မူဆယ်မှရေထွက်ကုန် တန်ချိန်ရောတန်ဖိုးပါ ပိုမိုတင်ပို့

မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေး ဇုန်မှ ဒီဇင်ဘာ နောက်ဆုံးပတ်တွင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၆၆၄ သန်း တန်ဖိုးရှိ ရေထွက်ကုန် ၁၈၃၀ တန်ကျော်ကို   တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က အမေရိကန် ဒေါ်လာ ၂ ဒသမ ၃၈၇ သန်း တန်ဖိုးရှိ ရေထွက်ကုန် ၁၆၉၅ တန်ကျော် တင်ပို့ခဲ့တဲ့အတွက် ယခု တစ်ပတ်မှာ အမေရိကန်ဒေါ်လာ သုညဒသမ ၂၇၇ သန်း၊ တန်ချိန်အား ဖြင့် ၁၃၅ တန်ကျော် ပိုမိုတင်ပို့ခဲ့ပါ တယ်။
ယခုသီတင်းပတ်မှာ  ငါးရှဉ့်၊ ငါးခြောက်၊ ငါးလေးခြောက်၊ ပုစွန်ဖွဲနဲ့ ကင်းမွန်ခြောက်တို့ လျော့နည်းတင်ပို့ ခဲ့ပေမယ့် ငါးစီဖောင်း၊ ငါးကြင်းစီ ဖောင်း၊ ငါးမြစ်ချင်းစီဖောင်း၊ ငါးမျိုးစုံ၊ ငါးဆားနယ်၊ ငါးပူတင်းအရေခွံခြောက်၊ ပုစွန်ခြောက်နဲ့ ခရုအသားခြောက် ပိုမို တင်ပို့နိုင်ခဲ့တာကြောင့် ယခင်တစ်ပတ် ထက်ရေထွက်ကုန်တန်ချိန်ရော  တန်ဖိုး ပါ ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။
တစ်ဖက်နိုင်ငံ ယွမ်ဈေးအနေဖြင့် ငါးရှဉ့်တစ်တန်ကို ယခင်တစ်ပတ် ဈေးအတိုင်း ယွမ် ၃၁၀ဝဝ ရှိပြီး ကဏန်းတစ်တန်လျှင် ယခင်တစ်ပတ် က ၅၃၃၈၁ ယွမ်ရှိရာမှ ၅၄၂၁၅ ယွမ် သို့ ဈေးထပ်မံမြင့်တက်ခဲ့ကြောင်း၊ ဒီဇင်ဘာလတစ်လလုံးအနေဖြင့် မူဆယ် မှတစ်ဆင့် တရုတ်နိုင်ငံသို့ ရေထွက် ကုန်ပစ္စည်း တန်ချိန်ပေါင်း ၇၅၀ဝ ခန့် တင်ပို့ခဲ့ကြောင်း မူဆယ်ကုန်စည်ဒိုင်မှ သတင်းရရှိပါတယ်။
မော်မော်အောင်

Agency Ministry of Foreign Affairs
Category General