ရှမ်းပြည်နယ်တောင်ပိုင်းမှ ဒေသထွက်ကုန်များ ပြည်ပသို့တိုးချဲ့တင်ပို့နိုင်ရေးအတွက် တောင်ကြီးဇုန် ဟင်းသီးဟင်းရွက်အစုအဖွဲ့ ဖွဲ့စည်း

ရှမ်းပြည်နယ်တောင်ပိုင်းမှာ     စိုက်ပျိုးထွက်ရှိတဲ့ သစ်သီးဝလံ ပန်းမန်နဲ့ ဟင်းသီးဟင်းရွက်များ ပြည်တွင်း ဈေးကွက်သို့ တင်ပို့ရောင်းချရုံ သာမက နိုင်ငံတကာဈေးကွက်သို့ တိုးမြှင့်တင်ပို့နိုင်ရေးနှင့် နိုင်ငံတကာအဖွဲ့ အစည်းများနှင့် နည်းပညာများ အပြန်အလှန်ချိတ်ဆက်ပူးပေါင်းနိုင်ရေးအတွက် တောင်ကြီးမြို့နယ် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများ အစုအဖွဲ့ (တောင်ကြီးဇုန်) ကို မတ် ၁၃ ရက်က တောင်ကြီး မြို့နယ် ဘုရားဖြူရပ်ကွက် ပါမိုးနဲ ဘုန်းတော်ကြီးကျောင်းမှာ ဖွဲ့စည်းဆောင် ရွက်ခဲ့ကြောင်း သိရပါတယ်။
အဆိုပါအခမ်းအနားကို ရှမ်းပြည်နယ် ကုန်သွယ်မှုမြှင့်တင်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာနမှ ပြည်နယ် ဦးစီးမှူး ဦးညွန့်ဝေနှင့်တာဝန်ရှိသူများ သစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်း ချ သူများအသင်း (ရှမ်းတောင်)မှ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင် ကော်မတီဝင်များ၊ ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်သူများနှင့် တင်ပို့ ရောင်းချသူများ တက်ရောက်ခဲ့ကြပြီး တောင်ကြီးမြို့နယ် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအစုအဖွဲ့ (တောင်ကြီးဇုန်)ကို အလုပ်အမှုဆောင်အဖွဲ့ဝင် ၁၂ ဦးနှင့် ဖွဲ့စည်းခဲ့ကြောင်း သိရပါတယ်။ ထိုသို့ ဖွဲ့စည်းခြင်းဖြင့် အဆိုပါ အစုအဖွဲ့မှ GIZ မှ ပေးသောနည်းပညာများ၊ မျိုးစေ့ များနှင့် ဂျပန်နိုင်ငံမှ လာရောက်လေ့လာသော အဖွဲ့များနှင့်ပါ ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်သွားကြမှာဖြစ်ကြောင်း သိရပါတယ်။
မင်းအောင်-တောင်ကြီး                                                                                          
   CMK

Agency Ministry of Foreign Affairs
Category General