ကသာခရိုင်ထွက် ကျွဲကောသီးများ ဈေးကောင်းရလို့ စီးပွားဖြစ်စိုက်ပျိုး ထုတ်လုပ်သင့်

ကသာခရိုင်အတွင်းရှိ မြို့နယ်များမှာကျွဲကောသီးကို ဥယျာဉ်ခြံကြီးများနဲ့ အများအပြားစိုက်ပျိုးမှုမရှိဘဲ အိမ်ဝင်းခြံဝင်းများမှာတစ်ပိုင်တစ်နိုင်စိုက်ပျိုး ကြတာ တွေ့ရပါ တယ်။ကသာခရိုင်ရဲ့ ရေမြေသဘာဝအရကျွဲကောသီးစိုက် ပျိုးဖြစ်ထွန်းပြီး အလုံးလှအရသာ ကောင်းမွန်ပါတယ်။ နှစ်စဉ်ဒီဇင်ဘာ၊ ဇန်နဝါရီလမှာ ကုန်သည်များ လာရောက်ဝယ်ယူကြပြီး မန္တလေး၊ ရွှေဘို၊ မုံရွာဈေးကွက်သို့ တင်ပို့နေကြောင်း ဈေး ကွက်မှ သိရပါတယ်။ကျွဲကောပင်မှာ နှစ်ရှည်သီးနှံဖြစ် ပြီး ပြည်ပ ပို့ကုန်ဖြစ် တဲ့အတွက်ရေရှည်အကျိုးဖြစ်ထွန်းတဲ့သီးနှံဖြစ်ပါတယ်။ ကျွဲကောပင် သက်တမ်းမှာ ၁၅ နှစ် ဖြစ်ပါတယ်။ စိုက်ပျိုးချိန်မှ ၁၀ နှစ်ဆိုအသီးစသီးပြီး ငါးနှစ်တိုင် အကျိုး ခံစားရမှာ ဖြစ်ပါတယ်။ လက်ရှိဒေသဈေး တစ်လုံး ၅၀ဝကျပ်ရှိပြီးမန္တလေးဈေးကွက်မှာ ၈၀ဝကျပ်မှ ကျပ် ၂၀ဝ၀အထိရောင်းရတယ်လို့ ဈေးကွက်မှသိရပါ တယ်။ ကျွဲကောသီးစားသုံးခြင်းဖြင့် လူ့ခန္ဓာကိုယ်ရဲ့ကျန်းမာရေးကောင်းကျိုး၁၀မျိုးရရှိလို့ လူအများ ကြိုက်နှစ်သက်စွာ စားသုံးကြပါတယ်။ ရေမြေရာသီနဲ့ကိုက် ညီ၊ကုန်ထုတ် လမ်းများလည်းကောင်းမွန်၊ ဈေးကွက်ခိုင်မာပြီးလူကြိုက်များတဲ့သီးနှံဖြစ်လို့ ဥယျာဉ်ခြံများဖြင့် စိုက်ပျိုး ထုတ်လုပ်ပါက အကျိုးဖြစ် ထွန်းနိုင်တယ်လို့ကျွဲကောသီး ကုန် သည်များထံ က သိရပါတယ်။

Agency Ministry of Foreign Affairs
Category General