နယ်စပ်စခန်းများမှသစ်သီးဝလံမျိုးစုံတင်ပို့၊ တင်သွင်း

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ကုန်သွယ်ရေးဇုန်မှ ၂၀၁၆ ဒီဇင်ဘာလအတွင်း အမေရိကန် ဒေါ်လာ ၇ ဒသမ ၅၅၀ သန်း တန်ဖိုးရှိ ဖရဲသီး တန်၆သောင်း ခန့်၊ သခွားမွှေးတန် ၇၀ဝ၀နီးပါး၊ နာနတ်သီး တန် ၃၄၀၊ ဆီးသီး ၁၄၆တန်ခွဲနဲ့ အုန်းသီး ၄၁ တန် ကျော်ကို တရုတ်နိုင်ငံသို့ တင်ပို့နိုင်ခဲ့သလို အမေရိကန် ဒေါ်လာ ၄ ဒသမ ၉၇၄ သန်းတန်ဖိုးရှိ ပန်းသီး၊ ပန်းသစ်တော်သီးနဲ့ ပျား လိမ္မော် တန်ချိန် တစ်သောင်းခွဲခန့် တင်သွင်းခဲ့ပါတယ်။
အလားတူ လွယ်ဂျယ်မှ ဖရဲသီး ၃၃တန်၊ ချင်းရွှေဟော်မှ ဖရဲသီး ၁၂ တန်နဲ့ ကန်ပိုက်တီးမှ ဖရဲသီး ၆၆ တန် တင်ပို့ခဲ့တာ တွေ့ရပါတယ်။ ကန်ပိုက်တီးစခန်းကတော့ အမေရိကန်ဒေါ်လာ ၅၅၄၁၇ တန်ဖိုးရှိ ပန်းသီးတန် ၃၀ကျော်နဲ့ လိမ္မော်သီး တန်၁၂၀ တင်သွင်းခဲ့ပါတယ်။
အလားတူ မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ သုည ဒသမ ဝ၉၀သန်းတန်ဖိုး  ရှိ ပန်းသီး၊ စပျစ်သီး၊ သရက်သီး၊ လိမ္မော်သီး၊ ပန်းသစ်တော်သီး၊ နာနတ်သီး၊ ဆီးသီး၊ နန်းမြားသီး၊ မန်ကျည်းချိုသီးနဲ့ နဂါးမောက်သီး တန် ငါးရာကျော် တင်သွင်းခဲ့တယ်လို့ သိရပါတယ်။                                               မော်မော်အောင်

Agency Ministry of Foreign Affairs
Category General