ပြည်ပဲပုပ် ပိုမိုဝင်ရောက်လာလို့ ဈေးလျော့ကျ

ပြည်ပဲဈေးကွက်အတွင်း ပဲသစ်မျိုးစုံ ဝင်ရောက်လျက်ရှိရာ ဒီဇင်ဘာလလယ်မှစ၍ ဈေးကွက်သို့ ပဲပုပ်သီးနှံများ စတင်ဝင်ရောက်ခဲ့ပါတယ်။ ယခု ဇန်နဝါရီလ ဒုတိယပတ်အတွင်းမှာ ပန်းတောင်း၊ ကံမ၊ ပေါင်းတလည်၊ ပေါက်ခေါင်း မြို့နယ်များမှ  ပဲအဝင်များလာတဲ့အတွက် တစ်ရက်လျှင် အိတ် ၇၀^၈၀ မှ ၁၀ဝ ကျော်အထိ  ဝင်ရောက်လာတာကြောင့် ပဲဈေးနှုန်းမှာ တစ်တင်း ကျပ်၁၉၅၀ဝဖြင့် ဈေးနှုန်းအနည်းငယ် လျော့နည်းသွားခဲ့ပါတယ်။ ပဲသစ်အဖွင့်ဈေး စဖွင့်ချိန်က တစ်တင်းကျပ်၂၃၀ဝ၀ဖြင့် ပဲဟောင်းဈေးထက် အနည်းငယ်ပိုခဲ့ပေမယ့် ပဲဝင်ရောက်မှုများလာချိန်မှာတော့ ဈေးလျော့ လာတဲ့အတွက် ပဲအထွက်လှိုင်လာချိန် ဝင်ရောက်မှု သိသိသာသာ ပိုလာချိန်မှာလည်း ဈေးအတက်အကျ အခြေအနေ ကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။                                                                   ခင်ဆွေဝင်း
 

Agency Ministry of Foreign Affairs
Category General