ဒီဇင်ဘာလအတွင်း ရော်ဘာတင်ပို့မှု တန်ချိန်နှစ်သောင်း သုံးထောင်ကျော်ရှိ

ဒီဇင်ဘာ ၂၄ ရက်မှ ၃၀ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၆ ဒသမ ၃၈၃ သန်းတန်ဖိုးရှိ ရော်ဘာ အဆင့်စုံ ၄၀၇ တန်ကျော်ကို မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ တင်ပို့ခဲ့ရာ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ RSS3 ၅၆၈ တန်၊RSS 5 ၁၃၇ တန် ကျော်၊ MSR 20 ၃၁၃ တန်၊MSR 50 ၄၃၆ တန်၊ ချင်း ရွှေဟော်  ကုန်သွယ်ရေးစခန်းမှRSS 1၃၅ တန်၊RSS 3 ၁၆၄၉ တန်၊RSS 5၆၈၄ တန်ကျော်MSR 20 ၂၂၉ တန်၊ လွယ်ဂျယ်မှ ရော်ဘာ ၂၁ တန် တင်ပို့ခဲ့ပါတယ်။ ဒီဇင်ဘာ တစ်လလုံးမှာ အမေရိကန်ဒေါ်လာ ၂၉ ဒသမ ၈၉၂ သန်းဖိုး ရှိရော်ဘာအဆင့်စုံ ၂၀၇၁၄ တန်ကျော် တင်ပို့ခဲ့ပြီး အနီးစပ် ဆုံး နိုဝင်ဘာလက ၇၆၈၆ တန်ကျော် တင်ပို့ခဲ့တဲ့အတွက် ဒီဇင်ဘာလမှာ ၁၃၀၂၈ တန်ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။
ယခုတစ်ပတ် မူဆယ်ကုန်စည်ဒိုင်ရဲ့  ရော်ဘာဈေး ပြန် လည်ကျလာတာတွေ့ရပါတယ်။ ယခင်တစ်ပတ်RSS3 တစ်တန်ကျပ် ၂၂ သိန်း ရှိရာမှ ယခုတစ်ပတ်မှာ ကျပ် ၂၁ ဒသမ ၁၂ သိန်း၊RSS 5 တစ်တန်ကျပ် ၂၀ ဒသမ ၄၈၇ သိန်းမှ ကျပ် ၂၀ ဒသမ ၁၅၇ သိန်းသို့ ပြန်လည်ကျဆင်း သွားပါတယ်။
ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဒီဇင်ဘာ ၂၅ ရက်မှ ၃၁ ရက်အထိ ကာလအတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၆၅ သန်းဖိုးရှိ ရော်ဘာတန် ၈၉၀ ကို တင်ပို့ခဲ့ရာ မလေးရှား နိုင်ငံသိုRSS3 တန် ၃၀ဝ၊ ဂျပန်နိုင်ငံသို့TSR 20၁၉၆ တန်၊ စင်ကာပူနိုင်ငံသို့ TSR 20၁၄၉ တန်နဲ့MSR10 ၂၀၁ တန်၊ ဩစတြေးလျနိုင်ငံသို့ ၊RSS 3 ၄၄ တန် တင်ပို့ခဲ့ပါ တယ်။ ဒီဇင်ဘာ တစ်လလုံးမှာ အမေရိကန်ဒေါ်လာ ၄ ဒသမ ၂၄၇ သန်းဖိုးရှိ ရော်ဘာ ၃၁၁၃ တန်တင်ပို့ခဲ့ပြီး အနီးစပ်ဆုံး နိုဝင်ဘာလ ၃၁၈၇ တန် တင်ပို့ခဲ့တဲ့အတွက် ဒီဇင် ဘာလမှာ ၇၅ တန် လျော့နည်းခဲ့ပါတယ်။
ပင်လယ်ရေကြောင်း ကုန်သွယ်မှုနဲ့ ကုန်သွယ်ရေးစခန်း များမှ ဒီဇင်ဘာလ ရော်ဘာတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၃၄ ဒသမ ၁၃၉ သန်းဖိုးနဲ့ တန်ချိန် ၂၃၈၂၇ တန် တင်ပို့ နိုင်ခဲ့ပါတယ်။ ယခုတစ်ပတ်နိုင်ငံတကာ ရော်ဘာပေါက်ဈေး အနည်းငယ်အကျရှိသော်လည်း ပြည်ပပို့မယ့် မြန်မာ့ရော်ဘာ ဈေးကို မပြောင်းလဲဘဲ ယခင်တစ်ပတ်ဈေးအတိုင်း ထားရှိဦး မယ်လို့ မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း က ထုတ်ပြန်ထားပါတယ်။
ယဉ်ယဉ်အေး

Agency Ministry of Foreign Affairs
Category General