မူဆယ်နှင့် မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းများတွင် တရားဝင်တင်သွင်းရန်ကျန်ရှိနေသည့် လုပ်ငန်းသုံးယာဉ်များအား ကွန်ပျူတာမှတ်တမ်းများအရ စိစစ်၍ ခွင့်ပြုပေးလျက်ရှိ

မူဆယ်နှင့်  မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းများ တွင် တရားဝင် တင်သွင်းရန် ကျန်ရှိနေသည့် လုပ်ငန်းသုံးယာဉ် များအား ကွန်ပျူတာ မှတ်တမ်း များအရ  စိစစ်၍  ခွင့်ပြုပေး လျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် မေလဆန်းပိုင်းက မူဆယ်(၁၀၅)မိုင်ကုန် သွယ်ရေးစခန်းမှ ၈၀ဝ၃ စီး၊ မြဝတီကုန်သွယ်ရေးစခန်းမှ ၄၆၃၂ စီးတို့ကို လိုင်စင်များ စိစစ်၍ တရားဝင်တင်သွင်းခွင့်ပြု ခဲ့ပြီးဖြစ်သည်။
ယခုအခါတွင် အဆိုပါစခန်းနှစ်ခုတွင် တရားဝင်တင် သွင်းရန်ကျန်ရှိနေ သည့် ယာဉ်ယန္တရားကြီးများအားသက်တမ်း များတိုးမြှင့်၍ တရားဝင် တင်သွင်းခွင့်ပြုပေးလျက်ရှိကြောင်း သိရသည်။
ထို့ကြောင်း သက်ဆိုင်ရာစခန်းများတွင် သတင်းပေးပို့ ရန်ကျန်ရှိနေသည့် မော်တော်ယာဉ်တင်သွင်းသူများ အနေ ဖြင့် သက်ဆိုင်ရာ နယ်စပ် စခန်း များသို့ အချိန်မီသတင်းပို့၍ လိုင်စင်သက်တမ်းတိုး  ကိစ္စရပ်များကို ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း သိရသည်။
လိုင်စင်သက်တမ်းတိုးရန် ကျန်ရှိနေသည့် လိုင်စင်များ အနက် မြဝတီ ကုန်သွယ်ရေးဇုန်တွင် မေ ၄ရက်မှ ၆ ရက် အထိ ယာဉ်စီးရေ ၁၉၃၃ စီး၊ မူဆယ်ကုန်သွယ်ရေးစခန်းမှ ယာဉ်စီးရေ ၄၅၂စီးတို့ကို တရားဝင် တင်သွင်းခွင့်ပြုခဲ့ကြောင်း သိရသည်။

Agency Ministry of Foreign Affairs
Category General