ပြည်မန်ကျည်းမှည့် ဈေးငြိမ်ပြီး အရောင်းအဝယ်ပုံမှန်ဖြစ်

ပုံမှန်ဝင်ရောက်နေတဲ့  ကျီးသဲ၊ ကြံခင်း၊ ထုံးဘိုဘက်မှ ပွဲရုံများမှ မန် ကျည်းမှည့်များ  ပြည်ဈေးကွက်သို့ ဈေး ငြိမ်ပြီး ၀င်ရောက်နေတာ  တွေ့ရပါ တယ်။   ဒေသတွင်း  အရောင်းအ၀ယ်   နှင့် ရခိုင်ဝယ်လက်တို့ရှိနေတာကြောင့် နေ့စဉ်ပိဿာချိန် ၂၅၀ ကျော်အရောင်း အ၀ယ်ရှိနေပါတယ်။ ယခုတစ်ပတ် မန် ကျည်းမှည့် (ပွဲရုံဈေး) တစ်ပိဿာလျှင် ကျပ် ၁၆၀၀ ဖြင့် ဈေးငြိမ်ကာ အရောင်း အ၀ယ် ဖြစ်နေပါတယ်။ ဒေသတွင်း (လက်လီဈေး)ကတော့ ၂၀၀၀ ကျပ်ဖြစ် ပါတယ်။ ဒေသစုံ၊ နယ်စုံတွေမှာလည်း မန်ကျည်းမှည့် အရောင်းအ၀ယ်ဖြစ်နေ ကြောင်း သိရပါတယ်။  ရခိုင်ဘက်သို့ နေ့စဉ်ပိဿာချိန်  ၂၀၀ ပုံမှန်တင်ပို့ လျက်ရှိနေကြောင်းလည်း သိရပါတယ်။  
နီနီဝင်း
 

Agency Ministry of Foreign Affairs
Category General