ယဉ်ကျေးမှု ကုန်စည်ဖြင့် ကုန်သွယ်မှုကို မြှင့်ကြစို့

ကုန်ပစ္စည်းများကို ထုတ်လုပ်ပြီး  ရောင်းဝယ်နေခြင်းများမှာ မဆန်းကျယ်ပါ။ တစ်မြို့နှင့်တစ်မြို့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ကုန်ကူး သန်းရောင်းဝယ်ကြသည်မှာမထူးဆန်းပါ။ သို့ရာတွင် ယဉ်ကျေးမှု ကုန်စည်Cultural Products  ဆိုသည်မှာ မည်သည့်အရာနည်းဟု တွေး ကြည့်ခဲ့ပါသည်။ ယဉ်ကျေးမှုဆိုသည်မှာ မိမိနိုင်ငံလူမျိုး၏ ဓလေ့ထုံးစံ များပေါ်တွင် အခြေခံထားသည့် လွန်လေပြီးသော နှစ်ပေါင်းများစွာက စတင်ခဲ့သည့် ဘာသာရေး၊ လူမှုရေးဆိုင်ရာ ကိစ္စများသာ ဖြစ်တတ်ပါ သည်။ ကုန်ပစ္စည်းဆိုသည်မှာလည်း   စားဝတ်နေရေးအတွက် အခြေခံသော ပစ္စည်းများနှင့် ဝန်ဆောင်မှုများ ဖြစ်ကြပါသည်။ ထို့ ကြောင့်  ယဉ်ကျေးမှုကုန်စည်ဟုဆိုရာတွင် ရှေးရိုးစဉ်လာ မပျက် စားသောက်လာသည့် အစားအသောက် များ၊ ဝတ်စားဆင်ယင် သည့် အဝတ်အထည်များ၊  အသုံးအဆောင် များ၊ အဆောင် အယောင်များ၊ လုပ်ငန်းသုံးပစ္စည်းများ၊ ကလေးကစားစရာများနှင့် အမှတ်တရပစ္စည်း များ၊ နေထိုင်သည့် အဆောက်အအုံများ၊ ဘုရားပုထိုးစေတီများ၊ ဘာသာရေး အဆောက်အအုံများ စသည်တို့ပါဝင်ကြပါသည်။
ထို့အပြင် မိမိတို့နိုင်ငံ၏ ယဉ်ကျေးမှု ဓလေ့ထုံးစံများနှင့် ရှေး ဟောင်း ဓလေ့ထုံးစံများကို ပုံစံတူယူပြီး ရိုက်ကူးထုတ်လုပ်သည့် ရုပ် ရှင်ကားများသည်လည်း ယဉ်ကျေးမှု ကုန်စည်တွင်  အကျုံးဝင်ကြ သည်ဟု ကြားဖူးပါသည်။ ထိုသို့ဆိုလျှင် မိမိတို့အနေဖြင့် ကုန်ကူး သန်းရောင်းဝယ်မှုကို လုပ်ဆောင်ရာတွင် အဆိုပါ ယဉ်ကျေးမှုကုန် စည်များကို ထုတ်လုပ်ရောင်းချခြင်း၊ ဝန်ဆောင်မှုအနေဖြင့် ပြုလုပ်ပြီး  ဝင်ငွေရှာခြင်းတို့ဖြင့် မိမိတို့နိုင်ငံ၏ ပြည်ပဝင်ငွေကို တိုးပွားအောင်၊ တိုးတက်အောင် ဆောင်ရွက်နိုင်သည့် နည်းလမ်းများ ဖြစ်သည်ကို တွေ့ရှိနိုင်ပါသည်။ တစ်နည်းအားဖြင့်ဆိုလျှင် အဆိုပါလုပ်ငန်းများ သည် မိမိတို့နေ့စဉ် ထိတွေ့နေသော လုပ်ငန်းများ၊ စားဝတ်နေရေးလုပ် ငန်းများ၊ ဓလေ့ထုံးစံများသာဖြစ်ပြီး၊ ပြည်တွင်းတွင် လွယ်လွယ်ကူကူ ထုတ်လုပ်နိုင်ပြီး ပြိုင်ဖက်နည်းသော လုပ်ငန်းတစ်ခုဖြစ်ပါသည်။ ဈေးကွက် တိုးချဲ့ရန် ကိစ္စမှာလည်း နိုင်ငံခြားခရီးသွားလုပ်ငန်းများ နှင့်ဆက်စပ်ပြီး လုပ်ဆောင်ပါက လွယ်ကူလျင်မြန်နိုင်ပါသည်။
