ဆန်ချောဈေးမာပြီး အရောင်းအဝယ်ပုံမှန်ရှိကာ နွေဆန်ဒိုင်အဝင်များပြီးဈေးဆက်ကျနေ

ရန်ကုန်မြို့ ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)ရဲ့  မေ ၁၃ ရက်နေ့ လက် ကား ဆန်ဈေးနှုန်းများမှာ ဖျာပုံပေါ်ဆန်းဆန် ထိပ်စ တစ်အိတ် ၃၆၀ဝ၀ ကျပ် ၊ အလတ် စ ဆန်တစ်အိတ် ၃၄၅၀ဝ ကျပ်ဖြစ်လို့ ယခင်တစ်ပတ် နဲ့ဈေးနှုန်းနှိုင်းယှဉ်ကြည့် ပါက ထိပ်စ၊ လတ်စဆန်တစ်အိတ်ကို ၅၀ဝ ကျပ်ခန့်   ဈေးမြင့်လာပါတယ်။ မြောင်းမြ၊ ပုသိမ်ပေါ်ဆန်းဆန်ထိပ်စ တစ်အိတ် ၃၇၅၀ဝ ကျပ်၊ လတ်စ တစ် အိတ် ၃၆၅၀ဝ ကျပ်ဖြစ်လို့ ယခင်တစ် ပတ်ထက် ထိပ်စတစ်အိတ် ၁၅၀ဝ ကျပ်၊  လတ်စတစ်အိတ် ၁၀ဝ၀ ကျပ်ခန့် ဈေးတက်လာတာ တွေ့ရပါတယ်။နယ်စုံ   ပေါ်ဆန်းဆန် များက တော့ ထိပ်စတစ်အိတ် ၃၅၀ဝ၀ ကျပ်၊ လတ်စ တစ်အိတ် ၃၃၅၀ဝ ကျပ်ဖြစ်လို့ ထိပ်စတစ်အိတ် ၁၅၀ဝ ကျပ်၊ လတ်စ တစ်အိတ် ၁၀ဝ၀ ကျပ်ခန့် ဈေးမြင့်လာ ကြောင်း ဝါးတန်းကုန်စည်ဒိုင် ဈေးနှုန်း များအရ စိစစ်တွေ့ရှိရပါတယ်။  ပေါ် ဆန်းဆန်ချောများ   ကုန်စည်ဒိုင် သို့ အဝင်နည်းလျက်ရှိတာကြောင့်   ဆန် ချောများ   ဈေးမြင့်လာရခြင်း ဖြစ်ပြီး  အရောင်းအဝယ်မှာ ပုံမှန်ရှိကြောင်း ကုန်စည်ဒိုင်ဈေးကွက်မှ စုံစမ်းသိရှိရပါ တယ်။
ဆန်ကြမ်းဖြစ်တဲ့ဧည့်မထဆန် ထိပ်စတစ်အိတ် ၂၃၅၀ဝ ကျပ်၊ လတ် စဆန် တစ်အိတ် ၂၂၀ဝ၀ ကျပ်၊ မနော သုခရှယ် ဆန်တစ်အိတ် ၂၃၅၀ဝ ကျပ် မှ ၂၄၀ဝ၀ ကျပ်နဲ့ ဈေးနှုန်းမပြောင်းဘဲ ယခင်တစ်ပတ်အတိုင်း ဈေးငြိမ်နေပါ တယ်။ နွေသီးထပ် (ရှယ်) ဆန် တစ် အိတ်  ၁၇၈၀ဝ ကျပ်မှ ၁၉၂၀ဝ ကျပ် ဖြစ်လို့ တစ်အိတ် ၂၀ဝ ကျပ် -၆၀ဝ ကျပ်ခန့် ဈေးကျလာကြောင်း၊ နွေဆန် ရက် ၉၀ ဆန်ဈေးနှုန်း   တစ်အိတ် ၂၀ဝ၀ဝ ကျပ်မှ ၂၁၀ဝ၀ကျပ်ဖြစ် ကြောင်း၊ ကုန်စည်ဒိုင်ဈေးနှုန်းများအရ စိစစ်တွေ့ရှိရပါတယ်။ ဆန်ကြမ်းဖြစ်တဲ့ ဧည့်မထဆန်များ    ကုန်စည်ဒိုင် သို့ အဝင် အားကောင်းလျက်ရှိတာကြောင့် ဈေးအနည်းငယ်ကျလာပြီး အရောင်း အဝယ်မှာ ဝယ်လိုအားနည်းနေကြောင်း  ကုန်စည်ဒိုင်ဈေး ကွက်မှ စုံစမ်းသိရှိရ ပါတယ်။
