ဆန်နဲ့ဆန်ကွဲပိုမိုတင်ပို့

ဧပြီ ၂၃ ရက်မှ ၂၉ ရက်အထိ ရက်သတ္တပတ်မှာ ကုန် သွယ်ရေး စခန်း များမှ ကန်ဒေါ်လာ ၄ ဒသမ ဝ၀၈သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၁၀၉၆၅ တန်ကျော်ကို တရုတ်နိုင်ငံသို့ တင်ပို့ ခဲ့ပါတယ်။မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေး ဇုန်မှ ငစိန်ဆန် ၆၈၆၅ တန်ကျော်နဲ့ ဧည့်မထဆန် တန် ၅၀ဝ၊ လွယ်ဂျယ် ကုန် သွယ်ရေးစခန်းမှ ငစိန်ဆန် ၃၂၉၅ တန်ကျော်၊ ချင်း ရွှေဟော် ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန် ၃၀၄ တန်တင်ပို့ခဲ့ တာ ဖြစ် ပါ တယ်။ ယခင်တစ်ပတ်တင်ပို့မှုထက် ၃၉၃၇ တန် ပိုမိုတင်ပို့နိုင် ခဲ့ပါတယ်။ ယခုတစ်ပတ်မှာ ဆန်ကွဲကိုလည်း အဆိုပါစခန်းများ မှပင် တန် ၂၅၈၀ တင်ပို့ခဲ့ပါတယ်။တန်ဖိုးမှာ ကန်ဒေါ်လာ သုည ဒသမ ၈၄၃ သန်းဖြစ်ပြီး မူဆယ်မှ တန် ၂၄၅၀၊ လွယ် ဂျယ်မှ တန် ၂၀၊ ချင်းရွှေဟော် မှ တန် ၁၁၀ တင်ပို့ခဲ့ပါတယ်။ ပင်လယ်ရေကြောင်း    ကုန်သွယ်မှုမှ ဧပြီ ၂၄ ရက်မှ ၃၀ ရက်အထိ ကန်ဒေါ်လာ သုည ဒသမ ၃၂၉ သန်း တန်ဖိုးရှိ ဆန် ၇၉၃ တန် တင်ပို့ခဲ့ပါတယ်။စင်ကာပူနိုင်ငံသို့ ဇီယာဆန် ၁၂၄ တန်၊ ပေါ်ဆန်း ၂၄ တန်၊ အီးယူနိုင်ငံများသို့ ဧည့်မထဆန် တန် ၂၂၀၊ ပေါင်းဆန်တန် ၂၅၀ ၊ပေါ်ဆန်းဆန် တန်၁၀ဝနဲ့ ငစိန်ဆန် ၇၅ တန် တင်ပို့ခဲ့ပါတယ်။ယခင်တစ်ပတ်တင်ပို့မှုထက် ၆၆၃ တန် ပိုမိုတင်ပို့နိုင်ခဲ့ ပါတယ်။
ဆန်နဲ့အတူ ကန်ဒေါ်လာ သုည ဒသမ ၆၉၇ သန်း တန်ဖိုးရှိ ဆန်ကွဲ တန် ၂၅၅၀ ကို တင်ပို့ခဲ့ပြီး စင်ကာပူနိုင်ငံသို့ တန် ၅၀ နဲ့ အီးယူနိုင်ငံများသို့ တန် ၂၅၀ဝ တင်ပို့ခဲ့ပါတယ်။ဆန်ကွဲတင်ပို့မှုမှာလည်း  ယခင်တစ်ပတ် ထက် တန် ၂၃၅၀  ပိုမိုခဲ့ပါတယ်။                                 

                ယဉ်ယဉ်အေး

Agency Ministry of Foreign Affairs
Category General