ကသာခရိုင်ဆောင်းမြေပဲအထွက်နှုန်းကောင်းပြီး ဈေးကောင်းရ

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ကသာခရိုင်၊ ကသာ၊ ထီးချိုင့်မြို့နယ် များကို ဖြတ်သန်းစီးဆင်းတဲ့ ဧရာဝတီ မြစ်ရိုးတစ်လျှောက် နုန်းတင်လယ် ယာမြေ များမှာ မြေပဲအများ အပြား စိုက်ပျိုးထွက်ရှိတဲ့အပြင် ကျန်မြို့ နယ်များဖြစ်တဲ့ အင်းတော်၊ ဗန်းမောက်၊ ကောလင်း၊ ဝန်းသို၊ ပင်လယ်ဘူး မြို့နယ် များမှာလည်း မဲဇာ၊ လေးတန်၊ ဒေါင်းယူးချောင်းများ နံဘေး နုန်းတင်လယ်ယာမြေပေါ် မြေပဲသီးနှံ  အများအပြား စိုက်ပျိုး ကြောင်း သိရပါတယ်။
ကသာခရိုင်မှာ ဆောင်းမြေပဲ စိုက်ဧက ၄၅၃၂၈ ရှိပြီး တစ်ဧကအထွက် နှုန်း  အတောင့်တင်း ၁၀ဝ ကျော်နဲ့ ယနေ့ ပေါက်ဈေးအတောင့် တင်း တစ်ရာကျပ်ဆယ့်နှစ်သိန်းရှိလို့ အထွက်နှုန်းကောင်းပြီး ဈေးကောင်း လည်း ရတယ်လို့ မြေပဲ ဈေးကွက်က သိရပါတယ်။ဧပြီလ အတွင်း ဧရာ ဝတီမြစ်ရေ တိုးလာပြီး  ကသာမြို့ နယ်နဲ့ ထီးချိုင့်မြို့နယ်တို့မှာ မြေပဲခင်း ၂၅၀ဝ ဧကကျော် ထိခိုက်မှုရှိခဲ့ပါတယ်။ ဒါပေမယ့် ယခင်နှစ်အထွက်နှုန်း ထက်  ပိုမိုထွက်ရှိလို့ ကသာခရိုင်အတွင်း မြေပဲသီးနှံထွက်ရှိမှု လျော့ကျ မသွားဘူးလို့   သုံးသပ်ပါတယ်။ ကသာခရိုင်ထွက် မြေပဲဆန်က အလုံး အဆန်လှပြီး ဆီထွက်ကောင်းလို့ ဆီစက် လုပ်ငန်းရှင်များ အကြိုက်တွေ့ တဲ့အပြင် မြေပဲဆားလှော် လုပ်ငန်း၊ မြေပဲယိုလုပ်ငန်းများမှာပါ အသုံးများ တယ်။ တစ် ခရိုင်လုံးအတွက် တင်းသိန်းငါးဆယ်ကျော် ရရှိနိုင်ပါတယ်။ ခရိုင်အတွင်းအသုံးပြုမှုက ၅ ရာခိုင်နှုန်းသာ  ရှိနိုင်ပါတယ်။ ယနေ့မြေပဲဆီ တစ်ပိဿာငါးထောင်ကျပ်ရှိလို့  ဆီစက်လုပ်ငန်း ရှင်လှောင်ကုန်သည်များ လက်ရှောင်နေပေမယ့် မန္တလေးပွဲရုံ များကတော့ အလုံးအရင်းနဲ့ အဆွဲ များနေတယ်လို့ ဆီစက် လုပ်ငန်းရှင်များအသင်းထံမှ သိရပါတယ်။
ဆောင်းမြေပဲစတင်စိုက်ပျိုးချိန် မျိုးမြေပဲဈေးကြီးမြင့်မှုနဲ့ ရေသွင်းစိုက်ပျိုး မှုများရှိခဲ့လို့  တစ်ဧကကုန်ကျစရိတ်  ကျပ် လေးသိန်းနီးပါး  ရှိခဲ့ပါတယ်။ တစ်ဧကအထွက်အတောင့် တင်း ၁၀ဝ ကျော်ထွက်ပြီး ယနေ့ပေါက် ဈေး တစ်တင်း ကျပ် ၁၂၀ဝ၀ ဈေးနဲ့ရောင်းရတဲ့အတွက် ရှစ်သိန်းကျော် အကျိုး အမြတ်ရရှိပါတယ်။ ဒီနှစ်မြေပဲအထွက်နှုန်းနဲ့ဈေးက တောင်သူ အကြိုက်ဖြစ်ပါတယ်လို့  မြေပဲတောင်သူများထံမှ  သိရပါ တယ်။

ကြည်နိုင်ဦး/အင်းတော်

Agency Ministry of Foreign Affairs
Category General