီးနှံကလည်း ပဲသစ်ပေါ်ချိန်မှာ တစ်တင်း ၂၈၅၀ဝ ကျပ်ရရှိပြီး ပဲ အထွက်လှိုင်လာချိန်မှာ ပဲဈေးလျော့ကျ ခဲ့ပါတယ်။ တစ် တင်း ကို ကျပ်သုံးထောင် ခန့်စီ လျော့နည်းသွားကာ တစ်တင်း ၂၅၀ဝ၀ ကျပ်ခန့်သာ ရရှိခဲ့ကြပါတယ်။ သင်္ကြန်ပြီးချိန်မှစ၍ ပဲဈေးပြန်မြင့်တက် ခဲ့လို့ယခုအချိန်မှာပဲသစ်အဖွင့်ဈေးကို ပြန်မီလာခဲ့ပြီဖြစ်ပါ တယ်။ လက် လီ သမားများနဲ့   အရောင်း အဝယ်ဖြစ်လျက်ရှိခဲ့တဲ့ ပဲလွန်းဖြူ၊ ပဲပုပ်စတဲ့ ပဲများကတော့ တစ်ရက်ကို ၁၀ အိတ်ကျော်ခန့်သာ အရောင်း အဝယ်ဖြစ် ခဲ့ပြီး ပဲဈေးမှာလည်း တစ် တင်း   ကျပ်နှစ်သောင်းခန့်သာရလို့ ပဲလွန်းဖြူ တစ်တင်း ၂၀ဝ၀ဝ ကျပ်၊ ပဲပုပ် တစ်တင်း ၂၁၀ဝ၀ ကျပ်နဲ့ ဈေးငြိမ်ပြီး အရောင်းအဝယ်အေးခဲ့တဲ့ ပဲများဖြစ်ခဲ့ ကြပါတယ်။
ခင်ဆွေဝင်း-ပြည်

Agency Ministry of Foreign Affairs
Category General