ကော့သောင်းကုန်သွယ်ရေးစခန်းမှ ယမန်နှစ်ကာလတူထက် ကုန်သွယ်မှုပမာဏပိုမိုဆောင်ရွက်

မြန်မာ-ထိုင်းနယ်စပ်ရှိ ကော့ သောင်း ကုန်သွယ်ရေးစခန်းက၂၀၁၆ ခုနှစ် ဧပြီလတွင် ပို့ကုန်ကန်ဒေါ်လာ ၅ ဒသမ ၃၆၁ သန်း၊ သွင်းကုန် ကန် ဒေါ်လာ ၄ ဒသမ ၉၁၆ သန်း၊ ကုန် သွယ်မှုပမာဏ ကန်ဒေါ်လာ ၁၀ ဒသမ ၂၇၇ သန်း ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ယမန်နှစ်ကာလတူထက် ပို့ကုန် ကန် ဒေါ်လာ ၂ ဒသမ ၃ သန်းကျော်၊ သွင်း ကုန်ကန်ဒေါ်လာ သုညဒသမ  ၈၈သန်း ပိုမိုခဲ့သဖြင့် ကုန်သွယ်မှုပမာဏ ကန် ဒေါ်လာ ၃ ဒသမ ၂၅၄ သန်း ပိုမို ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ကာလတူ ထက်  ပို့ကုန် ပိုင်းပိုမိုရခြင်းမှာ ကော့ သောင်းဒေသရဲ့ အဓိကပို့ကုန်ဖြစ်တဲ့ ရေထွက် ကုန် ငါးမျိုးစုံ၊ ပုစွန်၊ ပင်လယ် ငါးရှဉ့်နဲ့ ရေဘဝဲ၊ လယ်ယာ ထွက် ကုန် အုန်းသီး၊ ရော်ဘာသစ်ခွဲသားများနဲ့ ဆီအုန်းကြိတ်ဖတ် ကုန်ကြမ်း များ ပိုမို တင်ပို့ နိုင်ခဲ့ခြင်းတို့ကြောင့် ဖြစ်ပါတယ်။ သွင်းကုန်ပိုင်းပိုမို ရခြင်းမှာ ရင်းနှီးမြှုပ်နှံမှုပစ္စည်းအုပ်စုမှ ဘိလပ်မြေ၊ လုပ်ငန်းသုံးပစ္စည်း၊ ဓါတ်မြေသြဇာ ၊ ရေနံထွက်ပစ္စည်း၊ လူသုံးကုန်ပစ္စည်း များဖြစ်တဲ့ဆေးဝါး ပစ္စည်းများ၊ နို့ဆီ၊ စားအုန်းဆီ၊ ဆပ်ပြာတို့ ပိုမိုတင်သွင်း နိုင်ခဲ့တဲ့အတွက် လို့သိရပါတယ်။အနီးစပ်ဆုံးကာလနဲ့ နှိုင်းယှဉ် ရာမှာတော့ ဧပြီက သင်္ကြန် မြန်မာ နှစ် သစ်ကူး ရက်ရှည်ရုံး ပိတ်ရက်ဖြစ်ခြင်း၊သင်္ကြန်မတိုင်မီကာလ ကလည်း ပို့ကုန် ငါးဖမ်းလှေများ ထွက်ခွာမှုမရှိခြင်း၊ သွင်းကုန် ကမ်းရိုး တန်းလှေများလည်းရန်ကုန်သို့အားလုံးထွက်ခွာသွားကြပြီး သင်္ကြန်ကာလ ပြီးမှ ပြန်လည်ဝင်ရောက် လာသဖြင့် ကုန်တင်ပို့နိုင်မှုလျော့ နည်းခဲ့ ကြောင်း၊ ပို့ကုန်ရောသွင်းကုန်ပါ လျော့ နည်းခဲ့တဲ့အတွက် ကုန်သွယ်မှု ပမာဏ ကန်ဒေါ်လာ ၂ ဒသမ ၆၀၅ သန်းလျော့ နည်းဆောင်ရွက်နိုင် ခဲ့တယ်လို့သိရပါတယ်။ဧပြီတွင် အများ ဆုံး  တင်ပို့သော ကုန်ပစ္စည်း များမှာ ငါးမျိုးစုံ၊ ကင်းမွန်၊ ပုစွန်၊ ပင်လယ်ငါးရှဉ့်၊ အခြားရေထွက် ပစ္စည်း၊ အုန်းသီး၊ ဆီအုန်းကြိတ်ဖတ်ကုန် ကြမ်း၊ ရေဘဝဲ၊ ရော်ဘာ သစ်ခွဲစနဲ့ ကဏန်းတို့ဖြစ်ပါတယ်။ အများဆုံးသွင်း ကုန်များမှာ ဘိလပ်မြေ၊ အခြား ပစ္စည်း များ၊ သံနဲ့သံမဏိပစ္စည်းများ၊ ရေနံ ထွက်ပစ္စည်များ၊ ဆေးဝါး ပစ္စည်းများ၊ ဓါတုဗေဒပစ္စည်းများ၊ ဓာတ်မြေသြဇာ များ၊ သုတ်ဆေး၊ ပေါလစ်များ၊ ဆပ်ပြာ၊ ဆပ်ပြာမှုန့်၊ စားအုန်းဆီ၊ ပလတ်စတစ် ကုန်ကြမ်း ပစ္စည်းများ၊ နို့ဆီ၊ မီးဖိုချောင် သုံးပစ္စည်းများနဲ့    ဆောက်လုပ်ရေး ပစ္စည်းများ ဖြစ်ကြပါတယ်။ ယခုနှစ် ဧပြီလမှာ TC  နဲ့ အသုံးပြုပြီး ကုန်သွယ် မှုဆောင်ရွက်ခြင်းမရှိဘူးလို့သိရပါ တယ်။ ကော့သောင်းဒေသ ရဲ့ အဓိက ပို့ကုန်ဖြစ်တဲ့ ရေထွက်ပစ္စည်များ ပိုမို တင်ပို့နိုင်ခြင်းမှာ ကော့သောင်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနနဲ့ ပို့ကုန် တိုးတက် တင်ပို့ ရေး  ညှိနှိုင်းဆောင်ရွက်ခြင်း၊ ရေထွက်ပစ္စည်းတင်ပို့တဲ့   ကုမ္ပဏီများ ကလည်းသတ်မှတ် GTR  အတိုင်းတင်ပို့ ခြင်း၊ ကော့သောင်းငါးလုပ်ငန်း ဦးစီး ဌာနကလည်း ရေလုပ်ငန်းရှင်များ သတ် မှတ်အရေအတွက် ပြည့် မီအောင်တင်ပို့ နိုင်ရေး တွန်းအားပေးဆောင်ရွက်ခဲ့တဲ့ အတွက် ဖြစ်ပါ တယ်။ မကြာမီ  မိုးတွင်း ကာလရောက်ရှိပါက ငါးဦးစီးဌာနမှ ငါးမဖမ်းရ သတ်မှတ်ကာလများတွင် ပို့ ကုန်လျော့နည်းသွားနိုင်ခြင်း၊  ရာသီ ဥတု ဆိုးရွားတဲ့ ကာလများမှာ အဓိက သွင်းကုန်ပစ္စည်း ဘိလပ်မြေများ တင် သွင်းနိုင်မှု လျော့နည်းနိုင်တယ်လို့ မျှော်မှန်းထားပါ တယ်။

Agency Ministry of Foreign Affairs
Category General