မြန်မာနိုင်ငံ-ဘင်္ဂလားဒေ့ရှ်နိုင်ငံ တို့အကြား နှစ်နိုင်ငံအစိုးရအချင်းချင်း သဘောတူညီမှုအရ မြန်မာ့တန်းမြင့်ဆန် စတင်တင်ပို့

နေပြည်တော်၊ အောက်တိုဘာ ၁၁       

     ရန်ကုန်မြို့ရှိ ဆူးလေဆိပ်ကမ်းတွင် ဆိုက်ကပ်ရောက်ရှိနေသော MV VTC Ocean သင်္ဘောဖြင့် မြန်မာ့တန်းမြင့်ဆန် တန်ချိန် (၂၁၃၀၀) တန်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့မှု စတင်ဆောင်ရွက်နေပြီဖြစ်သည်။

     အဆိုပါ သင်္ဘောတင်ပို့မှုသည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဦးဆောင်စီစဉ်မှုဖြင့် နှစ်နိုင်ငံအစိုးရအချင်းချင်း သဘောတူညီထားမှုအရ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ စီစဉ်တင်ပို့ခြင်းဖြစ်ကြောင်း၊ ယခုနှစ်တွင် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စားနပ်ရိက္ခာဦးစီးဌာနတို့အကြား တန်းမြင့်ဆန် ၅ % တန်ချိန် (၂၅၀၀၀၀) စာချုပ် ချုပ်ထားပြီး ဖြစ်ကြောင်းနှင့် ယခု MV VTC Ocean သင်္ဘောဖြင့် တင်ပို့မှုသည် အဆိုပါ စာချုပ်အား စတင်အကောင်အထည်ဖော်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

Agency Department of Trade
Category General