မူဆယ်၊ မြဝတီ၊ တာချီလိတ်မှ ကြက်သွန်နီ တင်ပို့

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ဧပြီ ၂၃ ရက်မှ ၂၉ ရက်အထိ ကာလအတွင်း ကန်ဒေါ်လာ ၃၅၆၀ဝ၀ တန်ဖိုးရှိ ကြက်သွန်နီ ၁၂၅၄ တန်၊ မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေး ဇုန်မှ  ကန်ဒေါ်လာ ၂၉၅၈၀၂ တန်ဖိုးရှိ ကြက်သွန်နီ ၁၀ဝ၈ တန်ကျော်နဲ့ တာချီလိတ် ကုန်သွယ်ရေးစခန်းမှ ကန် ဒေါ်လာ ၂၉၅၀ဝ တန်ဖိုးရှိ ကြက်သွန်နီ တန် ၁၀ဝ အသီးသီးတင်ပို့ခဲ့ပါတယ်။ယခင်သီတင်းပတ်က မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ အမေရိကန် ဒေါ်လာ ၇၈၀ဝ၀ တန်ဖိုးရှိ ကြက်သွန်နီ တန် ၃၀ဝ တင်ပို့ခဲ့တာမို့ ယခုသီတင်းပတ်မှာ တော့ ကြက်သွန်နီ တန် ၉၅၀ ကျော် ပိုမိုတင်ပို့ခဲ့တာ  တွေ့ရပါတယ်။  မြန်မာ-ထိုင်း နယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှလည်း ယခင်သီတင်း ပတ်က ကန်ဒေါ်လာ ၆၄၂၆၉ တန်ဖိုးရှိ  ကြက်သွန်နီ ၂၂၁ တန်ကျော် တင်ပို့ခဲ့လို့ ယခုသီတင်းပတ်မှာတော့ ကြက်သွန်နီ ၇၈၇ တန်ကျော်အပို့ပို မိုခဲ့ပါတယ်။ တာချီလိတ် ကုန်သွယ်ရေး စခန်းမှလည်း ယခင်သီတင်းပတ် က ကန်ဒေါ်လာ ၅၂၀ဝ၀ တန်ဖိုးရှိ ကြက်သွန်နီ တန် ၂၀ဝ  တင်ပို့ခဲ့တာ မို့ ယခုသီတင်းပတ်မှာတော့ တန် ၁၀ဝ လျော့နည်းတင်ပို့ခဲ့တာ တွေ့ရပါ တယ်။မူဆယ်ကုန်စည်ဒိုင်မှာ ကြက်သွန်နီ တစ်တန် ကို (ငွေလဲနှုန်းအရ) မိမိဘက် ပေါက်ဈေး ၃၂၅၇၄၀ ကျပ်ရှိတယ်လို့ သိရပါတယ်။         
           
    တင်တင်ထွန်း

Agency Ministry of Foreign Affairs
Category General