အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ အောက်ဖော်ပြပါ ဧရာဝတီတိုင်းဒေသကြီးမှ သိုလှောင်ရုံ(၆)လုံး၊ ပဲခူးတိုင်းဒေသကြီးမှ သိုလှောင်ရုံ (၃)လုံးနှင့် မန္တလေးတိုင်းဒေသကြီးမှ သိုလှောင်ရုံ(၁)လုံး စုစုပေါင်း သိုလှောင်ရုံ(၁၀)လုံးတို့အား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် (မြေမပါ) ထုခွဲရောင်းချမည် ဖြစ်ပါသည်-
Lot(1) (က) ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းရှိ မြဲ-၁၊ ၂၊ ၇ သိုလှောင်ရုံ(၃)လုံး
Lot(2) ( ခ ) ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ ထူးကြီးရှိ မြဲ-၅ သိုလှောင်ရုံ(၁)လုံး
Lot(3) ( ဂ ) ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ နတ်မော်ရှိ ပတ်ကား-၉၊ ၁၀ သိုလှောင်ရုံ (၂)လုံး
Lot(4) (ဃ) ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ မြို့သစ်(က)ရပ်ကွက်ရှိ သိုရုံ(၂/၁)၊ သိုရုံ(၂/၂) သိုလှောင်ရုံ (၂)လုံး
Lot(5) ( င ) ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်ရှိ သိုရုံ - ၁၅ သိုလှောင်ရုံ(၁)လုံး
Lot(6) ( စ ) မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ရွှေပြည်ရန်နိုင်ရပ်ကွက်ရှိ မြဲ-၅ သိုလှောင်ရုံ (၁)လုံး
၂။ တင်ဒါပုံစံရောင်းချမည့်ရက် - ( ၃၁.၅.၂၀၂၂)နေ့မှ (၁၃.၆.၂၀၂၂)နေ့ထိ
၃။ တင်ဒါပိတ်မည့် ရက်/ အချိန် - (၁၃.၆.၂၀၂၂)ရက် ညနေ (၄)နာရီ
၄။ တင်ဒါယှဉ်ပြိုင်ရမည့် ရက်/အချိန် - (၁၆.၆.၂၀၂၂)ရက် မွန်းလွှဲ (၁)နာရီ
၅။ တင်ဒါတင်သွင်းရမည့် နေရာ - စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ရုံးအမှတ်(၃)၊ နေပြည်တော်
၆။ စာရင်းပေးသွင်းရမည့် နေရာ - ရုံးအမှတ်(၅၂)၊ နေပြည်တော်
၇။ တင်ဒါစည်းကမ်းချက်များ - (၁၆.၆.၂၀၂၂)ရက် နံနက် (၁၁)နာရီ
ရှင်းလင်းမည့်ရက်/အချိန်/နေရာ - ရုံးအမှတ်(၅၂)၊ နေပြည်တော်
၈။ တင်ဒါပုံစံရောင်းချမည့်နေရာ - စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီး မှူးရုံး၊ ပုသိမ်မြို့၊ ပဲခူးမြို့၊ မန္တလေးမြို့
၉။ Deposit ပေးသွင်းနိုင်သည့်ဘဏ်များ - တင်ဒါစည်းကမ်းသတ်မှတ်ချက်ပုံစံတွင် ဖေါ်ပြထားပြီး ဖြစ်ပါသည်။
၁၀။ အဆိုပါ ဧရာဝတီတိုင်းဒေသကြီးမှ သိုလှောင်ရုံ(၆)လုံး၊ ပဲခူးတိုင်းဒေသကြီးမှ သိုလှောင်ရုံ (၃)လုံးနှင့် မန္တလေးတိုင်းဒေသကြီးမှ သိုလှောင်ရုံ(၁)လုံးတို့၏ မျက်မြင်အခြေအနေအား သက်ဆိုင်ရာ မြို့နယ်များသို့ သွားရောက် ကြည့်ရှု့နိုင်ပြီး အသေးစိတ်အချက်အလက်များကို သိရှိလိုပါက တင်ဒါပုံစံ ဝယ်ယူရမည့် နေရာသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်း ၀၁-၂၅၀၄၃၂ ၊ ၀၅၂-၂၂၂၁၁၀၈၊ ၀၂-၄၀၃၆၃၃၈ သို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။
တင်ဒါစိစစ်ရေးအဖွဲ့
Agency Department of Trade
Category General