မူဆယ်ဆန်ဈေးကွက်ရဲ့ ဧပြီလ ၁၃ ရက်  ဈေးနှုန်းများအရ ဧည့်မထ ၅ မှတ်၊ မှော်ဘီနဲ့ စူပါ တစ်အိတ်ကို ၁၄၈-၁၅၁ ယွမ်၊ ဧည့်မထ ၁၀ မှတ် မှော်ဘီနဲ့ စူပါ   တစ်အိတ်ကို ၁၄၅-၁၄၇ ယွမ်၊ ဧည့်မထ ၂၅ မှတ် စူပါ တစ်အိတ် ၁၃၇-၁၃၉ ယွမ်၊ ငစိန် ၅ မှတ် တစ်အိတ် ၁၄၄-၁၄၆ ယွမ်၊ ငစိန် ၂၅ မှတ်တစ် အိတ် ၁၃၇-၁၄၀ ယွမ် အသီးသီးဖြစ် ကြောင်း သိရပါတယ်။
တရုတ်လိုင်း မူဆယ်ရဲ့ ဆန်ဈေး ကွက်အခြေအနေမှာ သယ်ယူပို့ဆောင် မှု အခက်အခဲကြောင့် အရောင်းအဝယ် မသွက်ဘဲဖြစ်နေကြောင်း ကုန်တင်ကား များကလည်း ဆန်တစ်အိတ် ၅ ကျပ်၊ ၆ ကျပ်ရတာထက် သကြားတစ်အိတ် ၈ ကျပ်-၉ ကျပ်ရတဲ့အတွက် ကုန်တင်ခပို ရသော ကုန်ပစ္စည်းကိုသာ   အဓိကတင် ပို့နေကြောင်း  မူဆယ်ဆန်ဈေးကွက်မှ စုံစမ်းသိရှိရပါတယ်။ မေ ၁၃ ရက်နေ့ ငွေလဲနှုန်းမှာ တစ်ယွမ်ကို ၁၇၇ ဒသမ ၆၂ ကျပ် ဖြစ်ကြောင်း ၊ ပြည်တွင်းနယ်စုံမှ မူဆယ်သို့ နေ့စဉ် ဆန်တန်ချိန် တစ်ရက် ပျမ်းမျှ ၁၃၁၄ ဒသမ ၄ တန်ခန့် ဝင် ရောက်ခဲ့ပြီး ယခုတစ်ပတ်အတွင်း စုစု ပေါင်းဆန် တန်ချိန် ၆၅၇၂  တန်ခန့် ဝင် ရောက် ခဲ့တယ်လို့ သိရပါတယ်။
မြန်မာ့ဆန်နဲ့ ဆန်ကွဲပြည်ပတင် ပို့မှုမှာ ယခုဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ မေ ၆ ရက်အထိတင်ပို့မှုမှာ  တန်ချိန် ၄၃၇၅၃ ကျော်၊ တန်ဖိုးအားဖြင့် အမေ ရိကန်ဒေါ်လာ ၁၅ သန်းကျော်ဖိုးတင် ပို့နိုင်ခဲ့ပါတယ်။  ဆန်တင်ပို့မှု အနေ နဲ့ တန်ချိန် ၃၂၇၆၂ ကျော်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၁ သန်းကျော်ရှိ ပြီး ယခင်ဘဏ္ဍာနှစ် ကာလတူထက် တန်ချိန် ၇၁၆၁၅ ကျော်၊   တန်ဖိုးအား ဖြင့် အမေရိကန်ဒေါ်လာ ၂၅ သန်း ကျော်ဖိုး လျော့နည်းတင်ပို့ခဲ့ပါတယ်။
ဆန်ကွဲပြည်ပတင်ပို့မှုမှာ တန် ချိန် ၁၀၉၉၀ ကျော်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၃  သန်းကျော် ရှိနေပြီး ယခင်ဘဏ္ဍာနှစ်  ကာလတူ ထက် တန်ချိန် ၃၆၈၇၈ ကျော်တန်ဖိုး အားဖြင့် အမေရိကန်ဒေါ်လာ ၁၁ သန်း ကျော်ဖိုး လျော့နည်းတင်ပို့ခဲ့ကြောင်း သိရပါ တယ်။                   

    MIRT- YGN

Agency Ministry of Foreign Affairs
Category General