ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းတွင် ပို့ကုန် သွင်းကုန် ကွန်တိန်နာများ အချိန်မီ ထုတ်ယူနိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်လျက်ရှိ


ပြီးခဲ့သည့် ဧပြီ ၂၃ရက်နှင့် ၂၄ ရက်တို့တွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် ပြည်တွင်းပို့ကုန်သွင်းကုန်  လုပ်ငန်းရှင်များ၊ အသေးစား၊ အလတ်စား စက်မှု လုပ်ငန်းရှင်များနှင့် UMFCCI တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်က မိမိတာဝန်ယူမည့် ငါးနှစ်အတွင်း  ပို့ကုန်ကဏ္ဍတွင် သုံးဆအထိ တိုးတက်လာအောင်  လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၎င်း၏ အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။
ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များက ပြည်ထောင်စုဝန်ကြီး၏ ပို့ကုန် သုံးဆ   တိုးတက်အောင်  လုပ်ဆောင်ရေးနှင့်ပတ်သက်သည့် မိန့်မှာချက်  နှင့်ပတ်သက်၍ တွေ့ကြုံရသည့် အခက်အခဲများအား တင်ပြရာတွင် ပြည်ပ သို့တင်ပို့မည်ပို့ကုန်  ပစ္စည်းများအတွက် ဆိပ်ကမ်းများသို့ ကုန်သေတ္တာများ ဝင်ရောက်ရာတွင် နှောင့်နှေးကြန့်ကြာမှုများရှိနေခြင်း၊ ဆိပ်ကမ်းသို့ရောက် ရှိနေသော  သွင်းကုန် ကုန်သေတ္တာများအား ဆိပ်ကမ်းမှ ထုတ်ယူရာတွင် နှောင့်နှေးကြန့်ကြာမှုများရှိနေခြင်း၊ ဆိပ်ကမ်းအတွင်း  နေရာချထားရန် အပါအဝင် ဆိပ်ကမ်းရှင်းလင်းရေးဆိုင်ရာကိစ္စရပ်များတွင် အခက် အခဲများ ရှိနေခြင်းတို့အား သက်ဆိုင်ရာဌာနများမှ  အမြန်ဖြေရှင်းပေးရန် တင်ပြခဲ့ ကြောင်း သိရသည်။
ယခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အပြည်ပြည် ဆိုင်ရာ ရေကြောင်းကုန်သွယ်မှုတွင် ပို့ကုန်/သွင်းကုန်ပြုလုပ်လျက်ရှိသည့်  ပြည်ပအဝင်အထွက်  ကုန်တင်သင်္ဘောကြီးများသည် သင်္ကြန်ရုံးပိတ်ရက် ကာလများနှင့် ဆက်စပ်တိုက်ဆိုင်ပြီး  ဆိပ်ကမ်းရောက်ကုန်သေတ္တာများ ဆိပ်ကမ်းမှ ပြည်တွင်းသို့ အချိန်မီ သယ်ယူရှင်းလင်းနိုင်ခြင်းမရှိဘဲ နိုင်ငံခြား အဝင် ကုန်တင်သင်္ဘောကြီးများအနေဖြင့် ရန်ကုန်မြစ်ဝတွင် (၁၀)ရက်ကျော် ကြာခန့် တန်းစီစောင့်ဆိုင်းနေရကြောင်း Shipping Line Agency ကုမ္ပဏီ အချို့၏  အခက်အခဲပြောကြားမှုများအရ သိရှိရပါသည်။  Agency  များ အနေဖြင့်လည်း ဆိပ်ကမ်းခနှင့် သင်္ဘောတင်ဆောင်ခများအတွက် ရက် လွန်ကြေးများ ပေးဆောင်နေရကြောင်း သိရှိရပါသည်။
ဆိပ်ကမ်းရောက်ရှိ  ကွန်တိန်နာများ အချိန်မီ ဆိပ်ကမ်းရှင်းလင်း ဆောင်ရွက်နိုင်ခြင်း၊ ရောက်ရှိလာသည့် သင်္ဘောတင်ဆောင်ထားရှိသော  ကွန်တိန်နာများသည်လည်း ဆိပ်ကမ်းသို့ မြစ်ဝမှဝင်ရောက်ချခြင်းနှင့် ချပြီး ပြန်ထွက်မည့် ပြည်ပသင်္ဘောကြီးများသို့ တင်ဆောင်ရမည့် ကွန်တိန်နာပုံးခွံ များသည်လည်း  ယခင်ကဲ့သို့ ပုံမှန်ဆောင်ရွက်နိုင်မှုမရှိသည့်အတွက် ပြည် တွင်းကွန်တိန်နာ သယ်ပို့ယာဉ်များသည်လည်း  ဆိပ်ကမ်းအတွင်းတွင် နှစ်ည၊ သုံးည အိပ်စောင့်ဆိုင်းနေရ၍ ယာဉ်ငှားရမ်းရရှိရေး အခက်အခဲ ဖြစ်ပေါ်နေကြောင်း  သိရှိရပါသည်။  သင်္ဘောဆိုက်ကပ်ပြီး ဆိပ်ကမ်းရောက် ရှိ ကွန်တိန်နာများအား   ဆိပ်ကမ်းအာဏာပိုင်မှ စာရွက်စာတမ်း(DO)  အချိန်မီထုတ်ပေးနိုင်မှုမရှိ၍  အကောက်ခွန်ဦးစီးဌာနအနေဖြင့်လည်း ကုန် ပစ္စည်းစစ်ဆေးခြင်းလုပ်ငန်းစဉ်များတွင် ကြန့်ကြာမှုဖြစ်ပေါ်ခဲ့ကြောင်း သိရှိ ရပါသည်။
ကုန်ပစ္စည်းတင်ပို့  တင်သွင်းပြုလုပ်လျက်ရှိသည့် ကုမ္ပဏီများအနေ ဖြင့် ကွန်တိန်နာများ  ရောက်ရှိထွက်ခွာမှုနှင့် ပြည်တွင်းသယ်ယူမှုအပေါ် ွှကမည ဥလနမ အစီအစဉ်ကြန့်ကြာမှုများကြောင့် မလိုလားအပ်သော ရက်လွန် ကြေး၊ ဒဏ်ကြေးများ  ပေးဆောင်နေရကြောင်းနှင့် ပြည်ပမှ တင်သွင်း ကွန်တိန်နာ အလုံးရေ ၃၆ ရာခိုင်နှုန်းခန့်မြင့်တက်လာပြီး တင်ပို့ကွန်တိန်နာ အလုံးရေ သုံးရာခိုင်နှုန်းခန့် ကျဆင်းခဲ့ကြောင်း သိရသည်။
အဆိုပါကိစ္စရပ်များနှင့်ပတ်သက်၍ စီးပွားရေးနှင့်  ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။
ထို့ပြင် ယင်းကိစ္စနှင့်ပတ်သက်၍  မေ ၅ရက်က စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌  ကျင်းပခဲ့သည့် ကုန်သွယ်ရေးနှင့်စီးပွား ရေးလုပ်ငန်း များမြှင့်တင်ရေးအထူးလုပ်ငန်းအဖွဲ့၏   ပထမအကြိမ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင်လည်း  ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိ ပါသည်။

Agency Ministry of Foreign Affairs
Category General