အစားအသောက်နှင့် ပတ်သက်ပါက မြန်မာ့ရိုးရာမုန့်မျိုးစုံကို အရည်အသွေးကောင်းကောင်း မွန်မွန်ဖြင့် ထုတ်လုပ်ရောင်းချပါက များစွာ တွင်ကျယ်နိုင်ပါသည်။ ကျွန်တော်တို့ ငယ်စဉ်ကတည်းက နှစ် ခြိုက်စွာ စားသုံးခဲ့ကြသော မုန့်စိမ်းပေါင်းကို ယခုမြင်တွေ့ရန်အလွန် ခက်လှပါသည်။ မန္တလေးမြို့ပေါ်တွင် တစ်ခါတစ်ရံ ခေါင်းရွက်ပြီး လိုက်လံရောင်းချနေသည်ကို တွေ့ရပြီး ယင်းဈေးသည်များသည် စစ် ကိုင်းအလွန် ပဲကတိုး ရွာနားတစ်ဝိုက်မှ လာရောက်ရောင်းချသည်ဟု သိရပါသည်။  ရှိပါသေးသည်။ ထန်းသီးမုန့် ဖြစ်ပါသည်။ ရန်ကုန်၊ မန္တလေးမြို့ကြီးများတွင် အလွန်ရှားပါသည်၊   ရေစကြိုမြို့အနီးတွင် ကားလမ်းဘေး၌ ဈေးတန်းတစ်ခုအဖြစ် ရောင်းချနေသည်မှာ စိတ် ဝင်စားဖွယ်၊ စားချင်စဖွယ်ဖြစ်ပါသည်။ ဟံမြင့်မိုရ်ရွာနား တစ်ဝိုက် တွင် သရက်ပျင်ရောင်းချနေသည်မှာလည်း စိတ်ဝင်စားဖွယ် ဖြစ်ပါ သည်။ ပုဂံဒေသ၏ နာမည်ကြီး ပုန်းရည်ကြီးမှာလည်း စိတ်ဝင်စားဖွယ် ယဉ်ကျေးမှုကုန်စည်ထဲတွင် ပါဝင်မည်ထင်ပါသည်။ ပုန်းရည်ကြီး ထမင်းကို အချို့ လက်ဖက်ရည်ဆိုင်များတွင် ရနိုင်ပြီး ကိုးရီးယားမှ ပဲထမင်းနှင့် ခပ်ဆင်ဆင်တူသည်ဟု ထင်ပါသည်။ မြန်မာနိုင်ငံမြို့ ကြီးများတွင် ကိုရီးယားနိုင်ငံ၏ ယဉ်ကျေးမှုကုန်စည်တစ်ခုအဖြစ် ပါဝင်လာသော ပဲခေါက်ဆွဲကို စားကြည့်ရာ ကျွန်တော်တို့ ပုန်းရည် ကြီးနှင့် နယ်ထားသော ခေါက်ဆွဲသုပ်နှင့် အတော်ဆင်တူ သည်ဟု ကျွန်တော်ထင်မိပါသည်။ သူတို့နိုင်ငံမှ ပဲခေါက်ဆွဲသည် ကိုရီးယား ရုပ်ရှင်ဇာတ်လမ်းများကြောင့် ကျွန်တော်တို့ သိလာ သကဲ့ သို့ ကျွန် တော်တို့ရုပ်ရှင်များကိုလည်း နိုင်ငံတကာမှ လက်ခံနိုင်သော အရည် အသွေးဖြင့် ရိုက်ကူးထုတ်လုပ်နိုင်ပါက များစွာသော ယဉ်ကျေးမှု ကုန်စည်များကို ကြော်ငြာပြီးသားဖြစ်နိုင်ပါသည်။
ကမ္ဘာ့ကုလသမဂ္ဂ၏   ထုတ်ပြန်ချက်အရ အိန္ဒိယနိုင်ငံသည် ယဉ်ကျေးမှုဆိုင်ရာကုန်စည်တင်ပို့မှုတွင် ကမ္ဘာပေါ်၌ ပဉ္စမမြောက်  အများဆုံးဖြစ်ကြောင်း သိရပါသည်၊ အိန္ဒိယနိုင်ငံသည် ယဉ်ကျေးမှု ဆိုင်ရာကုန်စည်တင်ပို့မှုတွင်၂၀ဝ၄ခုနှစ်၌ တန်ဖိုး အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ ဘီလီယံရှိရာမှ ၂၀၁၃ခုနှစ်တွင် ယင်းတန်ဖိုး၏ သုံးဆ ဖြစ်သည့် အမေရိကန်ဒေါ်လာ  ၁၁ ဒသမ  ၇ ဘီလီယံသို့ မြင့်တက်ခဲ့ ကြောင်း၊ ကမ္ဘာပေါ်တွင် အဋ္ဌမမြောက် အများဆုံးတင်ပို့သည့် နိုင်ငံ အဖြစ်မှ ပဉ္စမမြောက် အများဆုံးတင်ပို့သည့် နိုင်ငံဖြစ်လာကြောင်း၊ ကမ္ဘာပေါ်တွင် အမေရိကန်နိုင်ငံနှင့် တရုတ်နိုင်ငံက ထိပ်ဆုံးတွင် ရပ် တည်နေကြောင်း၊ ထိပ်ဆုံး ၁၀ နိုင်ငံစာရင်းတွင် ဗြိတိန်၊ ဆွစ်ဇာလန်၊ ဂျာမနီနဲ့ အီတလီနှင့်  ပြင်သစ်တို့လည်းပါဝင်ကြောင်း၊ UNESCO Institute of Statistics  မှ ထုတ်ပြန်သည့်အစီရင်ခံစာတွင် ဖော်ပြထား ကြောင်း၊ လက်မှုနှင့်အနုပညာပစ္စည်းများသည် ယဉ်ကျေးမှု ကုန်စည် ကုန်သွယ်မှု အများဆုံးပစ္စည်း ၁၀ မျိုးစာရင်းတွင် ပါဝင်လာခဲ့ကြောင်း သိရပါသည်၊
ကနေဒါနိုင်ငံ၏ ယဉ်ကျေးမှုဆိုင်ရာ စာရင်းဇယား ကောက်ခံ ရေးမူဘောင် (CFCS)  ၏သတ်မှတ်ချက်များသည် ယဉ်ကျေးမှုဆိုင်ရာ ကုန်စည်များ၊ ကဏ္ဍများ၊ တည်နေရာများနှင့်ပတ်သက်၍ အတိုင်း အတာများကို စဉ်းစားတွေးခေါ် နိုင် ရန်အထောက်အပံ့ဖြစ်နိုင်သည်ဟု သိရှိရပါသည်။ ယဉ်ကျေးမှုကို တိုင်းတာရာတွင် ချဉ်းကပ်မှုများပေါ် တွင် မူတည်ပြီး အမျိုးမျိုးဖြစ်နိုင်ပါသည်၊ ကမ္ဘာတွင်ဟောလိဝုဒ်ပြီးလျှင်  ဘောလီဝုဒ်ဟုပင် တင်စားရလောက်အောင် ရုပ်ရှင်ဖြင့် ကမ္ဘာပေါ် တွင် ထင်ရှားသလို၊ တရုတ်ရှေးဟောင်း ဇာတ်ကားများကဲ့သို့ ဇာတ် လမ်းတွဲများ တရုတ်ယဉ်ကျေးမှုနှင့် ဆက်နွယ်သော ယဉ်ကျေးမှု ထုတ်ကုန်ဟုပြောနိုင်သော ရုပ်ရှင်ဇာတ်လမ်းမျိုးစုံကို ကမ္ဘာသို့  ဖြန့်ချိ နိုင်ပါသည်၊ ယခုနောက်ဆုံး ယဉ်ကျေးမှုကုန်စည် (ရုပ်ရှင်)ဖြင့် ကမ္ဘာ တွင် ဝင်ရောက်လာသော နိုင်ငံတစ်နိုင်ငံမှာ  တောင်ကိုရီးယားနိုင်ငံ ဖြစ်ပါ သည်၊ ထို့အပြင် ဂျပန်နိုင်ငံသည်လည်း ယင်း၏ ဂျပန်ဆာမူရိုင်း ဓလေ့ထုံးစံများ လက်ဖက်ရည်ကြမ်းသောက်သည့်  ဓလေ့များ၊ ကီမိုနို ဝတ်စုံ၊ ဂျပန်လက်မှု ရိုးရာပစ္စည်းများစသည်ဖြင့် အမျိုးမျိုးထုတ်လုပ်ပြီး ကမ္ဘာတွင် နေရာရလျက်ရှိပါသည်၊
