ဆန်အဝင်ပါးပေမယ့် ဈေးငြိမ်

ယခုတစ်ပတ်မှာ ဆန်ချော၊ ဆန်ကြမ်းအဟောင်းရော အသစ်ပါဈေးငြိမ်နေသလို အရောင်းအဝယ်လည်းငြိမ်နေ တယ်လို့   ရန်ကုန်မြို့ရဲ့ ဝါးတန်းဆန်ဈေးကွက်မှ သတင်းရရှိ ပါတယ်။  ဝါးတန်းကုန်စည်ဒိုင်ရဲ့ ဆန်လက်ကားဈေးနှုန်းတွေ အရ ဆန်ဈေးများမှာ ဖျာပုံပေါ်ဆန်းဆန် ထိပ်စတစ်အိတ် ကျပ်၃၈၀ဝ၀၊လတ်စတစ်အိတ် ကျပ် ၃၄၀ဝ၀၊ပုသိမ်၊မြောင်းမြ ပေါ်ဆန်းဆန်ထိပ်စတစ်အိတ်  ကျပ် ၄၀ဝ၀ဝ၊ လတ်စတစ် အိတ်  ကျပ် ၃၄၀ဝ၀၊ နယ်စုံကျိုက်လတ်ပေါ်ဆန်း ဆန်ထိပ်စ တစ်အိတ်ကျပ် ၃၂၀ဝ၀၊ လတ်စတစ်အိတ် ကျပ် ၂၉၀ဝ၀၊ ရွှေဘိုပေါ်ဆန်းဆန်တစ်အိတ်ကျပ် ၄၃၀ဝ၀ မှ  ၄၄၅၀ဝကျပ်၊ ပေါ်ဆန်းအသစ်(ရှယ်) တစ်အိတ်ကျပ် ၂၅၀ဝ၀မှ ကျပ် ၂၉၀ဝ၀ဖြစ်ပြီး ယခင်တစ်ပတ်အတိုင်း ဈေးငြိမ်နေပါတယ်။
ဧည့်မထဆန်ထိပ်စတစ်အိတ်  ၁၉၅၀ဝကျပ်၊ လတ်စ တစ်အိတ် ၁၈၅၀ဝ ကျပ်၊ နွေသီးထပ်(ရှယ်) တစ်အိတ်ကျပ် ၁၉၀ဝ၀မှကျပ် ၂၀ဝ၀ဝ၊ နွေဆန်ရက် ၉၀ တစ်အိတ် ၁၉၅၀ဝ ကျပ်မှ ကျပ် ၂၁၀ဝ၀၊ မနောသုခတစ်အိတ်ကျပ် ၂၄၀ဝ၀မှ ကျပ်၂၅၀ဝ၀၊ အိတ်စပို့ ၂၅ မှတ် တစ်အိတ် ကျပ် ၁၅၀ဝ၀မှ ကျပ်၁၆၀ဝ၀၊ ဆန်ကြမ်းအသစ်(ရှယ်) တစ်အိတ်ကျပ်၁၇၀ဝ၀ မှကျပ် ၁၇၅၀ဝနဲ့ဈေးအတက် အကျမရှိငြိမ်နေပါတယ်။
ကုန်စည်ဒိုင်ကို  ဆန်အဝင်ပါးပေမယ့် ဈေးမမြင့်ဘဲ အရောင်းအဝယ်လည်း ငြိမ်နေတယ်လို့သိရပါတယ်။ ဆန် အဝင်ပါးရသည့် အကြောင်းရင်းမှာ ဆန်စက်လုပ်ငန်းရှင်တွေ က  ဈေးမကိုက်တဲ့အတွက် လိုသလောက်သာ ဝယ်ယူကြိတ် ခွဲကြပြီး ပစ္စည်းကောင်းရင်တော့ ဝယ်သူအကြိုက်ရှိတဲ့အတွက် ဈေးမာရတယ်လို့သိရပါတယ်။
ယခုတစ်ပတ် မူဆယ်ဆန်ဈေးကွက်မှာ ဧည့်မထ ၅မှတ် ဆန်၊မှော်ဘီနဲ့ စူပါတစ်အိတ် ၁၂၆ ယွမ်မှ ၁၂၈ ယွမ်၊ဧည့်မထ ၁၀မှတ်ဆန်တစ်အိတ် ၁၂၂ ယွမ်မှ ၁၂၅ ယွမ်၊ ဧည့်မထ၁၅ မှတ်ဆန်တစ်အိတ် ၁၁၈ယွမ်မှ  ယွမ် ၁၂၀၊ ဧည့်မထ ၂၅ မှတ်ဆန်တစ်အိတ် ၁၁၅ယွမ်မှ ၁၁၇ယွမ်၊ ဧည့်မထ ၃၅ မှတ် ဆန်တစ်အိတ် ၁၀၉ယွမ်မှ ယွမ်၁၁၀၊ ငစိန် ၅မှတ်ဆန် ၁၂၂ ယွမ်မှ ၁၂၄ ယွမ်၊ ငစိန် ၁၅ မှတ် ဆန်တစ်အိတ် ၁၁၈ ယွမ်မှ ၁၂၁ယွမ်၊ ငစိန် ၂၅ မှတ် တစ်အိတ် ၁၁၆ ယွမ်မှ ၁၁၇ ယွမ် ရှိပြီး တစ်အိတ်ကိုတစ်ယွမ်ခန့် ဈေးကျကြောင်းသိရပါတယ်။ မြို့တွင်းနယ်စုံမှ မူဆယ်သို့ ဆန်အဝင်မှာ ဇန်နဝါရီ ၆ ရက်မှ ၁၂ရက်အထိ တန်ချိန်၃၁၁၄၆ရှိပါတယ်။ ဇန်နဝါရီ ၁၃ ရက် ငွေလဲနှုန်းအရ တစ်ယွမ်ကို ၁၉၃ ဒသမ ဝ၅ ကျပ်ဈေးပေါက် တယ်လို့ သိရပါတယ်။                     ယဉ်ယဉ်အေး
 

Agency Ministry of Foreign Affairs
Category General