ပြည် မန်ကျည်းမှည့်ဈေးကွက် ပုံမှန်အဝင်ရှိပြီး ရခိုင်သို့ ပုံမှန်တင်ပို့

ယခုမတ်လနောက်ဆုံးပတ် ပြည်မန်ကျည်းမှည့်ပွဲရုံများသို့  ကမြိုင်၊ ပန်းတောင်း၊ ဥသျှစ်ပင်၊  ကျီးသဲစတဲ့  ဒေသများမှ ထွက်ရှိတဲ့ မန်ကျည်းမှည့် အိတ်တွေ ပြည်ပွဲရုံသို့ ဝင်ရောက်နေတာတွေ့ရပါတယ်။ တစ်နေ့လျှင် ပိဿာ နှစ်ဆယ်ဝင်အိတ် ၁၀ဝ ခန့် အဝင်ရှိပြီး ဒေသတွင်း မန်ကျည်းမှည့်များကတော့ ပွဲရုံများသို့ ပိဿာချိန် ၁၀ဝ၀ ကျော် ပုံမှန်အဝင်ရှိနေပါတယ်။ အရောင်းအဝယ် မှာလည်း  လက်လီအရောင်းသမားများနဲ့    ရခိုင်ဝယ်လက်တို့မှ နေ့စဉ် အဝယ်ပုံမှန်ရှိနေပြီး ပိဿာချိန် ၇၀ဝ၊ ၈၀ဝ တင်ပို့နေရကြောင်းသိရပါတယ်။ မန်ကျည်းမှည့်ဈေးကွက် ကတော့ မနှစ်ကထက်စာရင် အထွက်နည်းပြီး ဈေး ကွက်အရောင်းအဝယ်ရှိနေတာကြောင့် ဈေးမာနေတာ တွေ့ရပါတယ်။ ယခု တစ်ပတ် မန်ကျည်းမှည့်တစ်ပိဿာ ပွဲရုံပေါက်ဈေး ၁၈၀ဝ ကျပ်နဲ့ လက်လီ ဒေသတွင်း ပေါက်ဈေးကတော့ ၂၅၀ဝ ကျပ်နဲ့ ဈေးငြိမ်နေတာ တွေ့ရပါတယ်။                  
                    နီနီဝင်း-ပြည်

Agency Ministry of Foreign Affairs
Category General