မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲများတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက် အမှာစကားပြောကြား

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံး၌ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ အရည်အသွေးကောင်းသည့် မြန်မာ့ဆန်များ တိုးမြှင့်ထုတ်လုပ်တင်ပို့နိုင်ရေး၊ ဈေးကွက်သစ်များ ရှာဖွေရေး၊ ပြည်တွင်း၌ပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် စိုက်ပျိုးတောင်သူများ၏ အကျိုးစီးပွားဖွံ့ဖြိုးတိုးတက်စေရေး စသည့်ကိစ္စရပ်များ အား ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မွန်းလွှဲ (၁၃း၀၀) နာရီအချိန်တွင် ရန်ကုန်မြို့ရှိ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ရုံး ၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး ပို့ကုန်မြှင့်တင်ရေး၊ ကုန်သွယ်မှု လုပ်ငန်းများ တွင်ကြုံတွေ့နေရသောအခက်အခဲများအား လျှင်မြန်လွယ်ကူစွာဖြေရှင်းဆောင်ရွက်နိုင်ရေး၊ ပြည်တွင်းရှိ အရင်းအမြစ်များကို တိုးမြင့်ဆောင်ရွက်၍ ပို့ကုန်တိုးမြှင့်တင်ပို့နိုင် အောင် ဆောင်ရွက်ရေးနှင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်သွယ်မှု ကဏ္ဍမြှင့်တင်နိုင်မည့် နည်းလမ်းရှာဖွေရေးနှင့် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်ရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်ရေး တို့နှင့်ပတ်သက်၍ ညှိနှိုင်းဆွေနွေးခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၏ တာဝန်ရှိသူများမှ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Agency Department of Trade
Category General