ကျွန်တော်တို့ မြန်မာနိုင်ငံသည်လည်း ရှေးဟောင်းယဉ်ကျေး မှုအစဉ်အလာကြီးမားသည့်အပြင်၊ ထင်ရှားသည့် ယဉ်ကျေးမှုအမွေ အနှစ်များစွာရှိပါသည်၊ ဥပမာ – ပုသိမ်ထီး၊ ဟာလဝါ၊ တိုင်းရင်း သား များ၏ ရိုးရာဝတ်စုံများ၊ အင်းသားများ၏ အဝတ်အစားများ၊ တန်ဖိုး ကြီးလှသော ကြာချည်၊ ကြာသင်္ကန်း၊ ရှမ်းဘောင်းဘီ၊ ကချင်ဓါး၊ ကချင်အရက်၊ ရှီးပဒီး၊ ကချင်တိုင်းရင်းသားများ၊ ကရင် သင်တိုင်းနှင့် ကရင်ဒုံးယိမ်း အကများ၊ ရခိုင်တိုင်းရင်းသားတို့၏ ဓလေ့များ၊ နာဂ လူမျိုးတို့၏ အဝတ်အစား အသုံးအဆောင်များ၊ မြန်မာ့သနပ်ခါး၊ ပုဂံ နှင့် မန္တလေးမှ ရှေးဟောင်းယဉ်ကျေးမှု အဆောက်အဦများ၊  မြန်မာ့ ရုပ်သေးရုပ်များ၊ ထိုင်မသိမ်းအင်္ကျီ၊ မြန်မာလူမျိုးတို့၏  အမျိုးသား၊ အမျိုးသမီး ဝတ်လုံချည်များ၊ တိုက်ပုံနှင့်ပင်နီစများ၊ ချည်ထည်များ၊ အိုးပုတ်၊ ချိုးရုပ်များ၊ ပစ်တိုင်းထောင်ရုပ်များ၊ စက္ကူရုပ်၊ ရွံ့ရုပ်များ၊ ပန်းတော့ ၊ ပန်းတမော့၊ ပန်းပု စသော  ပန်း ၁၀ မျိုးလက်ရာများ စသည့် များစွာသော ယဉ်ကျေးမှုထွက်ကုန်များ အများ အပြားရှိပါ သည်၊ ယင်းတို့ကို  ယခုကဲ့သို့ နိုင်ငံခြား ခရီးသွားများကို ရောင်းချမှုများ အပြင် ပြည်ပနိုင်ငံများသို့ ထုတ်လုပ်ရောင်းချလျှင် နိုင်ငံအတွင်း နိုင်ငံ ခြားဝင်ငွေများစွာ ရရှိနိုင်ပါသည်၊
တစ်ခါက ဂျာမနီမှ အမျိုးသမီးတစ်ဦးက ထန်းလျှော်ဖြင့် ယက် လုပ်ထားသော တရုတ်မှ အမျိုးသမီးကိုင်  လက်ကိုင်အိတ်ကို နမူနာ ပေးပြီး ကျွန်တော်ကို ထုတ်လုပ်တင်ပို့ပေးရန်ပြောဖူး ပါသည်၊ ကျွန် တော်အနေဖြင့် ကျေးလက်များမှ ယက်လုပ်တတ်သူများ ရှာဖွေယက် လုပ်ကြည့်သော်လည်း သပ်ယပ်မှုအားနည်းခြင်း၊ ထန်းလျှော်များကို ပျော့ပြောင်းအောင် မလုပ် တတ်ခြင်း၊ ပိုးသတ် ပေး ရန်လိုခြင်း၊ စသည့်အချက်များကို တွေ့ရှိရပြီး၊ ဆက်လက်လုပ်ကိုင်နိုင်ခြင်း မရှိ ခဲ့ပါ၊ ထို့ပြင် တွေ့ဖူးသည်မှာ ငါန်းဇွန်တွင် ယက်လုပ်နေသော ဂျုံရိုး ဦးထုပ်များမှာလည်း အလွန်သပ်ရပ်ပြီး  ရောင်းအားကောင်းလှပါ သည်။ လက်နှင့်ယက်လုပ်ရသဖြင့်  ထုတ်လုပ်မှု အနည်းငယ်သာ ရှိပြီး၊ ယင်းဂျုံရိုး ဦးထုပ်၊ ကတ်ဦးထုပ်လို ဂေါက်ကွင်းတွင် ဆောင်း သည့် ကတ်ဦးထုပ်များ အဖြစ်သာများများ စားစား ထုတ်လုပ်နိုင် လျှင် ထုတ်လုပ်သူအတွက် များစွာအကျိုးရှိနိုင်ပါသည်၊ ယင်းကဲ့သို့ ယဉ်ကျေးမှု ထုတ်ကုန်များကို အမြောက်အမြား ထုတ်လုပ်ပြီး၊ ပြည်ပ ပို့ကုန် တိုးမြှင့်ရေးကို ဆောင်ရွက်နိုင်ပါက  များစွာအကျိုးရှိနိုင်ပါ ကြောင်း တင်ပြလိုက်ရပါသည်။

Agency Ministry of Foreign Affairs
Category General