ဈေးကွက်ဝင်ရောက်တာ မကြာသေးတဲ့ ကြက်သွန်နီအသစ် ဈေးအတက်ဘက်Create မှာရှိ

ပြည်(ပွဲရုံ)များတွင် ကြက်သွန်နီအဟောင်းလက်ကျန်မှာ(အသေးစ)သာ လက်ကျန်တွေ့နေရပြီး အရည်အသွေးကောင်းတဲ့ ကြက်သွန်နီအသစ်တွေဝင်ရောက် လာတာတွေ့ရပါတယ်။ ပြည်ပွဲရုံသို့ ယခုတစ်ပတ် ဝင်ရောက်နေတဲ့ ကြက်သွန်နီ အသစ်တွေကတော့ မကွေးတိုင်းအတွင်းမှ စတင်ဝင်ရောက်တဲ့ ကြက်သွန်နီတွေ ဖြစ်ကြောင်းသိရပါတယ်။ အရွယ်အစား၊အရည်အသွေး၊ အရောင်အားလုံး ကောင်း မွန်တာတွေ့ရပါတယ်။ ဈေးနှုန်းကလည်းပေါ်စမှာပင် တစ်ပိဿာ ၅၀ဝကျပ်(လတ်)၊ ၇၅၀ကျပ်(ကြီး)ဈေးတို့ဖြစ်ပြီး ယခုတစ်ပတ်မှာ ကြက်သွန်နီဈေး မြင့်တက်လာတယ် လို့သိရပါတယ်။ တစ်ပတ်အတွင်းမှာနေ့ချင်း၊ညချင်းကြက်သွန်နီဈေး တဖြည်းဖြည်း မြင့်လာပြီး ယခုတစ်ပတ်ရဲ့ ပြည်(ပွဲရုံ) ကြက်သွန်နီ တစ်ပိဿာဈေး (နောက်ဆုံး ဈေးနှုန်း)ကတော့ (ကြီး) ကျပ်၁၀၅၀၊ (လတ်) ကျပ်၉၅၀နှင့် (သေး) ကျပ်၆၅၀ တို့ဖြစ်ပြီး ဒေသတွင်း လက်လီဈေးကွက်မှာတော့ (ကြီး) ကျပ်၁၂၅၀၊ (လတ်) ကျပ် ၁၁၀ဝနှင့် (သေး) ကျပ်၈၀ဝတို့ဖြင့် ရောင်းဝယ်လျက်ရှိပါတယ်။ ဈေးအတက်အကျ မငြိမ်တာကြောင့် အရောင်းအဝယ် ချက်ခြင်း အေးသွားတာလို့သိရပါတယ်။ ပွဲရုံ တွင် တစ်ပတ်အတွင်း အိတ် ၃၀ဝနီးပါးသာ အရောင်းအဝယ်ဖြစ်တော့ကြောင်း သိရပါတယ်။                                   ဝင်းလဲ့ဝါ(ပြည်)

Agency Ministry of Foreign Affairs
Category General