ကော့သောင်းကုန်သွယ်ရေးစခန်းမှ ပင်လယ်ငါးရှဉ့်နဲ့ ရေဘဝဲ ၁၈ တန်ကျော်တင်ပို့

မြန်မာ-ထိုင်းနယ်စပ်ရှိ ကော့သောင်းကုန်သွယ်ရေးစခန်းမှ  ဧပြီ ၁ ရက်မှ ၂၂ ရက်တာကာလအတွင်း  ကန်ဒေါ်လာ သုည ဒသမ ဝ၃၄  သန်း တန်ဖိုးရှိ ပင်လယ်ငါးရှဉ့်နဲ့ ရေဘဝဲ ၁၈ တန်ကျော်တင်ပို့နိုင်ခဲ့ပြီး ပင်လယ် ငါးရှဉ့်မှာ တန်ဖိုးကန်ဒေါ်လာ သုည ဒသမ ဝ၂၈  သန်း၊ တန်ချိန် ၁၅ တန် ကျော်၊ ရေဘဝဲမှာ တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ဝ၀၆ သန်း၊  တန်ချိန် ၃ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။
၂၀၁၆ ခုနှစ်  ဧပြီ ၁၆ ရက်မှ ၂၂ ရက်တာကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ဝ၁၈ သန်း တန်ဖိုးရှိ ပင်လယ်ငါးရှဉ့်နဲ့ ရေဘဝဲ ၁၀ တန်နီးပါးတင်ပို့နိုင်ခဲ့ပြီး၊ ပင်လယ်ငါးရှဉ့်မှာ တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ဝ၁၅  သန်း၊ တန်ချိန် ရှစ်တန်ကျော်၊ ရေဘဝဲမှာ တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ဝ၀၃ သန်း၊ တန်ချိန် တစ်တန်ကျော်တင်ပို့နိုင် ခဲ့ပါတယ်။                                                                  

           ခင်မြနွယ်

Agency Ministry of Foreign Affairs
Category General