ပြောင်းတန်ချိန် ငါးသောင်းနီးပါးတင်ပို့

မြန်မာ-တရုတ်နယ်စပ်ရှိ  မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေ ဟော်နဲ့ ကန်ပိုက်တီး ကုန်သွယ်ရေးဇုန်များနဲ့ စခန်းများမှ ဒီဇင်ဘာ နောက်ဆုံးပတ်အတွင်း အမေရိကန် ဒေါ်လာ ၈ ဒသမ ၆၁၇ သန်း တန်ဖိုးရှိ ပြောင်းဖူးစေ့ ၄၉၃၂၀ တန် ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ စခန်းအလိုက်တင်ပို့မှုမှာ မူဆယ်မှ ၄၂၃၆၂ တန်၊ လွယ်ဂျယ်မှ ၃၁၀၁ တန်၊ ချင်းရွှေဟော်မှ ၃၈၁၇ တန်ကျော်နဲ့ ကန်ပိုက်တီးမှ တန် ၄၀ ဖြစ်ပါ တယ်။ ယခင်တစ်ပတ်က မူဆယ်၊ လွယ်ဂျယ်နဲ့ ချင်းရွှေဟော်စခန်းသုံးခုမှ ပြောင်း တန်ချိန် ၃၃၀၇၈ တန်ကျော်သာ တင်ပို့ခဲ့လို့ ယခုတစ်ပတ်မှာ ပြောင်းတင်ပို့မှု ၁၆၂၄၂ တန် ကျော်ပိုမိုတင်ပို့ခဲ့တာ တွေ့ရပါတယ်။
မူဆယ်ကုန်စည်ဒိုင်မှာ ဒီဇင်ဘာ ၁၇ ရက်မှ ၂၃ ရက် အထိ သီတင်းပတ်အတွင်း ပြောင်းတစ်တန် ၂၄၁၂၄၅ ကျပ်ရှိရာမှ ဒီဇင်ဘာ ၂၄ ရက်မှ ၃၀ ရက်အတွင်း ၂၃၈၄၆၂ ကျပ်သို့ ဈေးထပ်မံကျဆင်းနေပါတယ်။ သယ်ယူစရိတ်မှာ တစ်ပိဿာ ၁၂၅-၁၃၀ ကျပ်ရှိပြီး ကားစီးရေ ၁၅၂၂ စီး ဝင်ရောက်ခဲ့ပါတယ်။ ဒီဇင်ဘာ တစ်လ လုံး တရုတ်နယ်စပ်မှတစ်ဆင့် တင်ပို့ခဲ့တဲ့  ပြောင်းတန်ချိန် တစ်သိန်း ရှစ်သောင်း ခန့်ရှိတယ်လို့ သိရပါတယ်။
မော်မော်အောင်

Agency Ministry of Foreign Affairs
Category General